တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့
တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့
Grill_Fish4
တလာဗီယားငါးကို တရုတ်အမွှေးအကြိုင်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ပူစီနံတို့ဖြင့် ရောနုယ်ပြီ ကင်ထားတာပါ။ ပြီမှ မရမ်းပြားရည်နဲ့ လုပ်ထားသော ဆော့လေးနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…
ငါးကင်ရန် ပါဝင်ပစ္စည်းများ
  • တလာဗီးယားငါး(သို့)ငါးလိပ်ကြောက်(သို့)ငါးလိပ်စွန် – ၁ကောင် (ကြေးခွံဖယ်ပြီ ငါးကို သန့်စင်ထားပါ)
  • ကြက်သွန်ဖြူ – ရမွှာ
  • ပူစီနံ – လက်တဆုတ်စာ
  • ဂျင်း – လက်တဆစ်
  • တရုတ် မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာ၇ည် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့တွင် ပါဝင်ပစ္စည်းများ
  • မရမ်းပြား – ၃ပြား (ထောင်းပြီ အရည်ညှစ်ပေးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (မရမ်းပြားရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်) အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။
ကင်နည်း
၁။ အရင်ဆုံး ငါးကို သန့်စင်ပြီ ဓားဖြင့် မွှန်းပေးပါ။
၂။ ပြီလျှင် ငါးကို (တရုတ်မဆလာ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်)တို့ဖြင့် သမအောင်ရောနုယ်ထားပါ။
Grill_Fish1
၃။ ပြီနောက် ဆုံထောင်းထဲ (ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း)တို့ကို ရောထောင်းပေးပြီ ငါးဗိုက်ထဲ တ၀က်ကို အစာသွပ်ပေးပါ။
Grill_Fish2
၎။ ကျန်(ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း) ရေထောင်း တ၀က်ကို ငါးကို သမအောင် ရောနုယ်လိုက်ပါ။
၅။ ထို့နောက် သတ္တုပြား(Aluminum Foil) အုပ်ပြီ မီးကင်ပြီးကို ဆီသုပ်ပြီ တဖက် ၁၅မိနစ်-မိနစ်၂၀ခန့် ငါးအသားကျက်သည်အထိ ကင်ပေးပါ။
Grill_Fish3
၆။ ငါးအသားကျက်ပြီဆိုလျှင် မရမ်းပြားဆော့လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ..
Grill_Fish4
14 comments
  1. zzawm says:
    ဘီယာလေးနဲ့ မြည်းရရင် ကောင်းမယ်ဗျာ
  2. Thandar Oo says:
    မမ ဒါမျိုးလေး လုပ်စားကြည့်မယ်နော်
  3. utinaung says:
    လုပ်စားကြည့်ပါအုန်းမယ်
  4. yethiha says:
    ထင်းမီးနဲ့ ခဲပတက်​ ထုတ်​ပီး ကင်​လို့ ရလား
  5. nyi thu says:
    ကျနော် စာအုပ်ဝယ်ချင်လို့
    ဘယ်မှာဝယ်ရပါမလဲ
    • admin says:
  6. Ko min thu says:
    အစ်မရေ ကျွနတော်တာချီလိတ် ရောက်တုန်းက ချောင်းဘေးက ငါးကင်ရောင်းတဲ့ ဆိုင်တန်မှာ စားခဲ့ဘူးတာ ငါးကင်နဲ့ တို့ စားရတဲ့အမှုန့် ရှိတယ် ပဲပုပ် နံ့ လည်းမွေးတယ် အဲဒီ အမှုန့် လုပ်နည်းလေးသင်ပေးပါလား ကျေးဇူး အများကြီးတင်ပါတယ်
  7. Mg Phyo says:
    ရွှေခိုင် ရွှေပန်ဆိုင်း ယူနန် အကင်ဆိုင်တွေကလိုမျိုး
    အသားကင် ဆော့ လုပ်နည်းသိရင်ပြောပြပေးပါဦး
    ကျေးဇူးအများကြီးတင်ပါတယ် မဝတ်ရည် 🙂
  8. Thinn Thinn Myat says:
    very good
  9. မေသူ says:
    ☺ကျေးဇူးညီမရေ
Leave a Reply
Your email address will not be published. Required fields are marked *