ဘေကွန် အာလူးသုပ်

ဘေကွန် အာလူးသုပ်

bacon_potato_salad1

ဘေကွန် အာလူးသုပ်လေးပါ။ အရသာ ချိုစိမ့်တဲ့ ဘေကွန် အာလူး ဆလတ်သုပ်ပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၄လုံး
  • ဘေကွန် – ၄ခု

  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာကာ အ၀ိုင်းလှီးပါ)
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • မရိုနိစ် – ခွက်တ၀က်
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

ပြင်ဆင်နည်း

၁။ ဒယ်အိုး ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ အာလူးများကို ထည့်ကာ နူအိအောင်အထိ ၁၅မိနစ်ခန့် တည်ထားပေးပါ။

၃။ အာလူးရပြီဆိုလျှင် အခွံနွှာပြီ အ၀ိုင်းလှီးပါ။

၎။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ဘေကွန်များကို ကြော်ပေးကာ အတုံးသေးများ တုံးထားပါ။

bacon_potato_salad

သုပ်နည်း

၁။ ဆော့ရည်အတွက် ပန်းကန်လုံးထဲ (မရိုနိစ်၊ ရှာလကာရည်၊ သကြား) တို့ကို သမအောင် ရောမွှေထားပါ။

၂။ ပြီနောက်ဇောက်ပန်းကန်ထဲ (အာလူး၊ ဘေကွန်၊ ကြက်ဥ) တို့ကို ထည့်ပေးပါ။

၃။ ပြီလျှင် အပေါ်မှ ဆော့ရည်ဆမ်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူးကာ သမအောင်ရောမွှေလိုက်ပါ။

၎။ အရသာ ကောင်းမွန်သည့် ဘေကွန် အာလူးသုပ်ကို သုံးဆောင်နိုင်ပါပြီ…

bacon_potato_salad1

—————————————————————————————–

One comment

  1. Iris says:

    Where can I get your recipe. InEnglish.

Leave a Reply

Your email address will not be published. Required fields are marked *