Wasabi ပုဇွန်

Wasabi ပုဇွန်

Wasabi ပုဇွန်က ဂျပန်စတိုင် ဟင်းချက်နည်းပါ… Wasabi ပုဇွန်ကို သုံးဆောင်သွားကြပါအုန်းနော်….

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ထုပ် – ၂၀ကျပ်သား (အခွံနွာပြီး အမြီးချန်ထားပါ)

၂။ ကြက်ဥ – ၁လုံး (ခလောက်ပါ)

၃။ potato starch – စားပွဲတင်ဇွန်း ၈ဇွန်း (CityMart ဆိုင်တွင် ၀ယ်နိုင်ပါသည်)

၎။ ဆား- လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၅။ သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၆။ Wasabi – စားပွဲတင်ဇွန်း တ၀က်

၇။ Salad Dressing – စားပွဲတင်ဇွန်း ၅ဇွန်း

၈။ သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ပုဇွန်ထုပ်ကို ကြက်ဥ၊ ဆား၊ သကြား ရောနယ်လိုက်ပါ။

၂။ ပြီးလျှင် potato starch ထည့်ထားသော ပန်းကန်ပြားထဲ နုယ်ထားသော ပုဇွန်များကို လိမ့်လိုက်ပါ။

၃။ ထို့နောက် ဒယ်တစ်ခုထဲ ဆီများများထည့်၍ ပုဇွန်များကို ကြွပ်အောင် နီညှိရောင်သန်းသည် အထိကြော်ပေးပြီး ပြန်ဆယ်ထားပါ။

၎။ ခွက်တစ်ခုထဲ Wasabi, Salad Dressing ၊ သံပရာရည် အားလုံးရောမွှေလိုက်ပါ။

၅။ ကြော်ထားသော ပုဇွန်များကို ရောမွှေထားသော Wasabi ဖြင့် ရောမွှေလိုက်ပါ။

၆။ အရသာ အလွန်ကောင်းမွန်သော Wasabi ပုဇွန်ကို စားသုံးနိုင်ပါပြီး။

17 comments

  1. Hmone Gyi says:

    wow looking so nice…never ate before cool 😉

  2. aye mya theingi says:

    japan ဟင်းတွေ တင်ပေးပါအုံး

  3. aye mya theingi says:

    email subscription lote lo ma ya bu ama

    • chowutyee says:

      အီးမေး subscription လုပ်လို့ မရလို့လား။ ထပ်လုပ်ကြည့်ပါအုန်းနော် connection error ကြောင့် ထင်တယ်… 🙂

  4. Yamone says:

    hello ma wutyee,

    it’s first time to visit you. cooking is also one of my hobby. thanks for ur post. i’m curious what is salad dressing. thank you.

  5. wai wai says:

    salad dressing နဲ့ mayonnaise အတူတူပဲလား သပ်သပ်ဝယ်ရတာလား

    • chowutyee says:

      salad dressing က မရိုနိစ်နဲ့ တူတူပါပဲ။ ဒါပေမယ့် salad dressing က နည်းနည်း ပိုချိုတယ်။ မရိုနစ်ကိုပဲ သကြား၊ ဆားနည်းနည်း ထပ်ထည့်လိုက်ရင် တူတူပါပဲ.. 🙂

  6.့ yin yin swe says:

    ဒံပေါက်ချက်နည်းလေး တင်ပေးလို့ ရမလားနော်။ ဟင်းချက်နည်းတွေသိခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ညီမလေး…

  7. susunaing says:

    ကျေးဇူးတင်ပါတယ်မမ အကင် ယိုးဒယားအစားစားတင်ပေးပါနော်

  8. မမ၀တ်ရည်ရေ…
    တစ်ခုလောက် တောင်းဆိုချင်လို့ပါ… ပုစွန်အစိမ်းသုပ် လုပ်နည်းလေး တင်ပေးပါနော်။ =)

    • admin says:

      ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်နော် sis.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *