ဝက်သားလုံး ချိုချဉ်ကြော်

ဝက်သားလုံး ချိုချဉ်ကြော်

Pork_Sweet&Sour8

တရုတ်စတိုင် ၀က်သားလုံး ချိုချဉ်ကြော် လုပ်နည်းလေးပါ။ အရင်ဆုံး ၀က်သားလုံးကို ဂျုံ၊ ကြက်ဥ၊ ပါမုန့်ခြောက် ကပ်ပြီ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်ထားပြီမှ ဟင်းရွက်စုံ နဲ့ ချိုချဉ်ကြော်ထားတာပါ။ အရသာကလည်း အရမ်းစားကောင်းပြီ လုပ်လည်း လွယ်တာမို့ ခုပဲ တူတူ လုပ်နည်းလေး ကြည့်ရအောင်…

ဟင်းရွက်စုံမှာ ပါဝင်ပစ္စည်းများ

  • ၀က်သားလုံး
  • မုန်လာဥနီ – ဥသေး ၁ဥ (ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)

  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
  • ပြောင်းဖူးသေး – ၆ခု (ထပ်ခြမ်းခြမ်းပေးပါ)
  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပေးပါ)
  • ရွှေပဲ – ၁၀ခု (အညှာချွေ)
  • ငုန်းဥ – ၅လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
  • ကြက်သွန်မြိတ် – တ၀က် (ပါးပါးလှီးပါ)

Pork_Sweet&Sour1

ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ

ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ ဆော့တွင် ပါဝင်ပစ္စည်းများကို သကြားအရေပျော်သည်အထိ ရောမွှေထားပါ။

ဝက်သားလုံး ကြော်နည်း

၁။ အရင်ဆုံး ၀က်သားလုံးကြော် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် နုယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။

Pork_Sweet&Sour2

၃။ ပြီမှ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံကပ်ပေးပါ။

၎။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။

Pork_Sweet&Sour3

၅။ ဒယ်ထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

Pork_Sweet&Sour4

၆။ ၀က်သားလုံးကြော် ရပြီဆိုလျှင် ချိုချဉ်ကြော် စကြော်ပါမည်။

ရ။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၈။ ပြီနောက် မုန်လာဥနီ၊ ရွှေပဲ၊ ပန်းကော်ဖီ၊ ပြောင်းဖူးသေး၊ ငရုတ်သီးပွစိမ်း၊ ရေ(၁ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။

၉။ ဆူလာလျှင် ဆော့ရည်ကို လောင်းထည့်လိုက်ပါ။ ပြီနောက် ၀က်သားလုံး၊ ခရမ်းချဉ်သီး၊ ငုန်းဥ တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် ထပ်တည်ပေးပါ။

၁၀။ ပြီလျှင် နှမ်းဆီ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သွန်မြိတ် ဖြူးပေးပြီ ကော်ရည် လောင်းထည့်လိုက်ပါ။

Pork_Sweet&Sour5

၁၁။ အရသာရှိသော ၀က်သားလုံး၊ ဟင်းရွက်စုံ ချိုချဉ်ကြော်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Pork_Sweet&Sour8

 

 

 

15 comments

  1. ehshee says:

    I’m like it. Thanks for posting each menu.

  2. hmone gyi says:

    look very yummy and will try it sometimes 😀

  3. Jill says:

    Many thanks for someone who misses food from home.

  4. jasmine says:

    ကျေးဇူးတင်ပါတယ်ရှင် ၀က်သားမစားတဲ့အတွက် ကြက်သားနဲ့အစားထိုးပြီးအစမ်းကြော်ကြည့်ပါ့မယ်

  5. tinnwet.win says:

    Thanks for new menu my sis, u are very clever housewife.

  6. ehshee says:

    မဝတ်ရည်ရှင့် ကျေးဇူးပြု၍ သရက်သီးသနပ်ပြုလုပ်နည်းလေးတင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျှက်ပါ……

  7. witt yi win says:

    I like it.Thanks for your post!

  8. maythwe says:

    အစ်မ တင်ထားတဲ့ဟင်းတွေအကုန်လုံးကတော့ရှယ်တွေကြီးဘဲအစ်မရေ ရှမ်းချဉ်လုပ်နည်းလေးလည်းသိရင်မျှဝေပေးပါဦး အဖေကအရမ်းကြိုက်တက်လို့ readymade တွေကကျန်းမာရေးအတွက်မကောင်းဘူးလို့ပြောကြလို့လေ အားလုံးအတွက်ကျေးဇူးတင်လျှက်ပါ။

  9. khinmoemoekyi says:

    I Iike it

  10. ခင်သစ်သစ်ဦး says:

    ပါမှုန့်ခြောက်လား ပေါင်မှုန့်ခြောက်လား ဘယ်လိုပြောဝယ်ရတာလဲဟင်

  11. Andrea Phillip says:

    Thanks a lot . It helps my time in the kitchen.

  12. Nay Aung Soe says:

    ဆိုင်​​တွေမှာ​ရောင်းတဲ့ကြက်​သားလုံး​ကဂျုံများများနဲ့အသားနည်းနည်း​ကြော်​တာစားဖူးတယ်​ဗျ…အဲ့လိုဆိုရင်​ဘယ်​လိုလုပ်​ရမလဲ..

  13. Khin Thida Kyaw says:

    Sis I am your one of funs. There is a thing I m confused about tapioca starch and corn starch. Which one should I use in this sweet and sour pork balls dishes and any others as a starchy agent? I am always confused about it. It ll be really appreciated if you response my letter. Thanks
    Khin Thida Kyaw

  14. မေသူ၇ိန် says:

    thank you ma

Leave a Reply

Your email address will not be published. Required fields are marked *