ဗီယက်နမ် ဆန်ခေါက်ဆွဲ ဆလတ်သုပ်

ဗီယက်နမ် ဆန်ခေါက်ဆွဲ ဆလတ်သုပ်

Vietnamese_Beef_Noodle_Salad6

ဗီယက်နမ်မှာ လူကြိုက်များတဲ့ အမဲသားကင် ဆန်ခေါက်ဆွဲ ဆလတ်သုပ်ပါ။ အမဲသားကို စပါးလင်၊ ငါးငံပြာရည် နုယ်ပြီ ကင်ထားတာမို့ စပါးလင် နံ့လေး သင်းနေပါတယ်။ ပြီမှ ဆန်ခေါက်ဆွဲ(မုန့်ဟင်းခါးဖတ်)ရယ်၊ သခွာသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်တို့နဲ့ ရောသုပ်ထားတာပါ။ တမျိုးထူးခြားပြီ ကောင်းမွန်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

နုပ်ရန် ပါဝင်ပစ္စည်းများ

  • အမဲသား(သို့)၀က်သား – ၃၀၀ ဂရမ် (ပါးပါး အစောင်းလှီးထားပါ)
  • စပါးလင် – ၁ခု (ပါးပါးလှီးပြီ ညက်အောင် ထောင်းထားပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)
  • ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

One_Pack

ဆလတ်သုပ် ပါဝင်ပစ္စည်းများ

  • မုန့်ဟင်းခါးခြောက် – ၁၅၀ ဂရမ် (ရေနွေးဖြင့် ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)
  • မုန်လာဥနီ – ၁ဥ (အရှည်ပါးပါးလှီးပါ)
  • သခွာသီး – တ၀က် (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ဆလတ်ရွက် – စည်းဝက် (ရေစင်အောင် ဆေးပြီ ပါးပါးလှီးပါ)
  • ပင်စိမ်း – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ပဲပင်ပေါက် – လက်တဆုတ်စာ (optional)
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၁ဇွန်း (ဖြူးရန်)

Vietnamese_Beef_Noodle_Salad4

ဆော့အတွက် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးနီတောင့် – ၁တောင့် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (အမဲသား(သို့)၀က်သား၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်ကောင်း၊ ငါးငံပြာရည်၊ သကြား၊ ဆန်ဝိုင်) တို့ကို ထည့်ပြီ သမအောင် ရောနုယ်ထားပေးပါ။

Vietnamese_Beef_Noodle_Salad1

၂။ ပြီလျှင် ဒယ်ပြားထဲ ဆီ(စားပွဲတင်ဇွန်း တ၀က်) ထည့်ပြီ အမဲသားများကို ကျက်သည်အထိ တဖက် ၂မိနစ်နှုန်းဖြင့် ကင်ပေးပါ။

Vietnamese_Beef_Noodle_Salad2

၃။ ပြီနောက် အမဲသားကင်ကို အရှည်များ လှီးပေးထားပါ။

Vietnamese_Beef_Noodle_Salad3

၎။ အမဲသားကင်ရပြီဆိုလျှင် ဆော့ရည်အတွက် (ငါးငံပြာရည်၊ သကြား၊ သံပရာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနီ) တို့ကို သမအောင် ရောနုယ်ပေးပါ။

Vietnamese_Beef_Noodle_Salad5

ဆလတ်သုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (မုန့်ဟင်းခါး၊ မုန်လာဥနီ၊ သခွာသီး၊ ပဲပင်ပေါက်၊ ပင်စိမ်း၊ အမဲသားကင်(သို့)၀က်သားကင်၊ မြေပဲ၊ ကြက်သွန်နီကြော်) တစ်ယောက်စာ ပြင်ပေးပါ။

၂။ ပြီမှ အပေါ်မှ ဆော့ရည် စားပွဲတင်ဇွန်း ၂ဇွန်း လောင်းထည့်လိုက်ပြီ ရောနုယ်လိုက်ပါ။

၃။ အရသာရှိသော အမဲသား ဆန်ခေါက်ဆွဲ ဆလတ်သုပ်ကို သုံးဆောင်နိုင်ပါပြီ…

Vietnamese_Beef_Noodle_Salad6

2 comments

  1. su myat says:

    I love it

Leave a Reply

Your email address will not be published. Required fields are marked *