ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲ

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲ

Wonton_Noodle_Soup8

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲပြုတ်ပါ။ ဖက်ထုပ်ထဲ ၀က်သား၊ ပုဇွန် အစာသွပ်ထားတာပါ။ လုပ်ရလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ခေါက်ဆွဲ ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ ခေါက်ဆွဲ – ၂၀၀ ဂရမ်
  • ၀က်အရိုး – ၄၅၀ ဂရမ်
  • ငါးရံ့ခြောက်(သို့)ငါးတူနီခြောက် – ၅၀ ဂရမ်

  • ဂျင်း – လတ်တဆစ် (ပါးပါးလှီးပါ)
  • ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဖက်ထုပ်အတွက် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၁၀၀ ဂရမ် (နှုတ်နှုတ်စင်းထားပါ)
  • ပုဇွန် – ၁၀၀ ဂရမ် (နှုတ်နှုတ်စင်းထားပါ)
  • ဖက်ရွက် – အရွက် ၂၀
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စင်းပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်အိုးကြီးတစ်ခုထဲ (ရေ၂လီတာ)ထည့်ပြီ ၀က်အရိုး၊ ငါးခြောက်၊ ဂျင်းတို့ကို ၁နာရီခန့် ပြုတ်ထားပေးပါ။

၂။ ပြီလျှင် ခွက်တစ်ခုထဲ ဖက်ထုပ်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော(၀က်သား၊ ပုဇွန်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

Wonton_Noodle_Soup

၃။ ပြီနောက် ဖက်ရွက်တစ်ခုထဲ အစာ(စားပွဲတင်ဇွန်း ၁ဇွန်း) အစာသွပ်ပေးပါ။

Wonton_Noodle_Soup1

၎။ ပြီလျှင် ဖက်ရွက် ဘေးပတ်ပတ်လည်ကို ရေသုတ်ပြီ ထပ်ခြမ်း တြိဂံပုံ ခေါက်လိုက်ပါ။

Wonton_Noodle_Soup2

၅။ ပြီနောက် ဘေးအစွန်နှစ်ဖက်ကို ရေစွပ်ကာ ပုံတွင်ပါသည့်အတိုင်း ပြုလုပ်ပါ။

Wonton_Noodle_Soup3

၆။ ထိုနည်းအတိုင်း ကျန်ဖက်ထုပ်များကို ပြုလုပ်ပါ။

Wonton_Noodle_Soup4

ချက်ပြုတ်နည်း

၁။ ၀က်သားပြုတ်ရည် ရပြီဆိုလျှင် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို အရသာ အတွက်ထည့်ပေးပါ။

၂။ ပြီလျှင် ပြုတ်ရည်ထဲ ဖက်ထုပ်များကို ထည့်ပြုတ်ပေးပါ။ ဖက်ထုပ်များ ပြုတ်ရည်ပေါ် ပေါ်လာလျှင် ကျက်ပါပြီ။

Wonton_Noodle_Soup6

၃။ ပြီနောက် ခေါက်ဆွဲများကို ဒယ်ထဲ တစ်ခုထဲ ရေထည့်ပြီ ခေါက်ဆွဲများ ကျက်သည်အထိ ၃-၄မိနစ်ခန့် တည်ထားပါ။ ပြီမှ ဇကာဖြင့် ပြန်ဆယ်ထားပါ။

Wonton_Noodle_Soup5

၎။ ပန်းကန်လုံးထဲ ကြက်ဥခေါက်ဆွဲ၊ ဖက်ထုပ်ပြုတ်၊ မုန့်ညှင်းထည့်ပေးပါ။

Wonton_Noodle_Soup7

၅။ ပြီမှ ပြုတ်ရည်များ လောင်းထည့်လိုက်ပြီ အ၇သာရှိသော ဖက်ထုပ်ခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ…

Wonton_Noodle_Soup8

3 comments

  1. thaw tar says:

    Thank you so much

  2. su mon says:

    ဖက်ထုပ်ဖက်လုပ်နည်းလည်းတင်ပေးပါအုံးအစ်မ

Leave a Reply

Your email address will not be published. Required fields are marked *