သင်္ကြန် အတွက် ရွှေရင်အေး

သင်္ကြန် အတွက် ရွှေရင်အေး

သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…

–      ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်

ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ

၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)

၂။ သကြား – ၂၅ကျပ်သား

၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်

ကျောက်ကျော ပြုလုပ်နည်း

၁။ ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျောအောင် တည်ထားပါ။

၃။ ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။

၎။ ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။

၅။ ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။


မှတ်ချက်။          ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တ၀က်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တ၀က်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီး။

ရွှေရင်အေး တွင်ပါဝင်သောပစ္စည်းများ

၁။ မုန့်လက်ဆောင်းဖတ် – ၁ပြည်

၂။ သာကူစေ့ (လုံးသေး) – ၂၀၀ဂရမ်

၃။ ကောက်ညှင်းပေါင်း – ၁၀ကျပ်သား

၎။ ကျောက်ကျော

၅။ အုန်းသီး – ၁လုံး (အရည်ညှစ်ပြီသား)

၆။ သကြား – ၃၀ကျပ်သား

ရွေရင်အေး ပြုလုပ်နည်း

၁။ အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။

၂။ ပြီမှ သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ ရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

၎။ ထို့နောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ကို တပွဲစာစီပြင်လိုက်ပါ။

၅။ ပြီမှ အုန်းနို့ရည် ယောက်ချိုဇွန်းနှင့် ၁ဇွန်းခန့်ထည့်ပြီ ရွှေရင်အေးကို ရေခဲတုံးလေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ…

46 comments

  1. မီးလေး says:

    စားချင်စရာကြီးနော် သင်္ကြန်ကျရင်ဘုန်းကြီးကျောင်းမှာ သူငယ်ချင်းတွေနဲ့ တူတူလုပ်ဖို့ စီစဉ်ထားကြတယ် နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်း-)

  2. ခင်ယမုံ says:

    သာကူစေ့..မုန့်လက်ဆောင်းဖတ်..ကျောက်ကျော ကအစ်မတို့ဆီမှာရှိဘူး ညီမလေးရယ်..
    ညီမလေးလုပ်ထားတာကိုပဲ အဝစားသွားပြီနော်..
    ကျေးဇူး ညီမလေး

  3. Carib says:

    မုန်.လက်ဆောင်းဖတ် တွေ သာကူစေ.တွေက ဘယ်ကရမှာလဲလို.။ အဟင်.အဟင်. နိုချင်တယ်နော်။

    အမြင်နဲ.ဘဲ ကျေနပ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  4. nyunt nyunt win says:

    မုန့်လက်ဆောင်းဖတ်လုပ်နည်းလေး…တင်ပေးပါအုန်း ၀တ်ရည်လေးရေ

  5. MU YAR says:

    ဟုတ်တယ် ညီမလေးရေ-
    မုန့်လက်ဆောင်းဖတ်လုပ်နည်းလေးသိချင်တယ်နော် 🙂

  6. Su Myat says:

    မုန့်လက်ဆောင်းဖတ်ကဘယ်မှာဝယ်လို့ရလဲဟင် အမ….
    သင်္ကြန်တွင်းဆိုတော့ဝယ်လို့ရပါ့မလား
    ကိုယ့်ဟာကိုအိမ်မှာလုပ်မယ်ဆိုရင်ကောလွယ်လားဟင်
    လုပ်နည်းလေးတင်ပေးပါဦး

    • chowutyee says:

      မုန့်လက်ဆောင်းဖတ်က သင်္ကြန်တွင်း မနက်ခင်း ဈေးထဲမှာ ၀ယ်လို့ရတယ် ညီမ။ အိမ်မှာ လုပ်ချင်ရင်တော့ မုန့်လက်ဆောင်းဖတ်လုပ်နည်း http://shinlay.blogspot.com/search/label/Food ရေးထားပါတယ်…

  7. သင်္ကြန် အိမ်မှာ လုပ်စားလို့ရပီ …ေ
    ကျးဇူး အများကြီးတင်ပါတယ် Sis ၀တ်ရည်လေး ရေ 😀

  8. kha lae sar chin tal….treat me heee

  9. shinpu says:

    ဒါလေးလဲလုပ်စားအုံးမယ်…

  10. poemu seet says:

    အရမ်းစားလို့ကောင်းတာဘဲ မမ

  11. […] April 9, 2012 သင်္ကြန် အတွက် ရွှေရင်အေး […]

  12. hnin zar says:

    မ …
    သာကူအတွက် .အရောင်က အစိမ်းလေး နော် ။ ဘယ်မှာဝယ်လို့ရလဲ။ ဘယ်လိုလုပ်ရမလဲ …မ။ သင်္ကြန်ရောက်ရင် …လုပ်စားမလို့လေ ။

