မုန့်လက်ကောက်ကြော်
မုန့်လက်ကောက်ကြော် တူတူလုပ်စားကြရအောင်
မုန့်လက်ကောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်ပြီး စိတ်ကြိုက်စာသုံးနိုင်အောင် တင်လိုက်ခြင်းဖြစ်ပါသည်။ နေ့လည်စာ အစာပြေအဖြစ် အချိန်တိုအတွင်း တူတူလုပ်စား ကြရအောင်….
ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် – ၁၆၀ဂရမ်
၂။ ဆန်မှုန့် – ၄၀ ဂရမ်
၃။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
၎။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ ၁ပုံ
၅။ ထန်းညက်(မုန့်လုပ်ထန်းညက် အမဲ) – ၆ခု
၆။ ကုလားပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (ပြုတ်ပေးပြီး ပြန်ထောင်းပေးပါ)
မုန့်လက်ကောက်ကြော် ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
၂။ ပြီးမှ ဆိုဒါ၊ ဆား၊ ကုလားပဲ၊ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။
၃။ မုန့်စေးလာလျှင် အရှည်အတုံးလေးများကို လက်ဖြင့်လိမ့်ပြီး အရှည်လိုက်အကွင်းကလေးများ ပြုလုပ်ပါ။
၎။ ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီတော်တော်ပူလာလျှင် အကွင်းလေးများကို အညှိရောင် သန်းလာသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။
၅။ မုန့်ကွင်းများ ကျက်လျှင် ဒယ်ထဲမှ ပြန်ဆယ်ယူထားပါ။
၆။ မုန့်ကွင်းကြော်နေစဉ်အတွင်း ဒယ်အိုးတစ်ခုထဲ ရေတစ်ခွက်ခန့်ထည့်ပြီး ထန်းညက်များကို ထည့်ကျိုပေးပါ။
ရ။ ထန်းညက်ကျိုသည့်ထဲသို့ ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ) ထည့်မွှေပေးပြီး ထန်းညက်ရည် စေးကပ်အောင်သည်အထိ ကျိုပေးပါ။
၈။ ပြီးလျှင် ကြော်ထားသော မုန့်လက်ကောက်ကြော် နှင့် ထန်းညက်ရည်ဖြင့် တွဲဖက် နေ့လည်စာ အစာပြေအဖြစ်စားသုံးနိုင်ပါပြီး.
မှတ်ချက်။ ။  မုန့်လက်ကောက်ကို ထန်းညက်ရည်စိမ်ပြီး စားချင်လျှင် မုန့်လက်ကောက်ကြော်ကို ကြွပ်အောင်ပိုကြော်ပါ။ ပြီးမှ ထန်းညက်ရည် အေးလာလျှင် မုန့်ကို အတန်ကြာစိမ်ထားပြီး စားသုံးနိုင်ပါသည်။
13 comments
  1. Hmone Gyi says:
    sar chin like tar naw a hint ahint…
    • chowutyee says:
      မှုံကြီး ကိုယ်ကလည်း လွယ်တာပဲ လုပ်စားပါ့လား..
  2. Thet Htar says:
    Hinn i lal sar chin tal ,ygn youk tone ka lar ma sar lite tar marr thwar tal 🙁
    • chowutyee says:
      haa, friend, လုပ်စားကြည့်ပါလား လုပ်စားရလွယ်ပါတယ်..း)
  3. ei thet says:
    sar mae naw sis , like it so much…
  4. Sabae says:
    နှမ်းကပ်ကြော်ကိုလဲ ဒီတိုင်းပဲကို ပုံစံပြောင်းပြီး နှမ်းထည့်လိုက်ရင် ရမလား…:)
    • chowutyee says:
      ဟုတ်တယ် အစ်မ.. မကြော်ခင် နှမ်းထည့်ထားတဲ့ ပန်းကန်ထဲ မုန့်လုံးကို နှမ်းအရင်ကပ်ပြီးမှ ကြော်လိုက်ရုံပဲ .. တူတူပါပဲး)
  5. jasmine says:
    အမရေ ပြထားတဲ့နည်းအတိုင်း စမ်းလုပ်ကြည့်တာ…ဆီတွေပေါက်တာ စစ်ပွဲထဲရောက်သလိုခံစားလိုက်ရတယ်…အဲဒါဘယ်လိုလုပ်ရမလဲဟင် ? အဝေးရောက်နေတဲ့မြန်မာမိန်းကလေးတစ်ယောက်အတွက်အမရဲ့ဟင်းချက်နည်းလေးတွေကအိမ်အလွမ်းပြေစေတယ်လေ ….thanks a lot 🙂
    • admin says:
      ဆီပေါက်တာ ဒယ်ထဲ ရေကျန်တာတို့၊ ဇွန်းမှာ ရေကျန်နေတာတို့ကြောင့် ဆီပေါက်တာပါ။ မုန့်လက်ကောက်ကြော်က ဆီမပေါက်ပါဘူး။ ကျေဇူးပါ ညီမရေ.. 🙂
  6. may thwet says:
    ကောက်ညှင်းမှုန့် နဲ့ ဆန်မှုန့် မသုံးပဲ မှုန့်လုံးရေပေါ်အသင့်လုပ်စားလို့ရတဲ့အမှုန့်သုံးရင်ရလား အဲဒါသုံးရင် ဆော်ဒါနဲ့ ကုလားပဲမှုန့်သုံးစရာလိုသေးလား ကျေးဇူးပါနော်
  7. Htoo says:
    Soda means bicarbonate soda or baking powder?
Leave a Reply
Your email address will not be published. Required fields are marked *