အီတလီစတိုင် Lasagna

Lasagna


Lasagna အီတလီစတိုင် အစားအသောက် ဖြစ်ပါသည်။ Lasagnia က Vegetable White Sauce တစ်လွှာ၊ Bolognese Sauce တစ်လွှာ ၃လွှာလုပ်ရပါတယ်။ အရသာ အရမ်းထူးခြားတာမို့ မျှဝေလိုက်ပါတယ်။

Lasagna အဆင့်ဆင့်ချက်ရပါမည်။

၁. Lasagna ခေါက်ဆွဲ

၂. Bolognese Sauce

၃. White Sauce

၎. Tomato Sauce

Lasagna ခေါက်ဆွဲလုပ်နည်း

၁။ ဇောက် ဇလုံ တစ်ခုထဲသို့ ( ဂျုံ(၁၅၀ ဂရမ်)၊ ခလောက်ထားသော ကြက်ဥ (တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ရေ အနည်းငယ်) အားလုံးကို သမအောင် ရောနယ်လိုက်ပါ။

၂။ ဂျုံသား မပျော့မမာ အနေထားရောက်အောင် ရေကို အနည်းငယ်ချိန်ပြီး ထည့်မွှေပေးပါ။ ဂျုံသား အရမ်းပျော့သွားလျှင် ဂျုံမှုန့် အနည်းငယ်ထပ် ထည့်ပေးပါ။

၃။ သမအောင် နယ်ပြီးလျှင် ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီး သမအောင် ပြန်မွှေပေးပါ။

၎။ ဂျုံသား အနေတော်လျှင် ထလိမ့်တုံးဖြင့် ဂျုံသားကို အရှည်လိုက်လေး ဖြစ်အောင် လိမ့်ပေးပါ။

၅။ ပြီးမှ pizza cuter (သို့) ဓားဖြင့် အောက်ပုံတွင် စတု၇န်း အရွယ်လေးများ ၆ခုရအောင် ညီညီညာညာ ဖြတ်ပေးပါ။

၆။ ပြီးလျှင် ရေနွေးပွက်ပွက်ဆူနေသော ခွက်ထားသို့ ဆီအနည်းငယ်ထည့်ပြီး ဂျုံပြားများကို ၁မိနစ်ခန့် ပြုတ်ထားပြီး ဇကာဖြင့် ပြန်ဆယ်ပြီး ရေစိမ်ထားပေးပါ။

Bolognese Sauce ပါဝင်သောပစ္စည်းများ

၁။ ကြက်သား (သို့) အမဲသား – ၂၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)

၂။ မုန်လာဥနီ – ၁ခု (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)

၎။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၅။ ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၂ဇွန်း

၆။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

၇။ ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)

၈။ Red wine (အမဲသား)  (သို့)  Whine wine (ကြက်သား) – စားပွဲတင်ဇွန်း ၃ဇွန်း

၉။ Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)

(မြိုင်ဟေ၀န်တွင် ၀ယ်ယူနိုင်ပါသည်)

၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၁။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

Bolognese Sauce ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပါ။

၂။ ပြီးလျှင် ခရမ်းချဉ်သီးအနှစ် ထည့်ပြီး ဂျုံမှုန့်များ ထည့်မွှေပေးပါ။

၃။ ပြီးမှ ရေတစ်ခွက်ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အနှစ် မပျစ်မကျဲတွင် နှုတ်နှုတ်ဆင်းထားသော အမဲသား(သို့) ကြက်သား၊ မုန်လာဥနီများ ထည့်မွှေပေးပါ။

၎။ အမဲသား(သို့) ကြက်သား နူးရန် လိုအပ်ပါက ရေအနည်းငယ်ထပ်ထည့်ပေးပါ။

၅။ အရသာ အတွက် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ဖြူးပြီး ရောမွှေလိုက်ပါ။

၆။ အရသာ အနေတော်လျှင် Red wine (သို့) White wine ထည့်ပြီး ရေမွှေပြီး အပျစ်မကျဲ အနေထားတွင်ထားပါ။

၇။ နောက်ဆုံးမှ အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် ထည့်မွှေလိုက်ပါ။ ဆော့အရည်ခမ်း သည်အထိ တည်ထားပေးပြီး Bolognese Sauce ကို ရပါပြီး…

Vegetable White Sauce ပါဝင်သောပစ္စည်းများ

၁။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၂။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)

