သင်္ကြန်မှာ မုန့်လုံးရေပေါ် လုပ်စားကြစို့

သင်္ကြန်မှာ မုန့်လုံးရေပေါ် လုပ်စားကြစို့

သင်္ကြန်နီးလာလို့ သင်္ကြန်မှာ ဘာမုန့်တွေလုပ်စားကြရင် ကောင်းမလဲ။ သင်္ကြန် အထိမ်းအမှတ် ဖြစ်နေတဲ့ မုန့်လုံးရေပေါ်မုန့်လေးကို အရင်ဆုံး တူတူလုပ်စားကြရအောင်။

ပါဝင်သောပစ္စည်း

၁။ ကောက်ညှင်းမှုန့် – ၁၆၀ဂရမ်

၂။ ဆန်မှုန့် – ၄၀ဂရမ်

၃။ မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းပါ)

၎။ ထန်းညက် – ၁၀ခု (မညက်တညက်ထောင်းပါ)

၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ)

၆။ Apple flavor color – လက်ဖက်ရည်ဇွန်း တ၀က်

မုန့်လုပ်နည်း

၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။

၂။ ပြီးမှ အရောင်ထည့်ချင်လျှင် Apple flavor color အစိမ်းရောင် ထည့်ပါ။

၃။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၎။ မညက်တညက်ထောင်းထားသော မြေပဲ၊ ထန်းညက်ကို ခွက်တစ်ခုထဲ ရောနုယ်လိုက်ပါ။

၅။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၆။ ပြီးမှ ရောနယ်ထားသော မြေပဲ နှင့် ထန်းညက်ကို မုန့်နှစ်ထဲ အစားသွပ်ပြီး အလုံးလေးများလုံးလိုက်ပါ။

၇။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။

၈။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

၉။ ပြီးမှ ရေစစ် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

၁၀။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပါ။

၁၁။ မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီး…

10 comments

  1. Hmone Gyi says:

    i miss it.. i will try to make it at april 😉 yummy

    • chowutyee says:

      ကိုယ်တို့ သင်္ကြန်ကျင်းပတဲ့နေ့ကျရင် လုပ်စားပါ့လား.. 😉

  2. ဖြိုး says:

    မွှေးကထုတ်တဲ့အမှုန့်ပဲ ရှိတယ် ရပါ့မလား။တန်းလုံးလို့ရပါသလား ။နှပ်ထားရအုံးမလား။ဖြေပေးပါအုံး ။အရမ်းစားချင်လို့

    • chowutyee says:

      ကိုဖြိုးရေ မွှေးတံဆိပ်ကိုလည်း လုပ်စားလို့ရပါတယ်… နှပ်ထားစရာလည်း မလိုပါဘူး တန်းလုံးလို့ ရပါတယ်.. လုပ်စားကြည့်ပါ…

  3. thichail says:

    မ၀တ်ရည်ရေ
    ဟင်းချက်နည်းတွေရော..ဟင်းခတ်အမွေးအကြိုင်တွေ ရေးပေးထားတာ အတွက်ရော အရမ်းကိုကျေးဇူးတင်ပါတယ်
    အမရေ အမ အပန်းမကြီးဘူးဆိုရင်လေ တိုဟူးသုပ်လုပ်ဖို့ ကုလားပဲ အစိမ်းမှုန့်ရယ်. မုန့်လုံးရေပေါ်လုပ်တဲ့ ကောက်ညှင်းမှုန့်ရယ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲပြောတာ ပြောပြပါ အမရယ်.အမက ချက်နည်းပြောထားပေမဲ့ မ၀ယ်တတ်တော့ မလုပ်စားရဘူးဖြစ်နေတယ်
    အမကို ကျေးဇူးတင်လျက်
    သီချယ်

  4. chowutyee says:

    သီချယ်ရေ
    ကောက်ညှင်းမှုန့် = Sticky Rice Flour
    ဆန့်မှုန့် = Rice Flour
    ကုလားပဲ = gram pea လို့ခေါ်တယ် အစိမ်းမှုန့်ကိုတော့ အခေါ်အဝေါ် သေချာ မသိလို့ ညီမရေ တချက်ရှာကြည့်ပေးမယ်နော်.. ကျေးဇူးပါ လုပ်စားကြည့်ပါနော်…

  5. tin me me aung says:

    အမ၀တ်၇ည်ေ၇..
    လူအယောက် ၃၀ စာအတွက်ဆို၇င် ကောက်ညင်းမုန့်နဲ့ဆန်မုန့်ကဘယ်လောက်လောက်လိုမလဲ သိပါ၇စေနော်…အမကိုကျေးဇူးအ၇မ်းတင်ပါတယ်…

    • chowutyee says:

      ညီမရေ လူ၃၀စာအတွက်ဆိုရင် ကောက်ညှင်း ၄ပြည်၊ ဆန် ၁ပြည် လိုပါမယ်။ 😀

      • sandar says:

        အမ… ကောက်ညှင်း အစား ကော်မှုန့် သုံးလို့ရလား..

  6. chowutyee says:

    ကော်မှုန့် သုံးလို့မရဘူး။ ကောက်ညှင်းမှုန့်ပဲ သုံးလို့ရပါတယ်။ ဒါမှ မုန့်လုံးရေပေါ်က ရေပေါ်ပေါ်မှာပါ.. ကျေးဇူးးပါ

Leave a Reply

Your email address will not be published. Required fields are marked *