ပြည်ကြီးငါး အချိုကြော်ချက်
ပြည်ကြီးငါး အချိုကြော်ချက်
အလုပ်သွားရင် ထည့်ပေးဖို့ စဉ်းစားမိတဲ့ ထမင်းဘူးလေးကတော့ ပြည်ကြီးငါးကို ရွှေပဲသီး၊ ၀က်သားပြားတို့နှင့် အချိုကြော်ထားတဲ့ ဟင်းလျာလေးပါ။ ချိုစိမ့်ပြီ ဟမ်အရသာကြောင့်ပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်…
ပါဝင်ပစ္စည်းများ
  • ပြည်ကြီးငါး – ၂၄၀ ဂရမ် (ရေစင်အောင်ဆေးပြီ အညှစ်အကြေးများ ဖယ်ထားပါ)
  • ဟမ်(၀က်သားပြား) – ၄ပြား (အတုံးလေးများ လှီးပါ)
  • ရွှေပဲသီး – ၁၅ခု (အညှာလှီးထားပါ)
  • ဆား- လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဂျင်း – ၅ပြား
  • ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
နုပ်ထားရန် ပါဝင်ပစ္စည်များ
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပေးပါ)
  • ၀ိုင် – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါးကို ဓားဖြင့် ပုံတွင်ပါသည့်အတိုင်း ကြက်ခြေခတ်ပုံ မွှန်းပေးပါ။
၂။ ပြီမှ ပြည်ကြီးငါး နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဂျင်း၊ ၀ိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။
၃။ ထို့နောက် ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးအိုးထဲ နုပ်ထားသော ပြည်ကြီငါးများကို ရေနွေးဖျော်ပြီ ပြန်ဆယ်ထားပါ။
၎။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ကာ ကြက်သွန်ဖြူ၊ ဘေကွန်များကို ကြော်ပေးပါ။
၅။ ထို့နောက်မှ ရွှေပဲသီး၊ ပြည်ကြီးငါး၊ ဆား၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် ထည့်ကာ ၁-၂ မိနစ်ခန့် ကြော်ပေးပါ။
၆။ ပြည်ကြီးငါး၊ ဟမ်အချိုချက်ကို ထမင်းဘူးထည့်လို့ ရပါပြီ…
27 comments
  1. yeyint pyaesone says:
    ဟင်းချက်နည်းအသစ်လေးတွေတင်တိုင်းemail ပို့ပေးပါနော်။
    • admin says:
      ဟုတ်ကဲ့ပါ။ အားပေးလို့ အရမ်းကျေးဇူးတင်ပါတယ်နော်… ဟင်းသစ်တင်တိုင်း သိနိုင်ရန် Email Subscription လုပ်ပေးပါနော်… 🙂
  2. ခင်ယမုံ says:
    ညီမလေးရေ..
    ချက်ရမှာလွယ်လွယ်လေးပဲ..
    လုပ်စားမယ်..ကျေးဇူးနော်..
    ဝတ်ရည်ရဲ့ အိမ်သစ်လေးကလှပခန့်ထည်နေတာပဲ..ကောင်းလိုက်တာ
    🙂
  3. hmone gyi says:
    look simple and very taste dishes …will try on some time thx
  4. aye mya says:
    အရမ်းစားလို့ကောင်းမဲ့ပုံပဲ…။
  5. aye mya says:
    စားလို့ကောင်ပါတယ်..။
  6. aye mya says:
    အစ်မရဲ့ဟင်းချက်နည်းတွေကိုအမြဲကြည့်ပြီးချက်စားဖြစ်တယ်…။အထူးအဆန်းဟင်းချက်နည်းတွေရှိရင်တင်ပေးပါနော်…။
  7. Ngae Lay says:
    pls provide by mail for the new item for cooking.
    Have a nice time & family.
    Thanks a million.
  8. Thae Phyu says:
    Hello,
    I always read your new post and cook like you said. Thank you for the recipes.
    Best.
  9. Su Su says:
    ဟင်းချက်နည်းလေးတွေ သဘောကျလို့ပါ။ 🙂
  10. nono says:
    မမရေ ထမင်းဘူးပြင်တဲ့ပုံစံလေးတွေတင်ပေးတာ ကျေးဇူးများကြီးတင်ပါတယ်နော် ကလေးရောလူကြီးပါထမင်းဘူးထည့်လို့အဆင်ပြေတာလေးတွေနောက်ထပ်တင်ပေးပါဦးနော်
  11. chawsu says:
    I like yr cooking !
    best wishes
  12. kokolwin says:
    မ ဝတ်ရည်
    နှမ်းဆီ ရိုးရိုးဆီ ဘာကွာပါသလဲ
    thank u
    • admin says:
      နှမ်းဆီက မွှေးတယ်။ ဒါပေမယ့် များများထည့်ရင် ခါးတယ်။ ဒါကြောင့် အနံ့မွှေးအောင်ပဲ ဟင်းချက်တဲ့အခါ နည်းနည်းပဲ ထည့်သုံးပါတယ်.. ရိုးရိုးဆီကတော့ ကြော်တာ၊ ချက်တာ အားလုံးအတွက် အဆင်ပြေပေမယ် နှမ်းဆီလို မမွှေးဘူးပေါ့.. 🙂
  13. winbohin says:
    ပို့ပေးပါနော်
Leave a Reply
Your email address will not be published. Required fields are marked *