ကြက်သား လက်ဖက်ဟင်း

ကြက်သား လက်ဖက်ဟင်း

Tea_Leave_Chicken6

ကြက်သားကို လက်ဖက်ရွက်ကို ပြုတ်ပြီ ရတဲ့ အရည်နဲ့ ချက်ထားတာမို့ လက်ဖက်နံ့လေး သင်းနေပါတယ်။ အရသာက အီ၊ ချဉ်၊ စိမ့်စိမ့်လေးနဲ့ တမူထူးခြား ကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄ခု (အရေခွံဖယ်ပြီ ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ခရင်မ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပရာရည် – လက်ဖက်ရည်ဇွန်း တ၀က်
  • ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
  • ပူစီနံ – အလှဆင်ရန်

လက်ဖက်ရွက်ပြုတ်ရန် ပါဝင်ပစ္စည်းများ

  • လက်ဖက်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • စပါးလင် – ၁ခု (ပါးပါးလှီးပါ)
  • သစ်ဂျပိုး – ၁ခု
  • ပူစီနံ – ၃ခု (ပါးပါးလှီးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • သံပရာရည် – လက်ဖက်ရည်ဇွန်း တ၀က်
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ၁လီတာ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (လက်ဖက်ခြောက်၊ စပါးလင်၊ သစ်ဂျပိုး၊ ပူစီနံ၊ ဂျင်း၊ သံပရာရည်၊ ပျားရည်) တို့ကို ထည့်ထားပါ။

Tea_Leave_Chicken

၂။ ထို့နောက် ဒယ်အိုးထဲ ရေ(၁လီတာ) ထည့်ပြီ ဆူလာလျှင် လက်ဖက်ခြောက် ခွက်ထဲမှ လောင်းထည့်ပြီ ၂မိနစ်ခန့် ပြုတ်ထားပေးပါ။

၃။ ပြီနောက် ဇကာဖြင့် လက်ဖက်ခြောက်ရည်များကို စစ်ပေးပါ။

Tea_Leave_Chicken1

၎။ ပြီလျှင် ကြက်သား လက်ဖက်ဟင်းကို စချက်ပါတော့မည်။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၅။ ထို့နောက် ကြက်သား ထည့်ပေးပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၆။ ကြက်သား အရောင်ရလျှင် လက်ဖက်ခြောက်ရည် တ၀က်ကို လောင်းထည့်လိုက်ပြီ ၊ ဆား၊ ငရုတ်ကောင်းမှုန့် ထည့်ကာ အဖုံးအုပ်ပြီ ဆီပြန်သည်အထိ တည်ထားပေးပါ။

ရ။ ဆီပြန်လာလျှင် ကျန် လက်ဖက်ခြောက်ရည် ၃ပုံ၁ပုံ ထပ်ထည့်ပြီ ထပ်တည်ထားပါ။

၈။ ကြက်သားနူပြီဆိုလျှင် အပေါ်က သံပရာရည်ထည့်၊ ရှောက်ရွက်၊ ပူစီနံအုပ်ပြီ အပေါ်မှ ခရင်မ်ရည်များ လောင်းချလိုက်ပါ။

၉။ အရသာရှိတဲ့ ကြက်သား လက်ဖက်ဟင်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Tea_Leave_Chicken6

5 comments

  1. seng says:

    ချက်က လွယ်ပြီး အရသာ ရှိမဲ့ပုံပဲ အမ…
    အမ Cream ကဘယ်လိုအမျိုးအစားသုံးရမှာလဲဟင်..
    မသိလို့ပါ… ကျေးဇူးပါ…

  2. ehshee says:

    Its look good n sooooo interesting. Thanks ma

  3. kkh says:

    မမ အာလူးကြော်နည်းလေးမတင်ပေးတော့ဘူးလား
    အားလူးကြော်ပြီးသွားရင်ပြန်မပျော့သွားအောင် အခွံဖောင်းဖောင်းကြွပ်ကြွပ်လေး
    ဖြစ်နေအောင် ဘယ်လိုလုပ်ရတာပါလဲ
    တချို့ကတော့ သကြားရည်ဖြန်းရတယ်တဲ့
    အဲဒီအကြောင်းလေးနည်းနည်းပိုသိချင်လို့ postတင်ရတာအခက်အခဲရှိလို့ဆိုရင်လည်း[email protected] ကိုပို့ပေးပါလား အပန်းမကြီးရင်ပေါ့

  4. Ei says:

    ညီမရေ. . .
    သုံးရမယ့် Cream အမျိုးအစားလေး သိချင်ပါတယ်။ ထူးထူးဆန်းဆန်းလေးတွေ တင်ပေးလို့ ကျေးဇူးပါ။

  5. Aung Kyaw Tun says:

    စားကောင်းမယ်ပုံဘဲနော်

Leave a Reply

Your email address will not be published. Required fields are marked *