ဟင်းခတ်မွှေးကြိုင် အခေါ်အဝေါ်များ
သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းများ နှင့် အမွှေးအကြိုင်များဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ကျန်တာတွေလည်း ဖြည့်စွက်ပေးကြပါနော်…း)
၁။ ဆား = Salt
၂။ ငရုတ်သီးမှုန့် = Chilli powder
၃။ ငရုတ်သီးစိမ်း = green Chilli
၎။ ငရုတ်ကောင်းမှုန့် = pepper (Black/ White)
၅။ ဟင်းခတ်သစ်ရွက် = Curry leaf ( ပျဉ်းတော်သိမ်ရွက် )
၆။ တရုတ်ကြက်သွန်မြိတ် = Leek
၇။ ကြက်သားမှုန့် = Chicken Powder
၈။ တရုတ်နံနံပင် = Celery
၉။ နံနံပင် = Coriander leaf (Cilantro)
၁၀။ နံနံစေ့ = Coriander seed
၁၁။ မုန့်ညှင်းစေ့ = Mustard Seed
၁၂။ မုန့်ညှင်းရွက် = Mustard leaf
၁၃။ ပူစီနံ = Mint
၁၄။ မန်ကျည်းသီး = Tamarind
၁၅။ နနွင်းမှုန့် = Turmeric powder
၁၆။ ပင်စိမ်းရွက် = Basil
၁၇။ ရှာလကာရည် = Vinegar
၁၈။ နှမ်းဆီ = Sesame Oil
၁၉။ ဟင်းချက်ဆီ = Cooking Oil
၂၀။ မြေပဲဆီ = Peanut Oil
၂၁။ ဟင်းရွက်ဆီ = Vegetable Oil
၂၂။ ကြက်သွန်နီ = Onion
၂၃။ ကြက်သွန်ဖြူ = Garlic
၂၄။ ဂျင်း = Ginger
၂၅။ ခရုဆီ = Oyster Sauce
၂၆။ ပတဲကော = Galangal
၂၇။ စပါးလင် = Lemon grass
၂၈။ ဂျူးဖူး = Chives
၂၉။ ဂျုံမှုန့် = Flour
၃၁။ ကော်မှုန့် = Corn Flour/ Glue ( Potato Starch/ Corn Starch )
၃၂။ ယမ်းစိမ်း = Saltpetre
၃၃။ တရုတ်မဆလာ = Chinese Curry Powder
၃၄။ ကြက်သွန်မြိတ် = Spring Onion
၃၅။ ကုလားအော်သီး = Capsicum
၃၆။ သစ်ဂျပိုးခေါက် = Cinnamon Bark
၃၇။ ဇီယာ = Cumin
၃၈။ ကလဝေးရွက် = Bay leaf
၃၉။ လေးညှင်းပွင့် = Clove
၄၀။ ဇာဒီပ္ဖိုလ်သီး၊ = Nutmeg
၄၁။ ဘိန်းစေ့ = Poppy Seed
၄၂။ ဖာလာစေ့ = Cardamon
၄၃။ နာနတ်ပွင့် = Star nut / Star of aniseed
၄၄။ စမုန်စပါးစေ့ = Fennel seed
၄၅။ မာဆလာ = Grand Masal ( Garam Masala )
၄၆။ ဟင်းခတ်ဝိုင်(အဖြူ) = White Wine
၄၇။ ဟင်းခတ်ဝိုင် (အနီ) = Red Wine
၄၈။ ပဲငံပြာရည် အကြည် = Light Soy Sauce
၄၉။ ပဲငံပြာရည် အနှောက် = Dark Soy Sauce
၅၀။ ဇာပွင့် = Javitri
131 comments
  1. hmone says:
    cool …thx for information…i really need it 😉
  2. Ei says:
    ယမ်းစိမ်းရဲ့ အမှန်က saltpeter/ saltpetre ပါ။ L တစ်လုံးပိုနေတယ်။ အခေါ်အဝေါ်တွေ အတွက် ကျေးဇူးတင်ပါတယ်။
    • Ei says:
      နောက် ကလဝေးရွက် ဝယ်ချင်ရင် Bay Leaf ဆိုပြီး အနောက်နိုင်ငံတွေမှာ ဝယ်ရင် ကလဝေးနဲ့မတူတဲ့ အရွက်သေးပြီး အနံပြင်းတဲ့ အရွက်တမျိုးပါ။ ဟင်းထဲမှာ ချက်ရင် ကလဝေးလို အနံ မသင်းပါဘူး။ Indian Bay Leaf ဆိုပြီးတော့ Indian ဆိုင်တွေမှာ မေးဝယ်မှ အမှန်ရပါတယ်။
  3. zinmi says:
    နံနံပင်ကို US မှာ Cilantro လို့ခေါ်ကြပါတယ်။
  4. Mein Mein says:
    thanks you .
