ကြက်သားအကြွပ်ကြော် အချိုဟင်း

ကြက်သားအကြွပ်ကြော် အချိုဟင်း

ဒီဟင်းလျာကို ကိုရီးယားလို Dak Kang Jung လို့ခေါ်ပါတယ်။ ကိုရီးယားမှာ အလွန်လူကြိုက်များသော ဟင်းလျာဖြစ်ပြီ ကြက်တစ်ကောင်လုံးကို အကြွပ်ကြော်ကာ ဆော့အချိုနဲ့ရောချက်ထားတာ ဖြစ်ပါတယ်။ ၀တ်ရည်ကတော့ ကြက်တစ်ကောင်လုံးအစား ကြက်တောင်ပုံ အသုံးပြုပြီ ဒီဟင်းလျာကို ချက်ပြုတ်ထားတာပါ။ အရသာကတော့ စားလိုက်ရင် ကြွပ်ရွပြီ ချိုစိမ့်တဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းကလည်း လွယ်တာမို့ တူတူပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ကြက်တောင်ပုံ – ၆ခု

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဂျုံ – ဆန်ချိန်ခွက် တ၀က်

ကော်မှုန့် – ဆန်ချိန်ခွက် တ၀က်

ကြက်ဥ – ၁လုံး (ခလောက်ထားပါ)

မြေပဲ – လက်တဆုတ်စာ

ကိုရီးယားငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း တ၀က်

 

ဆော့တွင် ပါဝင်ပစ္စည်းများ

၁။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (အရှည်လေးများ လှီးပါ)

၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

၎။ ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

 

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်တောင်ပံများကို သန့်စင်ပြီ တောင်ပံနှင့်ပေါင်ကြားကို ပိုင်းဖြတ်ပေးပါ။

၂။ ပြီလျှင် တောင်ပံများကို ဇလုံတစ်ခုထဲထည့်သို့ ထည့်၍ (ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ) တို့ဖြင့် ရောနုယ်လိုက်ပါ။

၃။ ပြီမှ ဂျုံနှင့်ကော်မှုန့်ကို ရောနုယ်ပြီ ကြက်တောင်ပံများဖြင့် ရောမွှေလိုက်ပါ။

၎။ ဒယ်ထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းပြီ ကျက်သည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီလျှင် ဒယ်ထဲမှ ပန်းကန်ပြားထဲသို့ ပြန်ဆယ်ထားပေးပါ။

၅။ ပြီနောက် ဆော့ချက်ပါမည်။ ဆော့ချက်ရည် ဒယ်အိုးတစ်ခုထဲသို့ ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ပူလာလျှင် ဂျင်းများ ထည့်ပေးပါ။

၆။ ပြီမှ (ပဲငံပြာရည်၊ သကြား၊ ဗီနီကာ) တို့ကို ထည့်ပြီ ၅မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ထားပါ။

ရ။ ဆော့ရည်ပျစ်လာလျှင် ကြော်ထားသော ကြက်သား၊ ငရုတ်သီးအနှစ်၊ မြေပဲတို့ဖြင့်ေ၇ာမွှေလိုက်ပါ။

၈။ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ပြီ လောင်းထည့်ပြီ မွှေပေးပါ။

၉။ မီးပိတ်၍ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ…

23 comments

  1. ခင်ယမုံ says:

    မနက်ဖန်တနင်္ဂနွေနေ့မှာကြော်စားမယ် ညီမလေး..
    ညီမလေးက ဟင်းအသစ်တွေတင်လိုက် အစ်မကချက်စားလိုက်နဲ့ မအားကို မအားရပါဘူး..
    ညီမလေးကို အရမ်းကျေးဇူးတင်တယ်နော်..
    🙂

  2. thetsu says:

    ကိုးရီးယားငရုတ်သီးနှစ်က ဘယ်နေရာမှာ ထည့်ရမှာပါလဲ

  3. a mike sar lay bae…love it

  4. maung myintswe says:

    SARR THWAR P BYO NAUK LU ATWAT MA CHAN HTAR TOT BU NAW.

  5. ကြက်သားကို ခုလို အကြွပ်ကြော်ပြီးရင် ဆော့ဆမ်းတဲ့အထိ တောင်ရောက်မယ် မထင်ဘူး
    ပါးစပ်ထဲ ရောက်ကုန်မှာ သေချာတယ်း)း)
    ပုံတွေ ကြည့်လို့ စားချင်စိတ်တွေ ပေါ်လာပြီး ဗိုက်တွေ ဆာလာရော

  6. မမိုး says:

    ပုံလေးတွေကြည့်ပြီးစားချင်စိတ်ကိုပေါက်လာတာ
    Sundayမှကြော်စားမယ်………………..

  7. darlay says:

    နောက်တစ်ခေါက်ကြရင်ကိုရီးယားကြက်ပေါင်းလုပ်ပေးပါနော် ! ရုပ်ရှင်တွေထဲကလိုလေ အကောင်လိုက်လေး

  8. darlay says:

    ကျေးဇူးပါပဲ !

  9. […] December 3, 2011 ကြက်သားအကြွပ်ကြော် အချိုဟင်း […]

  10. ဟင်းအသစ်တွေတင်ရင်ပို့ပေးပါအုံးနော်။
    ချက်ထားတာတွေက စားချင်စရာ။ဒါပေမဲ့ ချက်ဖို့အချိန်ယူရအုံးမှာ။
    ဟင်းချက်နည်းတွေအတွက် ကျေးဇူးနော်။

    • admin says:

      ဟုတ်ကဲ့ email subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း ပို့ပေးပါတယ်.. ကျေးဇူးပါ

  11. smile mo says:

    thank you

  12. […] ကြက်သားအကြွပ်ကြော် အချိုဟင်း […]

  13. နှင်း says:

    ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *