ကြက်သား ကညွတ်ကြော် မွှေးမွှေးလေး

ကြက်သား ကညွတ်ကြော် မွှေးမွှေးလေး

ကြက်သား ကညွတ်ကြော်သည် အနောက်တိုင်း စတိုင်ချက်နည်းဖြစ်ပါသည်။ ကညွတ်ကြိုက်သော သူများနှစ်သက်မည့် ဟင်းလျာတစ်ခုဖြစ်ပါသည်။ မြည်းစမ်းသွားကြပါနော်..

ပါဝင်သောပစ္စည်းများ

၁။ ကြက်ပေါင်သား – ၅ခု (တ၀က်ဝက်လိုက်ပါ)

၂။ ကညွတ် – တစ်စည်း (၃ပိုင်းပိုင်းပေးပါ၊ ရင့်သောအပိုင်းများ မထည့်ပါနှင့်)

၃။ ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း

၎။ mustard – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၅။ သံပရာသီး – တ၀က် (ညှစ်ထည့်ပါ)

၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၇။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၈။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း(မညက်တညက် ထောင်းပေးပါ)

၉။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၁၀။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ကြက်ပေါင်များကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) ဖြင့် ရောနုယ်လိုက်ပါ။

၂။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီး ကြက်ပေါင်များကို အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။

၃။ ပြီးလျှင် ကြက်ပေါင်များကို Oven ထဲထည့်၍ အပူချိန် ၂၀၀ဒီဂရီဖြင့် မိနစ် ၃၀ခန့် ဖုတ်ပေးပါ။

၎။ ဖုတ်နေစဉ်အတွင်း ကညွတ်များကို ရေနွေးဖြင့် ၅မိနစ်ခန့် ပြုတ်ပေးပါ။ ပြုတ်ပြီးလျှင် ရေအေးဖြင့် ပြန်စိမ်ထားပါ။

၎။ ကြက်ပေါင်များ ဖုတ်ပြီးလျှင် Oven ထဲမှပြန်ထုတ်လိုက်ပါ။

၅။ ပြီးမှ ဒယ်ထဲ ကျန်သော ထောပတ်များထည့်ပြီး ကညွတ်များကို ထည့်ကြော်ပေးပါ။

၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

ရ။ ပြီးလျှင်  mustard ၊ သံပရာရည်၊  တို့ကို ထည့်မွှေပေးပါ။

၈။ နောက်မှ ခရုဆီ၊ ထောင်းထားသော ပုဇွန်ခြောက်ထည့်လိုက်ပါ။

၉။ အရသာ အနေတော်လျှင် ဖုတ်ထားသော ကြက်ပေါင်များ ထည့်ရောမွှေလိုက်ပါ။

၁၀။ အသင့်စားနိုင်သော ကြက်သား ကညွတ်ကြော်ကို စားသုံးနိင်ပါပြီး…..

3 comments

  1. Hmone Gyi says:

    looking yummy 😉

  2. hinn ei aung says:

    အမက လူလေးကလဲ ချစ်စ၇ာလေးချက်တဲ.ဟင်းတွေက လည်း အ၇မ်းပဲ ကောင်တယ်နော် ပို.စ်လေးတွေအတွက်ကျေဇူးပဲနော်

Leave a Reply

Your email address will not be published. Required fields are marked *