    • admin says:

      သာကူ အစိမ်းရောင်ထုပ်လေးတွေကို City Mart မှာဝယ်လို့ရတယ် ညီမ

  13. susuhtwe says:

    မမ
    ကောက်ညှင်းပေါင်းက ဘယ်လိုလုက်ရမှာလဲ
    လုက်နည်းလေးသကြန်မတိုင်ခင်တင်ပေးပါလား
    ညီမမွေးနေ့မှာလုပ်ချင်လို့ပါ

    • admin says:

      sorry sis ရေ။ မ အလုပ်များတာနဲ့ ကွန်မင့်တွေခုမှ စုပြန်ဖြစ်လို့။ ကောက်ညှင်းလုပ်နည်းကို အောက်မှာ ရေးပေးထားပါတယ်

      ကောက်ညှင်းပေါင်းတွင် ပါဝင်ပစ္စည်းများ
      – ကောက်ညှင်းဆန် – ၅၀၀ဂရမ်
      – ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
      – ရေ – RiceCooker မှာပါတဲ့ ဆန်ချိန်ခွက်သေး တစ်ခွက်
      – ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

      ချက်ပြုတ်နည်း
      – ကောက်ညှင်းဆန်များကို ရေဖြင့် ဆေးပြီး ရေထဲ ၃နာရီ စိမ်ထားပေးပါ။ မှတ်ချက် (၃နာရီထပ် ကြော်ပြီး ကောက်ညှင်းဆန်များကို ရေမစိပ်ပါနှင့်)
      – ၃နာရီပြည့်လျှင် ကောက်ညှင်းဆန်များကို ဇကာဖြင့် ရေပြန်စစ်ပြီး ကောက်ညှင်းဆန်အတွက် ပါဝင်သောပစ္စည်များဖြစ်သော (ဆီ၊ ရေ၊ ဆား) အားလုံးဖြင့် သမအောင် နုယ်ပေးပြီ စတီခွက်ကြီး တစ်ခုထဲထည့်ပြီး ပေါင်းအိုးဖြင့် ကောက်ညှင်းဆန်များ ကျက်သည်အထိ ၁နာရီ ကျော်အထိ မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။
      – ကောက်ညှင်းပေါင်းကို အပေါ်မှ နှမ်းထောင်းဖြူးကာ ပူပူနွေးနွေး သုံးဆောင်လို့ရပါပြီ…

  14. Ma Thandar says:

    ကျေးဇူး အများကြီးတင်ပါတယ် Sis ၀တ်ရည်လေး ရေ
    သင်္ကြန်ကျရင် သူငယ်ချင်းတွေနဲ့ တူတူလုပ်ဖို့ စီစဉ်ထားကြတယ် နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်း)

  15. Ruby says:

    အမရေ မုန့်လက်ဆောင်ဖက်ကဘယ်လိုလုပ်လဲ ဆိုတာ ပြော ပြလို့ရလာ။ ကျေးဇူတင်ပါတယ်ရှင်

  16. kay says:

    မမရေ.. အခုပေးထားတဲ့အချိုးအစားက လူဘယ်နှစ်ယောက်စာအတွက်လဲဟင်…

    • admin says:

      ၈ယောက်စာ အတွက်ပါ

      • Wutt Yi moe says:

        အုန်းနို့က သူများတွေလို့ မစိမ့်ဘူးဘာထည့်ရသေးလဲရှင့် စားတာတစ်ခုခု လိုနေသလိုကြီး ဖြစ်နေလို့ပါ

  17. Ei Phyu says:

    အရမ်းလွယ်ကူတယ်နော် အမ…။။ ညီမလေး စမ်းပြီး လုပ်စားကြည့်လိုက်မယ်….။။ 🙂

  18. niwin says:

    ညီမရေ…အုန်းနို့နဲ့ ၂ ထပ်ကျောက်ကျောဖြစ်အောင် အပေါ်နည်းအတိုင်းပဲ သုံးလို့ ရလားသိချင်ပါတယ်
    ကျေးဇုးပါနော်

  19. KhinWin says:

    Hi Ma…, wondering if you can help me out with “ArrLu ShweKyi” Cake. I love “potato semolina” cake and looking for recipe. Thanks in advance!
    Khin

  20. KhinWin says:

    Thanks Ma. So exited to try it!

  21. tutasoe says:

    အရမ်းကြိုက်​တယ်​ လုပ်​စားကြည့်​မယ်
    မမ၀တ်​ရည်

  22. May Zin Zu says:

    မုန့်​လက်​​ဆောင်းဖတ်​စိမ်းစိမ်း​လေးကဘယ်​လိုလုပ်​ရလဲ
    sis

Leave a Reply

Your email address will not be published. Required fields are marked *