တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်

တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်

Grill_ChickenwithWaterMelonSalad3

တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်လေးပါ။ ကြက်သားကို တာရီယာကီဆော့နဲ့ ၁နာရီလောက်နုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူညံ့ပါတယ်။ ဖရဲသားကို ချိုချဉ်လေး သုပ်ထားတာမို့ တမူထူးခြားပြီ ကြက်သားကင်နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

တာရီယာကီ ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး – ၄၀၀ ဂရမ်
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

  • ကြက်သွန်ဖြူ – ၂မွှာ (ခပ်ညက်ညက်ထောင်းပါ)
  • ဆန်ဝိုင် – ခွက် တ၀က် (၁၀၀မီလီလီတာ)

ဖရဲသီးသုပ်တွင် ပါဝင်ပစ္စည်းများ

  • ဖရဲသီး – ၂ခွက် (အစေ့ထုတ်ပြီ အနေတော် အတုံးများ တုံးထားပါ)
  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
  • သံပရာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း တ၀က် (ပါးပါးလှီးပါ)

ချက်နည်း

၁။ ခွက်တစ်ခုထဲတွင် တာရီယာကီဆော့အတွက် (ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကြက်သွန်ဖြူ)တို့ကို သမအောင် ရောမွှေပါ။

၂။ ပြီလျှင် (ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး) တို့ကို တာရီယာကီဆော့ဖြင့် ရောနုယ်ပြီ ၁နာရီခန့် နုပ်ထားပေးပါ။

Grill_ChickenwithWaterMelonSalad1

၃။ နုပ်ထားစဉ် ဖရဲသီးသုပ်ကို ပြုလုပ်မည်။ ဇောက်ခွက်တစ်ခုထဲ (ဖရဲသီး၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောမွှေထားပါ။

Grill_ChickenwithWaterMelonSalad2

၎။ ပြီလျှင် ဒယ်ထဲ တာရီယာကီဆော့တ၀က်ကို ထည့်ပြီ မီးနည်းနည်းဖြင့် ကြက်သားများကို နီညှိရောင်သန်းသည်အထိ Pan-Grill ကင်ပေးပါ။

၅။ တာရီယာကီကြက်သားကင် နှင့် ဖရဲသီးသုပ်ကို တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Grill_ChickenwithWaterMelonSalad3

 

2 comments

  1. ma Sandar says:

    thanks…..

  2. Yuzana Ko Ko says:

    အမ ဝတ်ရည် ရှင့်…… အိမ်မှာ လုပ်စားတာ အရသာတော့ ရှိတယ်။ ပဲငံပြာရည်(အနောက်) နည်းနည်း မှားထည့်မိလိုက်လို့လားမသိဘူး နည်းနည်းလေးငံသွားတယ်။ အသားကတော့ Pan-Grill လုပ်တာမို့လားမသိဘူး မာတယ်နော်။ အဲ့လိုပဲ အသားက မာတာလားဟင်။ ဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့တစ်ပတ်က ဒီ တာရီယာကီ ကြက်သားကို မှာစားတာ အသားက နူးနူးညံ့ညံ့လေးဖြစ်နေတယ်။ အမ ဝတ်ရည်ရဲ့ အညွှန်းအတိုင်း ချက်တာမှာ ဆိုင်ကအရသာနဲ့ အတူတူပဲကျပါတယ်။ အသားနူးနူးလိုချင်ရင် ဘယ်လိုများလုပ်လို့ရနိုင်မလဲရှင့်။

    ကျေးဇူးတင်ပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *