ငါးအုန်းနို့ဟင်း

ငါးအုန်းနို့ဟင်း

တရားစခန်းဝင်နေတာနဲ့ ဟင်းသစ်တွေ မတင်ရတာ ကြာသွားပြီ။ 🙂
ခု တဖန် ငါးအုန်းနို့ဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်းမှာ လူကြိုက်များတဲ့ ငါးအုန်းနို့ဟင်းကို အုန်းနို့၊ မန်းကျည်းရည်၊ တို့နှင့် အရသာ ချိုစိမ့်ပြီ ထူးကဲအောင် ချက်ပြုတ်ထားတာပါ။ ငါးဟင်းကောင်းကောင်း စားချင်သူများအတွက်ဆို အလွန် ခံတွင်းတွေ့မှာ အသေချာပါပဲ။ သူမှာ တခြားပါဝင်တဲ့ အိန္ဒိယ ဟင်းခတ်အမွှေးကြိုင်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ အနှစ်တွေကြောင့် စားသုံးတွေကို စိတ်ကျေနပ်စေမှာပါ။ ဒါကြောင့် ဒီဟင်းလေးကိုလည်း လက်တွေ့စမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးတန် (butter fish)                         ♦ ၄၅၀ ဂရမ် (အတုံးလေးများ တုံးပေးပါ)
  • ဟင်းရွက်ဆီ (vegetable oil)                ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ဇီယာစေ့ (cumin seed)                     ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပျဉ်တော်သိမ်းရွက် (curry leaves)          ♦ ၁၀ ရွက်
  • ကြက်သွန်နီ (onion)                          ♦ ၂ဥ (နှုတ်နှုတ်စဉ်းပါ)

  • ခရမ်းချဉ်းသီး (tomato)                       ♦ ၂ခု (အစေ့ထုတ် နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ (garlic)                         ♦ ၅ခု (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း (ginger)                                  ♦ လက်တဆစ် (ထောင်းကာ အရည်ညှစ်ထားပါ)
  • ဆနွင်းမှုန့် (turmeric powder)              ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် (red chilli powder)          ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် (coriander powder)             ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ (water)                                    ♦ ၃၅၀ မီလီလီတာ
  • ငရုတ်သီးစိမ်း (chillies)                       ♦ ၃ခု
  • မန်ကျည်းရည် (tamarind paste)          ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • အုန်းနို့အနှစ် (coconut cream)             ♦ ၂၀၀ မီလီလီတာ
  • ဆား (salt)                                     ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် (chicken powder) ♦ လက်ဖက်ရည်ဇွန်း တ၀က်

 

ချက်ပြုတ်နည်းများ

၁။ ဒယ်ထဲ ဆီထည့်၊ ဆီပူလာလျှင် (ဇီယာစေ့၊ ပျဉ်တော်သိမ်းရွက်) တို့ထည့်ကာ ၁၀စက္ကန့်ခန့် မွှေပေးပါ။

၂။ ပြီမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ဂျင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့် တို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

၃။ ထို့နောက် ရေ(အနည်းငယ်) ထည့်ပေးပြီ ငါးတန်၊ ငရုတ်သီးစိမ်း တို့ကို ထည့်ရောမွှေကာ အဖုံးအုပ်ထားပေးပါ။

၎။ ငါးတန်ကျက်ပြီဆိုမှ မန်ကျည်းရည်၊ အုန်းနို့အနှစ်တို့ ထည့်ကာ ရောမွှေလိုက်ပါ။

၅။ အရသာအပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်များ ထည့်ပေးပါ။

၆။ ပြီနောက် ရေခန်းသွားလျှင် မီးပိတ်ပြီ ငါးအုန်းနို့ဟင်းလေးကို စားသုံးနိုင်ပါပြီ။

 

18 comments

  1. wwmoe says:

    ဆန်ကလည်းကောင်း ငါးတန်ဟင်းကလည်း အရသာရှိနဲ့ စားပြီးအိပ်တော့မယ်။

  2. မိုမို says:

    အင်း
    ကောင်းမဲ့ပုံဘဲ
    တခါမှမစားဘူးဘူး
    ချက်စားကြည့်အုံးမယ်

  3. seeem interesting one…will try later….

    • chowutyee says:

      စားလို့ အရမ်းကောင်းတယ် မှုံကြီး။ ကိုယ်ဆို ကြိုက်မှာ သေချာတယ်.. လုပ်စားကြည့်လိုက်

  4. ခင်ယမုံ says:

    ညီမလေးရေ..
    လုပ်ရမှာလွယ်ပြီး မွှေးပြီးစားလို့တော်တော်ကောင်းမယ့်ပုံလေးပါလား.. ချက်စားမယ်ညီမလေး..
    ကျေးဇူး
    🙂

    • chowutyee says:

      မခင်ယမုံ အုန်းနို့နဲ့ ချက်တာမို့ စိမ့်ပြီ စားလို့ကောင်းတယ်။ ချက်စားကြည့်ပါနော်.. 😛

  5. ဝိတ်လျော့နေတယ် ဝိတ်လျော့တယ်
    ဒီလို ဟင်းတွေ မြင်ရင်လေ ထမင်း သုံးပန်းကန်လောက် နယ်ဖတ်ပြီးစားချင်စိတ်တွေ ပေါက်ပေါက်လာလို့ ခက်နေတယ်.
    ကြည့်ရတာနဲ့တင် တန်ပါပြီလေ.. ဗို်က်တောင် ပြည့်လာသလို ခံစားရတယ်

  6. ကြောင်ပျင်းလေး says:

    ငါးဆိုတော့ ကြောင်ပျင်းလေးက ကြိုက်ပီးသား။ဟီး . . .
    အုန်းနို့နဲ့ဆိုတော့ သွေးတိုးပြီး ကြောင်ပျင်းလေးတော့ တစ်နေကုန်အိပ်တော့မှာဘဲ . .ဟီး . .ဟီဟီး . .

    • chowutyee says:

      အုန်းနို့နဲ့ဆိုတော့ အိပ်ငိုက်မှာတော့ အသေချာပဲ.. ဒါပေမယ့် စားလို့ အ၇မ်းကောင်းတာမို့ လုပ်စားကြည့်နော်..

  7. မြတ် says:

    စားလို့အရမ်းကောင်း ၊ အကုန်စားသွားပြီ

  8. zawwin says:

    အရမ်းကောင်းမဲပုံပဲ

  9. lin thu says:

    thank ma ma

Leave a Reply

Your email address will not be published. Required fields are marked *