အာလူး မီးကင် နှင့် မရိုနိစ်

အာလူး မီးကင် နှင့် မရိုနိစ်

Baked_Potatoes5

အစာပြေ လုပ်စားနိုင်ဖို့ အာလူး မီးကင်နှင့် မရိုနိစ်ပါ။ အာလူးကို အခွံမခွှာပဲ ပါးပါးလှီးပြီ ကင်ထားတာမို့ စားတဲ့အခါ အခွံလေးနဲ့မို့ တမျိုးထူးခြား စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး(အလုံးကြီး) – ၄လုံး
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • မရိုနိစ် – ၁ခွက်
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)

ကင်နည်း

၁။ အရင်ဆုံး အာလူးများကို သပွတ်တံဖြင့် စင်အောင် သန့်စင်ပြီ ရေခြောက်သုပ်ထားပေးပါ။

၂။ ပြီလျှင် အားလုံးများ အောက်ခြေနားထိ ဓားဖြင့် ပါးပါးလှီးပေးပါ။

မှတ်ချက် ။ ။ အာလူး အောက်ခြေပျက်အောင်အထိ မလှီးရပါ။

၃။ ပြီလျှင် လှီးထားသော အာလူးကြားထဲ ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပါ။

Baked_Potatoes1

၎။ ပြီနောက် သံလွင်ဆီများ သုတ်ပေးပါ။

Baked_Potatoes2

၅။ ထို့နောက် အာလူးများကို Oven (သို့) Phillip Air Fry ထဲ ထည့်ပြီ ၁၈၀ ဒီဂရီဖြင့် ၄၅မိနစ်ခန့် အာလူး ကျက်သည်အထိ ကင်ပေးပါ။

Baked_Potatoes3

Baked_Potatoes4

၆။ အာလူးကင်ရပြီဆိုလျှင် အပေါ်မှ မရိုနိစ်၊ ဘေကွန်ကြော်၊ ကြက်သွန်မြိတ်များ ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Baked_Potatoes5

4 comments

  1. myamyamin says:

    အရမ်းစားကောင်းမယ်ပုံပဲ မနက်ဖြန် လုပ်စားကြည့်မယ်။ ဒါနဲ့ အဲဒီ phillip air fryer က ဘယ်လောက် ပေးရလဲ ၀ယ်ချင်လို့ပါ

    • admin says:

      Phillip Air Fryer က ၂သိန်းခွဲပါ။ Market Place City Mart နဲ့ Phillip ဆိုင်တိုင်းမှာ မေးဝယ်လို့ရပါတယ်… လုပ်စားကြည့်ပါနော် အရမ်းစားကော်ငးပါပတယ်.. 😀

  2. Ma Cho says:

    bacon တော့ ရှိဘူး ခုပဲ လုပ်စားကြည့်မယ်

Leave a Reply

Your email address will not be published. Required fields are marked *