ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

တရုတ်စတိုင် ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

Sticky_Rice_Dumpling3

အချိုပွဲ၊ အစာပြေ လုပ်စားနိုင်ဖို့ ကောက်ညှင်းမုန့် မြေပဲနဲ့နှမ်းထောင်း လေးပါ။ အရမ်းစားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…

ကောက်ညှင်းမုန့်တွင် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် – ၂ခွက်
  • ရေ – ၃ခွက်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

မြေပဲထောင်းတွင် ပါဝင်ပစ္စည်းများ

  • မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက် ထောင်းထားပါ)
  • နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

မှတ်ချက် ။ ။ ခွက်တစ်ခုထဲ (မြေပဲထောင်း၊ နှမ်းထောင်း၊ သကြား၊ ဆား) တို့ကို ရောမွှေထားပါ။

Sticky_Rice_Dumpling1

ပြုလုပ်နည်း

၁။ အရင်ဆုံး rice cooker ထမင်းအိုးထဲသို့ ကောက်ညှင်းဆန်၊ သကြား၊ ရေ ၃ခွက်ထည့်ပြီ ရိုးရိုး ထမင်းချက်သလို ချက်ပေးပါ။

၂။ ပြီလျှင် ကောက်ညှင်းများကို ခေတ္တအအေးခံထားပါ။

Sticky_Rice_Dumpling

၃။ ထို့နောက် ဆုံထောင်းကို ဆီအနည်းငယ်သုပ်ပြီ ကောက်ညှင်းများကို ကျေပြီ စီကပ်သွားသည်အထိ ထောင်းပေးပါ။

Sticky_Rice_Dumpling2

၎။ ပြီလျှင် ကောက်ညှင်းများကို အနေတော်အရွယ်ပိုင်းဖြတ်ပြီ မြေပဲထောင်းခွက်ထဲ ထည့်ကာ မြေပဲထောင်းများ ကပ်သွားအောင် လက်ဖြင့်လိမ့်ပေးပါ။

၅။ အရသာရှိပြီ ချိုစိမ့်သည့် ကောက်ညှင်း၊ မြေပဲထောင်းမုန့်ကို သုံးဆောင်နိုင်ပါပြီ…

Sticky_Rice_Dumpling3

—————————————————————————————————————–

4 comments

  1. U than Tun says:

    ကောက်ညျင်းမြေပဲအစာသွပ်မုန့်ကိုကြိုက်ပါသည်။
    လက်တွေ့လုပ်စားပါမည်။
    ကျေးဇူးတင်ပါသည်။

  2. thant zaw oo says:

    good ကျေးဇူး

  3. kimnana.gg says:

    သိပ်​​ကောင်း

Leave a Reply

Your email address will not be published. Required fields are marked *