    very useful.
  5. အေးအေးနွယ် says:
    အစ်မကိုးရီးယားငရုတ်သီးအနှစ်ကဘယ်လိုပုံစံလဲ။ ဗူးလေးပြပေးပါလား။
    • chowutyee says:
      အေးနွယ်ရေ ၀တ်ရည်က ကိုးရီးယား ငရုတ်သီးနှစ်ကို ၀ယ်မသုံးဘူး၊ ကိုယ်တိုင် အိမ်မှာ လုပ်ပြီ သုံးတာ။ ဈေးသက်သာလို့ပါ။ ကိုရီယား ငရုတ်သီးနှစ်ဘူးလို့ ပြောဝယ်ရင် supermarket တွေမှာ ရှိပါတယ်….
      • Thu Ya Thu Ya says:
        ကိုးရီးယားငရုတ်သီးနှစ် လိုချင်ရင် နာမည်က ( ကိုကျုးကျန့်)လိုခေါ်တယ်။
        supermarket မှာသွားဝယ်လိုရပါတယ်…။
  6. Sithu ag says:
    Hey!! ltnc high school friend. any idea for “ngar hta min nel”. I got tuna in a can and chopped tomato. what do i need more? remember i am in uk. i might not be able to find all cooking stuff.
    • chowutyee says:
      ဆော်ရီး သူငယ်ချင်းရေ…. ခုmesg တွေကို တွေ့လို့ reply ပြန်ဖို့ နောက်ကျသွားတယ်… ငါးထမင်းချဉ်လုပ်စားချင်ရင်
      – ငါးခူးကို ဆားလေးနဲ့ အရင်ပြုတ်ပါ။ ခရမ်းချဉ်သီးကို ဆီသပ်ပေးထားပေးထားပါ။
      -ပြီးလျှင် အားလူးကို ပြုတ်ထားပေးပါ။
      -ကြက်သွန်ဖြူကို ဆီချက်လုပ်ထားပေးပါ။
      – ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပေးပါ
      – ခုဆို ငါးထမင်းချဉ် စသုပ်လို့ရပါပြီ။ ထမင်း၊ အားလူး၊ ငါးခရမ်းချဉ်သီး အနှစ် အားလုံးကို ရောနယ်ပြီ အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့် ထည့်နုယ်လိုက်ပါ။
      – ပြီလျှင် အပေါ်မှ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သွန်မြိတ်ကို ဖြူးပေးပါ။ -တွဲဖက်စားရမှာတွေကတော့ ဂျူးမြစ်၊ ၀က်ခေါက်ကြော်၊ ငရုတ်သီးခြောက်(အရှည်)၊
  7. မြင့်မြတ် says:
    မ၀တ်၇ည်ေ၇…..ကျွန်တော်တော့ကျက်၇အုံးမယ်ဗျာ။။။တစ်ချို့ကိုဘယ်လိုခေါ်မှန်းတောင်မသိဘူး။မီးဖိုချောင်ကိုတော့သဘောကျမိပါတယ်။ကိုယ်အိမ်ကို့၇ာဆို၇င်တော့သပ်သပ်၇ပ်၇ပ်လေးဖြစ်အောင်လုပ်၇မယ်။တစ်ခုချင်းဆီဝယ်ဆု၇မှာပေါ့။ကျေးဇူးနော်….
