ပင်လယ်စာ ဂေါ်ဖီရွက်ထုပ်ဟင်း
ပင်လယ်စာ ဂေါ်ဖီရွက်ထုပ်ဟင်း
ဒီဟင်းလေးက ဂေါ်ဖီရွက်နဲ့ ပင်လယ်စာတွေကို ထုပ်ပြီ Microwave နဲ့ချက်ထားတာမို့ တစ်မျိုးဆန်းသစ်တဲ့ ဟင်းသစ် တစ်မျိုးပါ။ ၀တ်ရည်က ဟင်းဆို အသစ်အဆန်းကို ပိုသဘောကျတယ်။ ဒါကြောင့် ဒီဟင်းသစ်လေးကို ချက်စားကြည့်တာ တကယ်စားကောင်းတာမို့ အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားနိုင်အောင် ချက်နည်းနဲ့ တကွတင်ပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ဘော်ကျိစ် – ၁၀ကျပ်သား (အခွံနွာပြီ နှုတ်နှုတ်ဆင်းထားပါ)
၂။ ဂဏန်းချောင်း – ၅ချောင်း (နှုတ်နှုတ်ဆင်းထားပေးပါ)
၃။ ကြက်သွန်မြိတ် – တ၀က် (ပါးပါးလှီးထားပါ)
၎။ ဂေါ်ဖီထုပ် – ၁ထုပ် (ရေစင်အောင် ဆေးထားပေးပါ)
ပင်လယ်စာကို နုယ်ရန် ပါဝင်သောပစ္စည်များ
၁။ ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၂။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ ကြက်ဥအကာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၅။ ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ရ။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ဆော့အတွက် ပါဝင်သောပစ္စည်းများ
၁။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။ ရေ – လက်ဖက်ရည်ပန်းကန်လုံး ၁လုံးစာ
၅။ ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ရ။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ချက်ပြုတ်နည်း
၁။ နှုတ်နှုတ်ဆင်းထားသော (ပုဇွန်၊ ဂဏန်းသား၊ ကြက်သွန်မြိတ်) တို့ကို ပန်းကန်လုံးတစ်ခုထဲ ရောမွှေလိုက်ပါ။
၂။ ပြီးလျှင် နုယ်ရန်ပါဝင်သော ပစ္စည်များဖြစ်သော (ပဲငံပြာရည်၊ သကြား၊ ဆား၊ ကြက်ဥအကာ၊ ကော်မှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ကို ပင်လယ်စာ ပန်းကန်ထဲထည့်၍ ရောမွှေနုယ်လိုက်ပါ။
၃။ ပြီလျှင် ဂေါ်ဖီထုပ်မှ ဂေါ်ဖီရွက် ၆ရွက်ကို ခွာ၍ ရေစင်အောင် ဆေးပါ။
၎။ ပြီမှ ရေနွေး ပွက်ပွက်ဆူနေသော အိုးထဲသို့ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆီ(စားပွဲတင်ဇွန်း တ၀က်) တို့ကို ထည့်ပြီ ဂေါ်ဖီရွက်များကို ၂မိနစ်ခန့် နူအောင် ထည့်ပြုတ်ပေးပါ။
၅။ ထို့နောက် ဂေါ်ဖီရွက်များကို ပြန်ဆယ်ပြီ Microwave (High) ဖြင့် ထဲသို့ ၃မိနစ်ခန့် နူးအိအောင် ထည့်ချက်ပေးပါ။
၆။ ဂေါ်ဖီရွက်များ နူးအိသွားလျှင် နုယ်ထားသော ပင်လယ်စာများကို အပေါ်မှ ထည့်ပြီ ပေးပါ။
ရ။ ပင်စာများကို ဂေါ်ဖီရွက်ဖြင့် ၆ထုပ်ထုပ်ပေးပါ။
၈။ ပြီနောက် Microwave (medium) ထဲထည့်၍  ၄မိနစ် ချက်ပေးပါ။
၉။ ပြီလျှင် ဆော့ချက်ရန် ပါဝင်သောပစ္စည်များဖြစ်သော (ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ရေ၊ ဆား၊ ကော်မှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲ ရောမွှေပြီ ဂေါ်ဖီရွက်ထုပ်များ ပေါ်လောင်းချလိုက်ပါ။
၁၀။ နောက်ဆုံး Microwave ထဲထည့်ပြီ  ပူအောင် ၂မိနစ်ခန့် ထည့်ချက်ပြီ ပူပူနွေးနွေးလေး ပင်လယ်စာ ဂေါ်ဖီရွက်ထုပ်ဟင်းကို အသင့်စားသုံးနိုင်ပါပြီ။
20 comments
  1. Sunny says:
    ချက်ရတာလွယ်ပြီး စားကောင်းမယ့်ပုံလေးပဲ.. လုပ်စားကြည့်ဦးမယ်.. ကျေးဇူး မမ၀တ်ရည်..
  2. ko nyein says:
    I try to cook. I think, nice.
  3. hmone says:
    wow so cool…you have very good talent yummy
    • chowutyee says:
      ဟားဟား ကိုယ်အမွှာကိုယ်မြှောက်ပြော နေတယ်… မှုံကြီး လုပ်စားကြည့် ဟစ်သစ်ဆန်းပဲ… 😀
  4. Lace says:
    🙂 အရမ်းတော်တာပဲ …
    တော်တော်စားလို.ကောင်းမဲ့ပုံ
    လုပ်စားဦးမယ် …
    ကျေးဇူးပဲနော်..
  5. ချော says:
    စိတ်ကူးကောင်းလိုက်တဲ့ ဟင်း
    ထမင်းနဲ့မစားဘဲ ဒီအတိုင်းသာ ဆွဲလိုက်ချင်တယ်…
    ၆ထုပ်ဆိုတော့ မလောက်ဘူး နည်းနေသေးတယ်
    ဘာလို့များများ မချက်လဲဟင်း)
    • chowutyee says:
      heee မချောအတွက် အပို နောက် ၆ထုပ်ချက်ပေးလိုက်ပြီ။ ၀တ်ရည်က အိမ်သား နည်းနည်းပဲ ရှိတော့ အများကြီး မချက်စားဖြစ်လို့ပါ.. 🙂
  6. မ၀တ်ရည်.
    မ၀တ်ရည်ဆိုက်ကို မကြာခဏလာလည်ပါတယ်..
    အခု ပင်လယ်စာ ဂေါ်ဖီိထုပ်ဟင်း စမ်းလုပ်ကြည့်တယ်ဗျ..သမီးနဲ့ ၂ယောက်ပေါ့..။
    ဂေါ်ဖီထုပ်က မာပြီးကျွတ်နေတာနဲ့ လိပ်ရတာ တခုဘဲ နည်းနည်းခက်တာ..
    စားလို့ ကောင်းမှကောင်း…
    ကျေးဇူး။း)
    • chowutyee says:
      သစ်နက်ဆူးရေ။ ဂေါ်ဖီထုပ်ကို ပြုတ်တဲ့အခါမှာ နူဖို့ လိုသွားလို့ ဖြစ်လိမ့်မယ်။ သူက နည်းနည်းကြာကြာ ပြုတ်မှ လိပ်ရတာ လွယ်တာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော်.. 😀
  7. Soe Kyaw Kyaw says:
  8. nilar says:
    ကျေးဇူးတင်တယ်နော်။
    နောက်လဲ အမြဲ ချက်နည်း အသစ်အဆန်းလေးတွေတင်ပေးပါနော်။
  9. Thida says:
    နေ့တိုင်းလာလည်တယ် ဟင်းချက်နည်းသင်နေတာ ကျေးဇူးနော်
  10. Yupar says:
    အစ်မရေ ဟင်းလျာလေးတွေတင်ပေးလို့ကျေးဇူးတင်ပါတယ်
    မနက်ဖြန်ဂေါ်ဖီဟင်းလေးက ညီမအတွက်ချက်ပြီး အမျိုးသားအတွက်က ၀က်သားနီချက်လေးချက်ပေးလိုက်ပါဦးမယ်
    မ၀တ်ရည်လောက်တော့ကောင်းမည်မထင်ပါ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်ကြိုးစားချက်ကြည့်ပါမည်ကျေးဇူးတင်ပါသည်
    • admin says:
      လုပ်စားကြည့်ပါနော် sis.. အရမ်းစားကောင်းမှာပါ sis.. Thanks
Leave a Reply
Your email address will not be published. Required fields are marked *