မန်ချူးကြက်သားကြော်
မန်ချူးကြက်သားကြော်
ကြက်သားကြော်ရန် ပါဝင်သောပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၂၀ ကျပ်သား (အစောင်း ထူထူးလှီးပါ)
၂။ ကော်မှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
၃။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၎။ ကြက်ဥ – ၁လုံး (ခလောက်ပါ)
၅။ ငရုတ်ကောင်းမှုန့် – အနည်းငယ်
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့အတွက် ပါဝင်သော ပစ္စည်းများ
၁။ ခရမ်းချဉ်သီးဆော့ရည် – စားပွဲတင်ဇွန်း ၄ဇွန်း
၂။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ ကြက်ပြုတ်ရည် – လက်ဖက်ရည်ပန်းကန်လုံး ၃လုံး
၅။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၆။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)
ရ။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ဇောက်ပန်းကန်လုံးတစ်ခု ထဲတွင် ကြက်ကြော်အတွက် ပါဝင်သောပစ္စည်းများ (ကော်မှုန့်၊ ဂျုံမှုန့်၊ ကြက်ဥ၊ ရေ၊ ငရုတ်ကောင်းမှုန့်) အားလုံးကို သမအောင် ရောနယ်ပြီး ခပ်ပျစ်ပျစ်လေးဖျော်လိုက်ပါ။
၂။ ကြက်သားကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ဖြင့် ရောနယ်၍ အကြော်ခွက်ထဲသို့ ကြက်သားများကို ထည့်ရောမွှေလိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်၍ ကြက်သားများကို ၃သုတ်ခွဲပြီး အညှိရောင်သန်းလာ သည်အထိ ကြွပ်ရွနေအောင် ကြော်ပေးပါ။
၎။ ပြီးမှ ဆီစုတ်စက္ကူခံ၍ ကြက်ကြော်များကို ပြန်ဆယ်ထားပေးပါ။
၅။ ဆော့ရည်တွင် ပါဝင်သောပစ္စည်းများ အားလုံးကို ( ခရမ်းချဉ်သီးဆော့ရည် ၊ ပဲငံပြာရည် (အကြည်)၊သကြား၊ ကြက်ပြုတ်ရည်) အားလုံးကို ပန်းကန်လုံးတစ်ခုထဲတွင် ရောမွှေလိုက်ပါ။
၆။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၇။ ပြီးလျှင် ဒယ်ထဲသို့ ဆော့ရည်များလောင်းချလိုက်ပါ။
၈။ ဆော့ရည်များပွက်ပွက်ဆူလာလျှင် ကြော်ထားသောကြက်သား များထည့်ပြီး ကော်မှုန့်ကို ရေဖျော်၍ ထည့်မွှေလိုက်ပါ။
၉။ ချိုချဉ်အရသာဖြင့် အလွန်စားလို့ကောင်းမွန်သည့် မန်ချူးကြက်သားကြော်ကို ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီး…
14 comments
  1. hmone says:
    wow da lay ka lay new lay bar lar…yummy….i think i ate at chinese restaurant before…not too sure…will try if i move to new house… 😉 wanna eat urs food 🙁
  2. PyayKo says:
    ဟိုနေ့ကတောင် လုပ်စားဖြစ်သေးတယ်..ဒါပေမယ့် ခရမ်းချဉ်သီးဆော့တော့ မပါဘူး..ကောင်းတယ်.. အသားက နည်းနည်းကြီးသွားတယ်..ဘီယာနဲ့တော့ မြည်းလို့ကောင်းပါ.. 😀
    • chowutyee says:
      တချို့ အသားတုံးကို ကြီးကြီး တုံးတယ်၊ ၀တ်ရည်ကတော့ ပါးပါးလှီးတော့ ပိုကြွပ်လို့ ပါးပါးလှီးတာ.. မန်ချူးကြက်ကြော်က စားလို့တော့ ကောင်းတယ်နော်.. ခရမ်းချဉ်သီးဆော့ ထည့်လိုက်တော့ ချိုချဉ်လေးနဲ့ ပိုစားကောင်းတာပေါ့:)
  3. pyaykyawko says:
    Good ဒီနေ့ပဲ သွားစမ်းလိုက်မယ် မ၀တ်ရည်..
  4. amara says:
    Hello Wutyee, thanks for recipe and I made the chicken fried today and the best ever fried, taste so good, I will do all the time and will post on facebook @ ein-shin-ma-latyar…thanks a lot, you are so good
    • chowutyee says:
      ခုလိုလုပ်စားလို့ ၀တ်ရည်ကလည်း ကျေးဇူးတင်ပါတယ်… အိမ်ရှင်လက်ရာမှာ တင်ထားရင် ၀တ်ရည် စားရချည်းသေးရဲ့… 🙂
  5. myakhinhtwe says:
    • chowutyee says:
      Nutmeg ကို ဇာဒီပ္ဖိုလ်သီး၊ ဇာပွင့် လို့ပြောပြီး ၀ယ်လို့ရပါတယ်… nutmeg က သစ်ပင်ရဲ့ အစေ့ပါပဲ။ သူက အညှိရောင် အစေ့လေးပါ။ သူကို ခြစ်တံနဲ့ ခြစ်ပြီး ထည့်ရတာပါ။ တခါတလေ Nutmeg အမှုန့်လုပ်ပြီးသား ရရင် ပိုအဆင်ပြေပါတယ်.. 🙂
  6. myakhinhtwe says:
    • chowutyee says:
      Ma MyaKhinHtwe , NutMeg ကို မြန်မာလို ဇာဒီပ္ဖိုလ်သီး၊ ဇာပွင့် လို့ခေါ်ပါတယ်….
  7. Cho says:
    Tomato sauce? Ketchup? Or are you talking about chilli sauce?
Leave a Reply
Your email address will not be published. Required fields are marked *