ဝက်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)

ဝက်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)

Pork_Corden_Blue7

အနောက်တိုင်းစတိုင် ၀က်သား၊ ချိစ်အစာသွပ် အကြွပ်ကြော် (Pork Cordon Bleu)။ အသားထဲကို ချိစ်၊ ဟမ်၊ ဘေကွန် စသည်တို့ကို အစာသွပ်ကာ ပါမုန့်ခြောက်ကပ်ပြီ ကြော်ရင်ပဲဖြစ်ဖြစ်၊ oven နှင့် ဖုတ်ရင်ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ cordon bleu ကိုပဲ  chicken cordon bleu၊ veal cordon bleu၊ ham cordon bleu၊ pork cordon bleu အမျိုးမျိုးရှိသည်။ စားလို့ကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

  • ၀က်သား(အသား) – ၂၀ ကျပ်သား (၃၂၀ ဂရမ်)
  • Mozzarella ချိစ် – ၂ချပ်
  • ခရမ်းချဉ်သီး – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • Oregano – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (အနောက်တိုင်း အမွှေးအကြိုင်)
  • ဂျုံမှုန့် – ၄၀ဂရမ်
  • ပါမုန့်ခြောက် (Breadcrumb) – ၁ခွက်
  • ကြက်ဥ – ၂လုံး (ခလောက်ပေးပါ)

ချက်ပြုတ်နည်း

၁။ ၀က်သားကို ပါးပါး အပြားကြီးကြီး ၂ချက်လှီးလိုက်ပါ။

Pork_Corden_Blue

၂။ ပြီးလျှင် ၀က်သားပြား တစ်ခုကို Plastic Wraper (ပလက်စတစ် စက္ကူ) ဖြင့်အုပ်ပြီး အသားထုတဲ့ (Hammer) ဖြင့်အသားပြားပြီး ညီသွားအောင် ခပ်နာနာလေး ထုပေးပါ။

၃။ ပြီးနောက် ၀က်သားပြား ပေါ်သို့ ဆား၊ ငရုတ်ကောင်းမှုန့်၊ Oregano များကိုဖြူးပေးပါ။

၎။ ထို့နောက် ၀က်သားပြားအလယ်မှာ ချိစ် ၁ပြားထည့်ပေးပါ။

၅။ ပြီမှ ဘေကွန်(သို့) ခရမ်းချဉ်သီး တင်၊ အပေါ်မှ ချိစ်၁ပြားထပ်တင်ပေးပါ။

Pork_Corden_Blue1

၆။ ပြီနောက် ၀က်သားကို စတုဂံပုံခေါက်လိုက်ပြီ သွားကြားထိုးတံဖြင့် ၀က်သားကို ဘေးနှစ်ဖက်ကို ပိတ်လိုက်ပါ။

Pork_Corden_Blue2

ရ။ ပြီလျှင် ၀က်သားကို ဂျုံကပ်ပေးပြီ ကြက်ဥခွက်ထဲ စိမ်ပေးပါ။

Pork_Corden_Blue3

၈။ အစာသွပ်ထားသော ၀က်သားကို ပါမုန့်ခြောက်များဖြင့် လိမ့်လိုက်ပါ။

Pork_Corden_Blue4

၉။ ထို့နည်းအတိုင်း နောက် ၀က်သားကို အစာသွပ်ပေးပါ။

၁၀။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ၀က်သား၊ ချိစ် အစာသွပ်များကို နီညှိရောင်သန်းလာသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၁၁။ ပြီနောက် ၀က်သား၊ ချိစ်အစာသွပ် အကြွပ်ကြော်ကို ပြန်ဆယ်ပေးထားပါ။

၁၂။ ၀က်သား၊ ချိစ်အစာသွပ် အကြွပ်ကြော်ရပြီဆိုလျှင် ထပ်ခြမ်းခြမ်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Pork_Corden_Blue7

မှတ်ချက် ။ ။ ကြော်ပြီလျှင် ၀က်သားအစာသွပ်တွင် ထိုးထားသော သွားကြာထိုးတံများ ပြန်ဖယ်ပေးပါ။

 

3 comments

  1. ma Sandar says:

    thanks

  2. Min Khant says:

    Oregano ကို ဘယ်မှာ ဝယ်လို့ရနိုင်လဲဗျ

Leave a Reply

Your email address will not be published. Required fields are marked *