Adobo ကြက်သား ငရုတ်ကောင်းဟင်း

Adobo ကြက်သား ငရုတ်ကောင်းဟင်း

Chicken_Adobo6

ဖိလိပိုင်မှာ နံမည်ကြီးတဲ့ Adobo ချက်နည်းပါ။ ကြက်သား၊ ၀က်သား စသည်ကို ဗီနီကာ၊ ပဲငံပြာရည်၊ ငရုတ်ကောင်းတို့ဖြင့် နုပ်ထားပြီမှ ချက်ရတာပါ။ လုပ်ရလွယ်ပြီ စားလို့ ကောင်းတာမို့ တူတူ ချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၄၅၀ ဂရမ် (၂၈ ကျပ်သား)
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

  • ကြက်သွန်ဖြူ – ၃မွှာ (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း တ၀က် (တ၀က်ကို မညက်တညက်ထောင်းပါ)
  • ကလဝေရွက် – ၂ရွက်
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

ချက်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန် တစ်ခုထဲ ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့၊ ကလဝေရွက်၊ သကြား) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

Chicken_Adobo1

၂။ ပြီနောက် ရောနုယ်ထားသော ကြက်သားများကို ရေခဲသေတ္တာ(အောက်ထပ်)တွင် ထည့်ပြီ အနည်းဆုံး ၁နာရီခန့် နုပ်ထားပေးပါ။

၃။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် နုပ်ထားသော ကြက်သားထည့် အရောင်ရအောင် ၁မိနစ်ခန့် လုံးချက်။

၎။ ပြီမှ ရေ(၁ခွက်ထည့်)ပြီ ဆူအောင် တည်ထားပါ။ ကြက်သားနူအိအောင် နောက်ထပ် ၂ရည်လောက် ထည့်ပေးပါ။

Chicken_Adobo2

၅။ ဆီပြန်လာလျှင် Adobo ကြက်သား ငရုတ်ကောင်းဟင်းကို အရသာရှိစွာ ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ..

Chicken_Adobo6

———————————————————————————————————

12 comments

  1. cyclone says:

    အမရေ. android app လေးလုပ်ပါလား phone ထဲကလဲ ကြည်.ချင်ပါတယ် ကျွှန်တော်လဲ chef တစ်ယောက်ပါ အမြဲ လေ့လာမှတ်သား နေပါတယ် thank u

  2. ma Sandar says:

    thanks

  3. Jill says:

    I can see that the KALAWAY leaves that are used in the recipe is not the same as the bay leaves in the UK. Can you take a photo of the leaves that are used in this recipe and if possible the English/Botanical name for it please.

    Also I forgot what Shan nan nan is called in English/Botanical name. Can you help?
    I like to ask the shop keepers to find them for me.
    Thank you again
    Jill

  4. I really like your blog.. very nice colors & theme. Did you design this
    website yourself or did you hire someone to do it for you?
    Plz reply as I’m looking to create my own blog and would like to find out where u got
    this from. kudos

  5. khin thiri win says:

    အရမ်းကောင်းပါတယ် ကျေးဇူးပါ

  6. Jill says:

    Thank you for the photos and for the name of Shan nan nan.
    You are kind.
    Jill

  7. Theint says:

    မဝတ်ရည်ကို သိပ်အားကျတာပဲ။ အမြဲအားပေးနေမယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *