ပါစတာ နှင့် ဟင်းရွက်စုံကြော်

ပါစတာ နှင့် ဟင်းရွက်စုံကြော် (၃ယောက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ဘိုစားပဲ – ၅ကျပ်သား (အရှည်အစောင်းလှီးပါ)

၂။ တူနာငါး သံဗူး ( ၂၀၀ဂရမ်) (အရှည် လှီးပါ)

၃။ ခရမ်းချဉ်သီး – ၂လုံး (၈စိပ်စိပ်ပါ)

၎။ မုန်လာဥနီ – ၂လုံး ( အ၀ိုင်းလှီးပါ)

၅။ ပြောင်းဖူးသေး – ၈ခု (အစောင်းလှီးပါ)

၆။ ကြက်သွန်မြိတ် – ၄ပင် (ပါးပါးလှီးပါ)

၇။ သံလွင်ဆီ – စားပွဲတင်ဇွန်း ၈ဇွန်း

၈။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်ဆင်းပါ)

၁၀။ ဆား

၁၁။ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)

၁၂။ ပါစတာ ( ၄၀၀ – ၅၀၀ဂရမ်)

ချက်ပြုတ်နည်း

၁။ ပါစတာကို ရေနွေးဖြင့် နူအောင်ထိ ၈မိနစ်ခန့် မီးအလယ်အလတ်ဖြင့် ပြုတ်ထားပေးပါ။ ပြီးလျှင် ဇကာဖြင့် ရေစစ်ထားပေးပါ။

၂။ ထို့နောက် ဘိုစားပဲ၊ မုန်လာဥနီ၊ ပြောင်းဖူးသေးများကို ရေနွေးဖြင့် ၂မိနစ်ခန့် ရေနွေးဖျော်ပေးပြီးမှ ရေအေးဖြင့် ပြန်စိမ်ထားပါ။

၃။ ဒယ်ထဲ သံလွင်ဆီ (သို့) ဟင်းရွက်ဆီထည့် ကြက်သွန်ဖြူ ဆီသပ်ပါ။

၎။ ပြီးလျှင် ဘိုစားပဲ၊ မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ကြက်သွန်မြိတ်ထည့် မွှေပေးပါ။

၎။ တူနာငါး၊ ပါစတာကိုထည့် ရေကိုဖြန်းရုံထည့်ပြီး မီးအလယ်အလတ်ဖြင့် မွှေပေးပါ။

၅။ ပြီးမှ အရသာအပေါ့အငံအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ရှာလကာရည်၊ ငရုတ်ကောင်းမှုန့်ဖြူးပေးပါ။

၆။ ပါစတာဟင်းလျာကို စားသုံးနိုင်ပါပြီး။ ပါစတာကြိုက်နှစ်သက်သူများ နှစ်ချိုက်မည့် ဟင်းလျာဖြစ်ပါတယ်။

ဟင်းအကြောင်း

– ပါစတာနှင့် ဟင်းရွက်စုံကြော်ဟင်းက ၀တ်ရည်ထွင်ထားတဲ့ ဟင်းပါ။ ၀တ်ရည်က ပါစတာကြိုက်တာကြောင့် သူနှင့် လိုက်ဖက်မည့် အမည်များနှင့် တွဲဖက်ချက်ထားပါတယ်။ ချက်စားကြည့်ပါ ပါစတာကြိုက်သူများ ကြိုက်နှစ်သက်ကြပါလိမ့်မယ်။

7 comments

  1. Hmone Gyi says:

    WOW this one look very yummy and look easy to make …. i have some pasta at home will try

  2. leo says:

    ဟီး..လာစားသွားပါတယ်။

  3. ငြိမ်းငြိမ်း says:

    ပါစတာကြိုက်တယ်ဆိုလို့ နောက်တစ်နည်းလက်ဆောင်ပေးလိုက်မယ်။ ဟင်းချက်ဖို့  အချိန်မရတဲ့နေ့ မျိုးအတွက်အဆင်ပြေပါလိမ့်မယ်။ ခရမ်းချဉ်သီးတစ်လုံးလှီးပြီး ပန်းကန်ထဲမှာတူနာဘူးသေးတစ်ဘူးနဲ့ရောမွှေပါ။ ပါစတာပြုတ်ပြီး ရေစစ်ပြီးတာနဲ့ ခုနရောမွှေထားတဲ့ပန်းကန်ထဲ ရောထည့်လိုက်ပါ။ ပြီးပါပြီ။ နာမည်ကြီးနွေရာသီစာပါ။ သြော် အရေးကြီးတာကပါစတာပြုတ်ရင် ရေထည့် ဆားထည့် ရေဗွမ်းဗွမ်းဆူမှ ပါစတာထည့်ပါ။

    • chowutyee says:

      မငြိမ်းငြိမ်း ပါစတာ ချက်နည်းလေးအတွက် ကျေးဇူုးပဲနော် လုပ်စားကြည့်ပါအုန်းမယ်.. 🙂

  4. fkthet says:

    ချက်စားကြည့်မယ်

Leave a Reply

Your email address will not be published. Required fields are marked *