မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်

မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်

အဓိကဟင်းလျာ မစားခင် အစာပြေ စားဖို့ မုန်လာဥနီကို ကြိတ်ပြီ အလုံးလုပ်ထားတဲ့ Antipasto လေးပါ။ သက်သက်လွတ်စားသူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဟင်းလျာတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ မုန်လာဥနီ၊ မက်မွန်စေ့၊ သီဟိုဌ်စေ့၊ တို့ပါဝင်ပြီ ထိုင်းငရုတ်သီးအချိုဆော့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ဆလတ်သုတ်အတွက် မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သခွာသီး တို့ကို ရောသုတ်ထားတာ ဖြစ်ပါတယ်။ လုပ်နည်းလေးကို ကြည့်လိုက်ရအောင်…

ဆလတ်သုတ်အတွက် ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ – ၁ခု (အတုံးသေးများတုံးပါ)
  • သခွာသီး – တ၀က် (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • သံပရာသီး – တ၀က် (အရည်ညှစ်ပါ)
  • Tobassco – ၂စက်

မှတ်ချက် ။ ။ ဆလတ်သုတ်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။

မုန်လာဥနီ croquettes အတွက် ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ – ၁ခွက်စာ (နှုတ်နှုတ်စဉ်းပါ)

  • မက်မွန်စေ့ [almond] – ၁ခွက်စာ

မှတ်ချက်။ ။ မက်မွန်စေ့တ၀က်ကို ရေထဲ စိမ်ထားပေးပြီ ပါးပါးလှီးထားပါ။ ကျန်တ၀က်ကို ငရုတ်ဆုံဖြင့် မညက်တညက်ထောင်းထားပါ။

  • သီဟိုဌ်စေ့ [cashew nut] – ခွက်တ၀က် (ရေထဲ စိမ်ထားပြီ ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဇီယာစေ့ [cumin pdr] – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပေးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း၃ပုံ၁ပုံ
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • တရုတ်နံနံပင် – အနည်းငယ်(နှုတ်နှုတ်စဉ်းပါ)
  • နံနံပင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)

မုန်လာဥနီ croquettes ပြုလုပ်နည်း

၁။ မုန်လာဥနီ croquettes အတွက် ပါဝင်ပစ္စည်းများ အားလုံးကို Blender ထဲ ထည့်ပြီ ရောကြိတ်ပေးပါ။

၂။ မုန်လာဥနီ ကြိတ်ပြီလျှင် ပုံတွင်ပါသည့်အတိုင်း တကိုက်စာ အလုံးလေးများ လုံးပေးပြီ ထောင်းထားသည့် မက်မွန်စေ့များ ကပ်လိုက်ပါ။

၃။ မုန်လာဥနီ croquettes လုံးလေးများ ရပြီဆိုလျှင် သူနှင့်တွဲဖက်စားဖို့ ဟင်းရွက်ဆာဆာလို့ခေါ်တဲ့ ဆလတ်သုတ်လေး၊ ထိုင်းငရုတ်သီး အချိုဆော့တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

 

————————————————————————————————–

21 comments

  1. hmone gyi says:

    seem interesting…will try too and thx pig yee 🙂

  2. yoe lay says:

    မရေ.. အဲ့ဒါက ဒီတိုင်းလေးပဲ စားရုံပဲပေါ့နော် .. ထပ်ကြော်စရာ ချက်စရာမလိုပဲ အစိမ်းတိုင်းပဲ စားရတာမျိုးလားဟင် .. သိပ်မခက်တော့ လုပ်စားကြည့်မလို့ ဟီး ..

    • admin says:

      ဟုတ်တယ် ညီမ။ ဘာမှ ထပ်ကြော်စရာ မလိုဘူး။ အစိမ်းပဲ စားရတာ။ စားလို့ အရမ်းကောင်းတယ် 🙂

  3. hnin says:

    ဟုတ်တယ်နော် ဒီတိုင်းပဲစားရမှာလား သိချင်တယ်စားကောင်းမယ့်ပုံလေးပါ…..ကျေးဇူးတင်ပါတယ် မဝတ်ရည်

    • admin says:

      ဟုတ်တယ် ညီမရေ.. ဘာမှ ထပ်လုပ်စရာ မလိုဘူး။ 😉

  4. စားကောင်းမဲ့ ပုံလေးဘဲ….
    အဆိမ့်ကြိုက်တာနဲ့တော့ အဲဒီ အစေ့လေးတွေ အများကြီးထည့်မိရင် ဒုက္ခ

    • admin says:

      မချော ပိုတောင် စားလို့ကောင်းအုန်းမယ်.. ဆိမ့်ဆိမ့်လေး ဆိုတော့..

  5. Seng Li Kham says:

    စားချင်စရာလေး..

  6. kaykhinewin says:

ွှအရမ်းကောင်းမယ့်ပုံပဲ…
    သက်သက်လွတ်ဟင်းလျာတွေတင်ပေးလို့ကျေးဇူးနော်..မ
    🙂

  7. ထူးဆန်းစာလေး လုပ်စားကြည့်မယ် ဝတ်ရည်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  8. Aye Aye Tint says:

    its look very delicious

  9. june says:

    စားကောင်းမဲ့ပုံလေးနော်.တခါမှမစားဖူးသေးဘူး.လုပ်စားကြည့်မယ်..စားကောင်းတာတခုသိ၇လို့ ကျေးဇူးဘဲညီမ
ေ၇…

  10. Tin Tin Oo says:

    သက်သက်လွတ်ဟင်းလျာတွေတင်ပေးလို.အများကြီး.ကျေးဇူးတင်ပါတယ် ဝတ်ရည်ရေ။

  11. nono says:

    မမရေပြန်မကြော်ရတော့ဘူးလား အစိမ်းနံ့များနံမလားလို့ သတ်သတ်လွတ်ဟင်းတွေရော ထမင်းဘူးပြင်တဲ့ပုံစံရော များများတင်ပေးပါဦးနော် မနက်ဘာချက်ရမှန်းမသိရင် မမဟင်းတွေပဲပြန်ကြည့်ပြီးချက်နေရလို့ပါ အားမအားမသိဘဲ ပြောလိုက်မိတာ sorryပါနော်

    • admin says:

      ဟုတ်ရပါတယ် ညီမရေ။ အစိမ်းနံ့ မနံ့ဘူး၊ စားလို့ ကောင်းတယ်။ ၀တ်ရည်လည်း ကြိုးစားပြီတော့ ဟင်းတွေ များများ တင်ပေးပါ့မယ်.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *