သစ်တော်သီး ပျားရည်ပေါင်း

သစ်တော်သီး ပျားရည်ပေါင်း

Poached_Pear3

ထမင်းစားပြီ အချိုတည်းဖို့ အတွက် သစ်သီးသီးကို ပျားရည်၊ ၀ိုင်၊ သစ်ဂျပိုးတို့ဖြင့် နူအိသည်အထိ Poached ပြုတ်ထားပေးထားပါ။ Vanilla ရေခဲမုန့်နှင့် သစ်တော်သီးပျားရည်ပေါင်း နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • သစ်တော်သီး – လုံးကြီး ၂လုံး (သို့) လုံးသေး ၄လုံး
  • ၀ိုင်အနီ – ၂ခွက် (၄၀၀ ဂရမ်)
  • ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း

  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • သစ်ဂျပိုး – ၁ခု
  • သကြားရေ – ၁ခွက် (ရေ ၁ခွက် + သကြား(စားပွဲတင်ဇွန်း ၄ဇွန်း))
  • လေညှင်းပွင့် – ၂ပွင့်
  • Vanilla ရေခဲမုန့် – ၂တုံး

Poached_Pear

ပြုလုပ်နည်း

၁။ သစ်တော်သီး ဆံ့တဲ့ အိုးထဲ ပါဝင်ပစ္စည်းများဖြစ်သော (၀ိုင်နီ၊ ပျားရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သစ်ဂျပိုး၊ လေညှင်း၊ သကြားရည် )တို့ကို ထည့်ကာ ဆူအောင် တည်လိုက်ပါ။

Poached_Pear1

၂။ ဆူလာလျှင် သစ်တော်သီး ထည့်ပြီ အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် ၁နာရီခန့် တည်ပေးပါ။

Poached_Pear2

၃။ ထို့နောက် သစ်တော်သီးကို ထပ်ခြမ်းခြမ်းပြီ Vanilla ရေခဲမုန့်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ..

Poached_Pear3

————————————————————–

2 comments

  1. kimnana.gg says:

    အထူးအဆန်း​လေးပဲ​နော်​။ အမ

Leave a Reply

Your email address will not be published. Required fields are marked *