၃။ ဂျုံ – စားပွဲတင်ဇွန်း တ၀က်

၎။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ နို့ – လက်ဖက်ရည် ပန်းကန်လုံး ၁လုံး

၆။ ဆား၊ ကြက်သားမှုန့်

၇။ မုန်လာဥနီ – ၂ခု ( အတုံးသေးလေးများ တုံးပါ)

၈။ ဘိုစားပဲ – ၆ခု (အတုံးသေးလေးများ တုံးပါ)

၉။ ပြောင်းဖူး အသေး – ၅ခု (အတုံးသေးလေးများတုံးပါ)

၁၀။ ပန်းကော်ဖီ – တစ်စိတ် (အတုံးသေးလေးများ တုံးပါ)

ချက်ပြုတ်နည်း

၁။ White Sauce ချက်ရန် ဒယ်ထဲ ထောပတ် ထည့်ပြီး မီးနည်းနည်းဖြင့် ဂျုံထည့်မွှေပေးပါ။ ဒယ်မကပ်သွားပါစေနှင့်။

၂။ ပြီးလျှင် ရေထည့်ပေးပြီး Wire Whisk (မွှေတံ) ဖြင့် ခပ်နားနားလေး မွှေပေးပါ။

၃။ ပြီးနောက် နို့များထည့်မွှေပေးပြီး အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပေးပါ။

၎။ နောက်ဆုံးမှ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပါ။ White Sauceကို ရပါပြီး။

၅။ White Sauce ရပြီးဆိုလျှင် နောက် ဒယ်တစ်ခုထဲသို့ ထောပတ် အနည်းငယ် ၊ ကြက်သွန်ဖြူ၊ နီ အနည်းငယ် ထည့် ဆီသပ်ပေးပါ

၆။ ပြီးနောက် ဘိုစားပဲ၊ မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ပန်းကော်ဖီတို့ကို ထည့်မွှေပေးပါ။

၇။ ထို့နောက် White Sauce ကို ဒယ်ထဲထည့်မွှေပေးလိုက်ပါ။

၈။ Vegetable White Sauce ကို ရရှိပါပြီး….

Lasagna ချက်ပြုတ်နည်း

၁။ Lasagna ခေါက်ဆွဲ၊ Bolognese Sacue၊Vegetable White Sauce ရပြီးဆိုလျှင် Lasagna ကို စတင်ချက်လို့ရပါပြီး။

၂။ Lasagna ခေါက်ဆွဲပြား တစ်ခုပေါ်တွင် Vegetable White Sauce တစ်လွှာ၊ နောက်တလွှာ တွင် Bolognese Sacue တစ်လွှာ၊ ထိပ်ဆုံးအလွှာတွင် Vegetable White Sauce အစဉ်လိုက်လုပ်ပါ။

၃။ ပြီးမှ အပေါ်က ချိစ်ဖြူးလိုက်ပါ။

၎။ ပြီးလျှင် Oven ထဲထည့်ပြီး ၁၅မိနစ်ခန့်ဖုတ်ပေးပြီး Lasagna ကို ခရမ်းချဉ်သီးဆော့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီး…

9 comments

  1. cho says:

    Looking yummy pig yay…par par top like mar bae

  2. mk says:

    how to call ဖက်ဖယ်ရွက်၊ in english?

  3. fkthet says:

    Great Cat Garfiled ကြိုက်တဲ့ Lasanga လေ စိတ်ဝင်စားတယ် လုပ်ကြည့်မယ်။ ဒါပေမဲ့ အချို့ ingredient ကဈေးကြီးတယ်။ ဒါစားပြီးရင် ဂါးဖီးလို ၀တုတ်တုတ်ကြောင်ကြီးဖြစ်မှာစိုးတယ် =ဟိဟိ

    • chowutyee says:

      ဟုတ်သားပဲ မ ပြောမှ သတိရတယ်။ lasanga က ဂါးဖီး အကြိုက်ပဲ၊ ၀တ်ရည် လုပ်စားဖြစ်တဲ့အထဲမှာ ဂါးဖီးက ကြည့်ပြီ လုပ်ချင်စိတ်ပေါက်သွားတာလဲ ပါတယ်.. 🙂

  4. Su Myat says:

    Garfiled စားတာကိုကြည့်ပြီးထဲကစားချင်နေတာ
    အမချက်ထားတာစာူးချင်စရာလေး
    စားသွားပြီနော်….

  5. […] May 9, 2010 အီတလီစတိုင် Lasagna […]

Leave a Reply

Your email address will not be published. Required fields are marked *