အိန္ဒိယ ကြက်သား ငရုတ်ကောင်းဟင်း

အိန္ဒိယ ကြက်သား ငရုတ်ကောင်းဟင်း

အိန္ဒိယစတိုင် ကြက်သားဟင်းလေးသည် အနံမွှေးရုံမက အရသာလည်း အလွန်ကောင်းမွန်ပါသည်။ သူရဲ့ထူးခြားချက်က စားပြီးတောင် အရသာက စွဲပြီးကျန်နေခဲ့ပါတယ်။ ထမင်းနဲ့တွဲပြီး သုံးဆောင်သွားကြပါအုန်းနော်…

နုပ်ထားရန် ပါဝင်သောပစ္စည်းများ

၁။ ကြက်သားပေါင် – ၆ခု (အရေခွံဖယ်ပါ)

၂။ ကြက်သွန်ဖြူ – ၇ခု (နှုတ်နှုတ်ဆင်းပါ)

၃။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)

၎။ မာဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ကြက်ပြုတ်ရည် (သို့) ရေနွေး  – စားပွဲတင်ဇွန်း ၃ဇွန်း

ကြက်သားဟင်း ပါဝင်သောပစ္စည်းများ

၁။ နုပ်ထားသော ကြက်ပေါင်များ

၂။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ကြက်သွန်နီအသေး – ၁ဥ( နှုတ်နှုတ်ဆင်းပါ)

၎။ ငရုတ်သီးစိမ်း – ၂ခု (တခြမ်းခြမ်းပါ)

၅။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (မညက်တညက် ထောင်းပါ)

၆။ နံနံစေ့ (coriander powder) – စားပွဲတင်ဇွန်း ၁ဇွန်း

၇။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ငရုတ်ကောင်းစေ့ (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ကြေညက်အောင် ထောင်းပါ)

၉။ သံပရာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၁၀။ နံနံပင် – ၂စည်း (၄ပိုင်းပိုင်းပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး နုပ်ထားရန်တွင် ပါဝင်သောပစ္စည်း(ကြက်ပေါင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မာဆလာ၊ ကြက်ပြုတ်ရည်) အားလုံးကို သမအောင်ရောနုယ်ပြီး အနည်းဆုံး ၁နာရီခန့် ရေခဲသေတ္တာထဲထည့်ပြီး နုပ်ထားပေးပါ။

၂။ မချက်ခင် ၁၅မိနစ်ခန့် စော၍ နုပ်ထားသော ကြက်ပေါင်များကို ပြန်ထုတ်ထားပေးပါ။

၃။ ထို့နောက် ဒယ်ထဲ ဆီထည့်ပြီး ကြက်သွန်နီကို ထည့်အညှိရောင်သန်းလာသည်အထိ ဆီသပ်ပေးပါ။

၎။ ပြီးလျှင် ငရုတ်သီးစိမ်း၊ ဂျင်း၊ နံနံစေ့၊ ထည့်ပြီး စက္ကန့်ပိုင်းမျှမွှေပေးပါ။

၅။ ပြီးမှ နုပ်ထားသော ကြက်ပေါင်များကို ဒယ်ထဲထည့်ပြီး ရောမွှေလိုက်ပါ။

၆။ ငရုတ်ကောင်း၊ ဆား၊ ရေ(ကြက်သားမြုပ်ရုံ)ထည့်ပြီး ပွက်လာအောင် စောင့်ပါ။

ရ။ ထို့နောက် အဖုံးအုပ်ပြီး မီးနည်းနည်းဖြင့် မိနစ် ၂၀ခန့် ကြက်သားနူးအိသည် အထိတည်ထားပေးပါ။

၈။ ရေခန်းခါနီးရင် အဖုံးဖွင့်၍ မွှေပေးပြီး၊ ရေလိုလျှင် ထပ်ထည့်ပေးပါ။

၉။ ကြက်သား နူးအိပြီး ဆီပြန်လာလျှင် မာဆလာ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သံပရာရည်၊ ထည့်ပြီး အပေါ်မှ နံနံပင်အုပ်ပေးပါ။

၁၀။ အရသာက စွဲပြီးကျန်ခဲ့တဲ့ အနံ့မွှေးတဲ့ ကြက်သား ငရုတ်ကောင်းမွှေးမွှေးလေးကို စားသုံးနိုင်ပါပြီး။

16 comments

  1. Hmone Gyi says:

    wow new thing again..never ate that kind of curry before 🙂 looking delicious

    • chowutyee says:

      မှုံကြီးရေ.. ဒီကြက်သားဟင်က တော်တော် စားကောင်းတာ.. ကိုယ် ဘုန်းကြီးဆွမ်းကပ်ရင် ထည့်ကပ်ပါ့လား…း)

  2. Julio says:

    Hi,

    Instead of marinating with hot water or chicken stock, rice wine could do?

    Besides, reason behind using like that technique is for what?

    Don’t take me wrong, just curious.

    And how about presentation, will it be look more beauty, how do you think?

    Just giving an advice that’s all!

    Nothing personal……..though!

    Julio

    • chowutyee says:

      Rice Wine is use for Chinese curry..
      I don’t think to put Rice Wine in Indian Curry..
      ဒီဘလောက်ကို လုပ်ရတဲ့ရည်ရွယ်ချက်က ဟင်းချက်နည်းတွေကို ဝေမျှပေးချင်လို့ပါ။ ဟင်းချက် စရှယ်လစ်တော့မဟုတ်ပါ။ ကိုယ်တတ်သလောက် သိသလောက်ကို ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။

      Cho Wut Yee

  3. Julio says:

    Dear Cho Wut Yee,

    I thought you understand me quite wrong,

    I am not saying like that though!

    No need to be special to cook food, everybody can cook.

    But one thing is asking, which is not sure….or curious.

    And the other is suggesting for better.

    Everybody wants to go out with smart dress, won’t they?

    So, just little comment……….though.

    I want to see more, learn more, enjoy more……

    Like to support you more………

    I am not food critic too……….

    Have a nice day…..

  4. MyatMin Ravi says:

    ရှင်းနေတာပဲ…း)
    ကျေးဇူးတင်တယ်ဗျာ… အမကို
    CHEERS!

  5. honey says:

    မချိုဝတ်ရည်
    နံနံပင် နဲ့ နံနံစေ့ မပါရင်ကော အနံ့ အရသာ ကောင်းမလားဟင် ။

    • chowutyee says:

      honey ရေ နံနံပင်နဲ့ နံနံစေ့မှုန့် ဒီဟင်းမှာ အခရာပဲ.. မပါရင် အရသာကောင်းမှာ မဟုတ်ဘူး Honey… ရှာဝယ်လို့ မရလို့လား…

  6. honey says:

    မြန်မာဆိုင်မှာ ၀ယ်လို့ ရမယ်နဲ့ တူပါတယ်။ ကြက်သားကတော့ နှပ်ထားတာ ၂ရက်တောင် ရှိနေပြီ။
    ကျေးဇူးတင်ပါတယ် ၀တ်ရည်ရေ။

    • chowutyee says:

      နုပ်ထားတာ ၂ရက်တောင်ရှိပြီး ဆိုရင်တော့ ချက်ကြည့်လိုက်ပေါ့ honey… အရတော့ ကွဲပေမယ့် နုပ်ထားလို့ ကြက်သားထဲမှာ အရသာစွဲနေမှာသေချာပါတယ်… ချက်စားကြည့်လိုက်ပါ၊ နောက်တခါမှ နံနံစေ့မှုန့် နဲ့ နံနံပင်ထည့်ပြီး ထပ်ချက်ကြည့်ပေါ့.. 🙂

  7. salai says:

    Im cooking now,great.
    thanks sis

  8. salai says:

    nice food,thanks a lot sis.

  9. […] အိန္ဒိယ ကြက်သား ငရုတ်ကောင်းဟင်း […]

  10. Nyunt Nyunt Aye says:

    နံနံပင်​နဲ့ နံနံ​စေ့က ရှိဘူးမရယ်​ ဒါ​ပေမယ့်​ မ ချက်​ပြထားတာ စားချင်​စရာ​လေးမို့ ချက်​စားကြည့်​မယ်​​နော်​ ​ကျေးဇူးတင်​ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *