ကန်တုံစတိုင် ၀က်သားကင်

ကန်တုံစတိုင် ၀က်သားကင်

Cantonese_Pork_Grill3

ကန်တုံစတိုင် ၀က်သားကင်လုပ်နည်းပါ။ street food အနေနဲ့ရော၊ စားသောက်ဆိုင်ကြီးတွေမှာပဲ တရုတ်ပြည်မှာ ရောင်းချကြပါတယ်။ ၀က်သားကို ပျားရည်၊ ပဲငံပြာရည်၊ ဆန်ဝိုင်တို့နဲ့ နုပ်ပြီ ကင်ထားတာမို့ အရသာက ချိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်….

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၄၀၀ ဂရမ် (အသားသီးသန့်၊ အတုံးကြီး ၂တုံး)
  • ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း

  • Hoisin ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း (Super market တွင် မေးဝယ်နိုင်သည်)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • အနီရောင်ဆိုးဆေး(အရည်) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ (optional)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ပျားရည်၊ Hoisin ဆော့၊ ပဲငံပြာရည်၊ သကြား၊ ဆန်ဝိုင်၊ အနီရောင်ဆိုးဆေး၊ ကြက်သွန်ဖြူ၊ နှမ်းဆီ) တို့ကို သမအောင် ရောမွှေလိုက်ပါ။

Cantonese_Pork_Grill

၂။ ပြီနောက်ဝက်သားပေါ်သို့ ရောမွှေထားသော ဆော့ရည်များကို လောင်းထည့်လိုက်ပြီ ရေခဲသေတ္တာ(အောက်ထပ်)တွင် ၆နာရီခန့် နုပ်ထားပေးပါ။

Cantonese_Pork_Grill1

၃။ ၀က်သားများကို နုပ်ထားပြီလျှင် စကင်လို့ရပါပြီ။ မကင်ခင် မီးကင်ပြားကို ဆီသုပ်ပေးထားပါ။ (သို့) oven ဖြင့် ကင်နိုင်သည်။

၎။ ၀က်သားများကို တဖက် မိနစ် ၂၀နှုန်းဖြင့် မိနစ် ၄၀ခန့် ကင်ပေးပါ။ ကင်နေစဉ် ဆော့ရည်များကို သုပ်ပေးပါ။

၅။ ကင်ပြီလျှင် ၀က်သားများကို ခေတ္တအအေးခံပြီ ဓားဖြင့် လှီးပေးပါ။

Cantonese_Pork_Grill2

၆။ ပြီနောက် အပေါ်မှ(ပျားရည်၊ ပဲငံပြာရည်(အကြည်)) စားပွဲတင်ဇွန်း ၁ဇွန်းစီရောမွှေပြီ ၀က်သားကင်ပေါ်မှ ဆမ်းပေးပါ။

ရ။ အရသာရှိသော ကန်တုံစတိုင် ၀က်သားကင်ကို ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Cantonese_Pork_Grill3

8 comments

  1. Maung Maung says:

    Where can I buy rice wine?

  2. Ko min thu says:

    အစ်မရေ ရှယ်ပဲ ကျေးဇူးပဲဗျာ (၆)နာရီတောင်နပ် ရ မှာ ဆိုတော့ သိပ်တော့ စိတ်မရှည်ခြင်ဘူးဗျာ

    • admin says:

      အချိန်မရရင် ၁နာရီလောက်ပဲ နုပ်ပြီ ချက်ရင်ရပါတယ်.. 🙂

  3. Thin Thin Myat says:

    Thank you so much for your sharing.

  4. Ko min thu says:

    မွှေးပြီးတော်တော် စားလို့ကောင်းမှာ ပဲ လုပ်ရတာ လည်းသိပ်မခက်ဘူးနော် ကျေးဇူးပါ အစ်မ

Leave a Reply

Your email address will not be published. Required fields are marked *