    • chowutyee says:
      သိချင်တာရှိရင်လည်း မေးနိုင်ပါတယ်နော်…. ၀တ်ရည်လည်း ဟင်းချက်ခါစက ဟင်းချက်ပစ္စည်းတွေ တွေ့တာနဲ့ ၀ယ်ရင်းဝယ်ရင်း တဖြည်းဖြည်းနဲ့ များလာတာပဲ။ 🙂
      • waiyan says:
        မ၀တ်ရည် ကျွန်တော်က ပေါက်စီလုပ်ချင်တာပါ ဖော်မြူလာတစ်ခုတော့သိရတယ် အဲဒီထဲမှာ SP ဆိုတာပါတယ်။ SP ဆိုတာဘာကြီးလဲ။ သိချင်လို့ပါ
  8. eskimo says:
    အမ၀တ်ရည်
    ဆီသတ်ရွက်နဲ့ ဟင်းခတ်သစ်ရွက်(ပျဉ်းတော်သိမ်ရွက်)နဲ့ တူပါသလား။ မတူရင် ဆီသတ်ရွက်နဲ့ ရှမ်းနံနံ ကိုလည်း english လိုပြောပြပေးစေချင်ပါတယ်။ thanks…
    • chowutyee says:
      ဆီသတ်ရွက်ဆိုတာ ပျဉ်းတော်သိမ်းရွက်နဲ့ တူတူပါပဲ… ရှမ်းနံနံကိုတော့ Saw Herb Leave လို့ အင်္ဂလိပ်လို ခေါ်ပါတယ်.. 😀
  9. Cherry says:
    အစ်မရေ…
    အစ်မတင်ထားပေးတဲ့လင့် ကနေ မုန့်လက်ဆောင်းလုပ်နည်းလေးရပါတယ်။ ကျေးဇူးပါနော်။ တခုသိချင်တာက အဲဒီနည်းထဲမှာပါတဲ့ ဆူးမွှေး ရွက်ဆိုတာကိုအဂ်လိပ်လိုဘယ်လိုခေါ်လဲဆိုတာ အစ်မသိရင်ပြောပြပေးပါနော်။
  10. Cherry says:
    တရုတ်မဆလာကို Chinese five Spices လို့လဲခေါ်ပါတယ်။
  11. nayzar says:
    thanks alot yr share cook recipe…i will try to cook..verynice.
  12. kyaw soe win says:
    ပဲမှုန့်အစိမ်းမှုန့် နဲ့အကျက်မှုန့်ကိုကော ဘယ်လိုခေါ်သလဲသိပရစေ အမ။
    • thiri says:
      gram flour ဆိုတာပဲမှုန့်အစိမ်းမှုန့်ပါ။ gram flour ကိုလှော်လိုက်ရင်အကျက်မှုန့်ဖြစ်သွားပါတယ်။
  13. Gar Field says:
    ကျေးဇူးပဲ ၀တ်ရည် ရေ့
  14. Gar Field says:
    မြန်မာမှာက အမြဲတန်း ပလော့ထားလို့ လာလည်သူတွေနည်းနေတာပါ နို့ ဆိုရင် အများကြီးပဲ အားပေးတယ်
  15. Hellen Nyein says:
    Baking Soda နဲ့ ဆားဆိုဒါနဲ့အတူတူဘဲလားသိချင်ပါတယ်…
    • chowutyee says:
      Baking Soda က ပါမုန့်တို့၊ ကိတ်မုန့်တို့ ဖုတ်တဲ့နေရာမှာ သုံးတာပါ။ ဆားဆိုဒါကတော့ ပဲပြုတ်တို့ ဘာတို့မှာ သုံးတာပါ။ မတူဘူးပေါ့..
