အုန်းနို့ ပုဇွန်ဟင်းလျာ

အုန်းနို့ ပုဇွန်ဟင်းလျာ

အိန္ဒိယစတိုင် အုန်းနို့လေးနဲ့ ချက်ထားတဲ့ ပုဇွန်ဟင်းလျာ စိမ့်စိမ့်လေးကို သုံးဆောင်ကြပါအုန်းနော်.. Basmati ထမင်းလေးနဲ့ တွဲစားရင်ပိုကောင်းမွန်ပါတယ်…

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အမြီးချန်ပြီး ကျန်တာခွာပါ)

၂။ ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၎။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (ထောင်းပေးပါ)

၅။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၆။ ဖာလာစေ့ (Cardamon pods) – ၆ခု

၇။ သစ်ဂျပိုး (Cinnamon) – ၂ခု

၈။ လေညှင်း (Cloves) – ၄ခု

၉။ နံနံစေ့မှုန့် (Coriander powder) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၀။ Coconut Cream – စားပွဲတင်ဇွန်း ၂ဇွန်း

၁၁။ ငရုတ်သီးစိမ်း – ၄ခု (တခြမ်းခြမ်းပါ)

၁၂။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၁၃။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၄။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၅။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

ချက်ပြုတ်နည်း

၁။ ဆုံထောင်းထဲတွင် ဖာလာစေ့၊ လေညှင်း တို့ကို ရောထောင်းပေးပါ။

၂။ ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ဖာလာစေ့၊ လေညှင်း၊ သစ်ဂျပိုး၊ ကြက်သွန်နီများကို ထည့်ပြီး ကြက်သွန်နီ အညှိရောင်သန်း လာသည်အထိ ဆီပူထိုးပေးပါ။

၃။ ပြီးမှ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ငရုတ်သီးစိမ်း ထည့်၍ ရေအနည်းငယ် ထည့်ပြီး ၁မိနစ်ခန့်တည်ထားပေးပါ။

၎။ ပြီးလျှင် ရေတစ်ခွက်ခန့် ထည့်ပြီး ဆူလာလျှင် Coconut cream ထည့်ပြီး အရသာ အပေါ့အငံအတွက် ဆား၊ သကြား၊ ငံပြာရည်တို့ကို ထည့်မွှေပေးပါ။

၅။ အရသာအပေါ့အငံ အနေတော်လျှင် ပုဇွန်များကို ထည့်ပြီး ရေတစ်ခွက် ထပ်ထည့်ကာ ၃မိနစ်ခန့်တည်ထားပေးပါ။

၆။ တည်ပြီးလျှင် ဟင်းအနှစ်အရည်လေး များများအနေထားတွင် မီးပိတ်လိုက်ပါ။

ရ။ အုန်းနို့စိမ့်စိမ့်လေး ပုဇွန်ဟင်းလျာကို စားသုံးနိုင်ပါပြီး….

8 comments

  1. Hmone Gyi says:

    wow new things again….yummy yummy yummy 😉

  2. Wayne says:

    Ko Myint Kyaw Thu tot

    Thawe toe mhar myin yaung nay tal 😛

    • chowutyee says:

      ဟီးဟီး သေချာတာပေါ့.. သူချက်ခိုင်းလို့ ၀တ်ရည် ချက်ရတာပါ.. ဟဲဟဲ:)

  3. Julio says:

    Very Nice………..though!

    I love seafood, I will try it out this weekend with my mates….

    Carry on cooking…….

  4. […] အုန်းနို့ ပုဇွန်ဟင်းလျာ […]

Leave a Reply

Your email address will not be published. Required fields are marked *