ဂျင်းဆင်း ကြက်ပေါင်း

ဂျင်းဆင်း ကြက်ကောင်လုံး စွပ်ပြုတ်

Chicken_Ginseng3

ဂျင်းဆင်း ကြက်ကောင်လုံး ဟင်းချိုပါ။ ရှေးခေတ်ကတည်းက ဂျင်းဆင်းက ခွန်အားတိုးစေတာမို့၊ အမြတ်တနိုးထားပြီ သုံးဆောင်ကြပါတယ်။ ကြက်ကောင်လုံးနဲ့ ဂျင်းဆင်း ဟင်းချိုကို တရုတ်နဲ့ ကိုရီယားမှာ လူကြိုက်များပါတယ်။ ခုဆိုရင် ဂျင်းဆင်းကို Supermarket တွေမှာ အလွယ်တကူ ၀ယ်နိုင်ပြီမို့၊ ဂျင်းဆင်းနဲ့ ကြက်ကောင်လုံး စွတ်ပြုတ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက် – ၁ကောင် (၁၁၀၀ ဂရမ်)
  • ဂျင်းဆင်း – ၁၀ ဂရမ်
  • ဆီသီးအနီခြောက် – ၅ခု (အစေ့လွတ်)

  • ဂျင်းနု – ၅ပြား
  • Wolfberry – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ရေ – ၂လီတာ

Chicken_Ginseng

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(၂လီတာ)ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ပြီနောက် ဆူလာလျှင် ကြက်ကောင်လုံးကို ၁မိနစ်ခန့် ထည့်ပြုတ်ပေးပြီ ပြန်ဆယ်ထားပါ။

Chicken_Ginseng1

၃။ ပြီလျှင် slowcooker(သို့) ဒယ်အိုးထဲ (ကြက်ကောင်လုံး၊ ရေ(၂လီတာ)၊ ဂျင်းဆင်း၊ ဆီသီးအနီခြောက်၊ ဂျင်းနု၊ Wolfberry) တို့ကို ထည့်ပြီ အဖုံးအုပ်ကာ ၂နာရီခန့် မီးနည်းနည်းဖြင့် တည်ထားပေးပါ။

မှတ်ချက်။ ။ ပြုတ်နေစဉ်အတွင်း ဆားမထည့်ရပါ။

Chicken_Ginseng2

၎။ ၂နာရီကြာတည်ပြီမှ မီးပိတ်ပြီ ဆား၊ ကြက်သားမှုန့်တို့ ထည့်ရောမွှေပေးပါ။

၅။ အရသာရှိသော ဂျင်းဆင်း ကြက်ကောင်လုံး စွတ်ပြုတ်ကို ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ…

Chicken_Ginseng3

5 comments

  1. jasmine says:

    အရင်ကလုပ်စားဖူးတာ ဆားတခါထဲထဲ့လိုက်တယ် မသိလို့
    နောက်တခါကျရင် ဒီနည်းလေးအတိုင်းလုပ်စားမယ်နော်

  2.့ htet htet says:

    ကြက်သားကအတွင်းကလိစာတွေထုတ်ရသေးလား သိချင်ပါတယ်

  3. hnin pwint says:

    ဂျင်ဆင်းနဲ့ဇီးသီးဘယ်မဝယ်လို့ရလဲအမ

Leave a Reply

Your email address will not be published. Required fields are marked *