  16. nono says:
    ကိုရီးယားငရုတ်သီးအနှစ်လုပ်နည်းလေးပြောပြပါလား မ
  17. အရမ်းကောင်းပါတယ်
    နောင်လဲ တင်ပေးနော်
    စားသောက်ဘွယ်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်လေးတွေလဲ တန်ဘိုးရှိပါတယ်
    မြန်မာ ကောင်မလေးများကို လဲထမင်းဟင်း ချက်နည်းတွေ လေ့လာဘို့ တွန်းအားပေးပါဦး
    နို့မှုတ်ရင် ထမင်းဟင်း ကောင်းကောင်းမချက်တတ်တဲ့သူတွေ များနေလို့ပါ
    🙂
  18. William says:
    အကြော်မှုန့်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်တယ်ဆိုတာ ပြောပြပေးပါဗျာ
  19. Aye Thu says:
    စားဆော်ဒါကိုဘယ်လိုခေါ်လဲအမ 🙂
  20. Aye Thu says:
    Thanks a lot sis 🙂
  21. Lay Pyay says:
    ကြာဆံဟင်ခါး ထဲ ထည့်တဲ့ ကြွက်နားရွက်မှို (သို့) မှိုတုံတုံ ကို English လိုဘယ်လိုခေါ်လဲအမ
  22. moe moe says:
    please let me know ကောက်ညှင်းမှုန် in english. thanks.
  23. vivi3722 says:
    Can anyone in here tell me what ဖက်ဖယ် ရွက် is called in english? Thanks.
  24. kira says:
    ကိုရီးယားငရုတ်သီးအနှစ်လုပ်နည်းလေးပြောပြပါလား
  25. မြတ် says:
    ညီမရေ
    ကျောက်ကျောမှုန့်ကိုအင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုတာပါရေးပေးပါအုံးနော်
    ကျေးဇူးတင်လျှက်
  26. ပလရာ says:
    ကော်မှုန့် ကို Tapioca လို့ ခေါ်ပါတယ်…
  27. zawwin says:
    စမိတ်ကိုဘယ်လိုခေလဲ၊ါ်
  28. zawwin says:
    ညီမရေ(စမိတ်)ကိုဘယ်လိုခေါ်လဲ။
  29. Minn Minn says:
    အစ်မ ရေ ကျွန်တော့်ကို ကြက်ဥပူတင်း ပြုလုပ်ပုံလေး ပြောပေးလို့ ရမလား ကျွန်တော် လုပ်ကြည့် ရေထွက်နေပြီး ဆိုင်တွေမှာစားသလို မာမာလေး မနေလို့ ပါ။ ကျေးဇူးတင်ပါတယ်နော်။
  30. Little chef says:
    Ear mushroom also call black fungus.
  31. Yin Yin says:
    ရွှေကြည် မှုန့် ကိုဘယ်လိုခေါ်ပါသလဲ အ မ…..
  32. Kyaw Thu says:
    Dear baby,Chowutyee
    You have so NICE experiments for International COOKING.I”m very proud of you as a burmese lady. I congratulate to you really.
    Best wishes,
    U U Kyaw Thu
    Nederland[NL]
  33. Hnin Wut Yee says:
    For Yin Yin,In India markets, they call ရွှေကြည် မှုန့် in Sooji(Wheatlets). Thank you so much ,Wut Yee for all your receipes.
  34. […] ဟင်းခတ်မွှေးကြိုင် အခေါ်အဝေါ်များ […]
    • mms says:
      ဟင်းချိုမုန့် = အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ပြောပြပေးပါလား
  35. me me says:
    စမုန်မျိုး၅ပါးမှာ ဘာတွေပါလဲ ပြောပြပေးပါ
    • admin says:
      တရုတ်ဟင်းခတ် အမွှေးအကြိုင် ၅မျိုးကို ပြောတာလား…
  36. me me says:
    မြန်မာ တိုင်းရင်းဆေးတွေမှာ သုံးတာ။ ရှားဆောင်လက်ပတ် ဆေး ဖေါ် ရင်သုံးဖို့ ။ နိုင်ငံခြားဆိုင်တွေမှာ ရှာဖို့ ပါ။
  37. အမရေ…ကြေးအိုးဆီချက်ထဲမှာ ပြောင်းမှုန့် သုံးရတယ်ပြောတယ်…ပြောင်းဖူးအမှုန့် လား?..အလွယ်တကူလည်းဝယ်လို့ မ၇ဘူးနော်…ပြောင်းမှုန့် အခေါ်အဝေါ်ကိုလည်း English လိုသိချင်ပါတယ်….
  38. ကြေးအိုးဆီချက် လုပ်စားကြည့်တာ အသားလုံးအတွက်က အဆင်မပြေဘူးဖြစ်နေတယ်..
    အမ ဆိုဒ်မှာကြေးအိုးဆီချက်လုပ်နည်းတင်ပေးပါလား…..
    • admin says:
      ဟုတ်ကဲ့ တင်ပေးလိုက်ပါ့မယ်… အတတ်နိုင်ဆုံးတော့ ရှေ့အပတ်ထဲတော့ ကြိုးစားလိုက်အုန်းမယ်နော်
  39. ကျေးဇူးအများကြီးတင်ပါတယ်………အမ
  40. ကျော် says:
    အမရေ ပဲငပိကို ဘယ်လိုခေါ်လဲမသိလို့။လုပ်ပါဦး
  41. laypyay says:
    တရုတ်မာဆလာ နဲ့ ကုလားမာဆလာ ကို English လိုဘယ်လိုခေါ်သိချင်လို့ပါ.
    • admin says:
      တရုတ်မာဆလာ = Chinese five spices ၊ ကုလားမာဆလာ = Marsala… 😀
  42. mabaydar says:
    ရွှေခြည်မှုန့်နဲ့ မတ်ပဲ ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ သိချင်တယ်..
    ဆန်ကြမ်း ကိုရော အင်္ဂလိပ်လို “Low Quality Rice” လို့ပဲခေါ်လား… တခြားအခေါ်အဝေါ်ရှိသေးလား သိချင်တယ်… စာရင်းထဲထည့်ပေးရင်ကောင်းမယ်…
  43. zulu mike says:
  44. Myint Zu says:
    Hi, what is the name of Pel Mote in English ? I am not sure whether i can get in uk
  45. susulatt says:
    အမရေ… ခရုဆီကို English လို ဘာသာပြန်ပေးပါ။ thanks ပါ
  46. NOBLE says:
    PLS can u tell me the name of sakura mix salad by myanmar?
  47. monmon says:
    self raising flour ကဘာကိုပြောတာပါလဲ မ၀တ်ရည်
    • admin says:
      Self Raising flour မှာ baking powder ပွတဲ့ဆေး ပါပြီသားပါ။ ဒါကြောင့် ကိတ်မုန့်ဖုတ်တာ၊ မုန့်လုပ်တဲ့အခါမှာ self raising flour ကို အသုံးများပါတယ်။
  48. Hkawn Htoi says:
    ပုံ လေး တွေ ပါ ပြ ပေး ရင် ပို ကောင်း မယ် နော်
  49. tun naing says:
    တုန်ယမ်းဘယ်လိုချက်ရလဲပြောပြပါဦး
  50. zinmar says:
    မမ ဆန် ဝိုင်ဆိုတာဘယ်လိုမျိုးလဲ?
    ဆန်ဝိုင်အစား ဘာသုံးလို့ ရလဲမမ
  51. Mimi says:
    ရှားကောပါးကောကိုဘယ်လိုခေါ်ပါသလဲ
    တရုတ်မုံညှင်းချဉ်လုပ်ချင်လို့ပါ
  52. kk says:
    please post how to cook spicy beef jerky
  53. ချယ်​ရီ says:
    ဆန်​၀ိုင်​ကို english လိုဘယ်​လို​ခေါ်လဲသိချင်​လို့ပါအမ
  54. kathy says:
    ကျေးဇူးအများကြီးတင်ပါတယ်
  55. Kyaw Swar says:
    Oregano, Marjoram ,Dried Sage မြန်မာအခေါ်အဝေါ်တွေသိချင်လို့ပါအမ.
  56. shwe alinhnist says:
    ပဲငံပြာရည်​အကြည်​နဲ့အ​နောက်​ကိုဓာတ်​ပုံနဲ့တင်​​ပေး​စေလိုပါသည်
Leave a Reply
Your email address will not be published. Required fields are marked *