Rice ဘာဂါ (Rice Burger)

Rice ဘာဂါ (Rice Burger) (၃လုံးစာ)

Wutyee Food House ကို စတင်တည်ထောင်လာတာ ၃ပြည့်ကျော်နေပါပြီ။ ၃နှစ်အတွင်း ၀တ်ရည် သိတတ်သမျှ ချက်နည်းလေးကို ဟင်းချက်မောင်နှမများနှင့် ဝေမျှ ခဲ့ပါတယ်။ ဒီနေ့ အမှတ်တရလေးကတော့ ဟင်း ၂၀၀ပြည့် အထိမ်းအမှတ်လေးပါ။ နောက် ဟင်း ၃၀၀ပြည့်၊ ၄၀၀ပြည့်လေးတွေလည်း ကျင်းပချင်ပါသေးတယ်။ Wutyee Food House ကိုအားပေးသော ဟင်းချက် ညီအစ်ကို၊ မောင်နှမများ အားလုံးကို Wutyee Food House မှ အထူး ကျေးဇူးတင်လျှက် ရှိကြောင်း ပြောကြားချင်ပါတယ်..

ဟင်း ၂၀၀ပြည့် အမှတ်တရအနေနဲ့ rice ဘာဂါလေးကို တင်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ ဒီဟင်းလေးက ဆန်းလည်း ဆန်းတယ်၊ စားလို့ကောင်းတဲ့ Rice ဘာဂါလေးပါ။ ဘာဂါမှာ ပါမုန့်ကို မသုံးထားပဲ ထမင်းကို ပါမုန့်အစား သုံးထားခြင်း ဖြစ်ပါတယ်။ ထမင်းကို အသားပြားနဲ့တွဲစားရသလို ဖြစ်ပေမယ့် သူမှာ ထူးခြားတဲ့ ဖန်တီးမှုတွေ၊ အများကြီးပါဝင်ပါတယ်။ ခုပဲ rice ဘာဂါကို တူတူလုပ်စားလိုက်ရအောင်…

Rice bun ပါဝင်ပစ္စည်းများ

  • ဆန် – ၂လုံး (ဆန်ကို မဆေးပဲ၊ ချက်နေကျအတိုင်း ထမင်း ချက်ပေးပါ)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်သားပြား ပါဝင်ပစ္စည်းများ

  • ကြက်သား –  ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်ကောင်းမှုန့်(အဖြူ) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် ကြက်သားပြားအတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို သမအောင် ရောနုယ်ပေးပါ။

၂။ ထို့နောက် အသားများကို  ၂လက်မအရွယ် အ၀ိုင်းပြား ၃၀ိုင်းလုပ်ပေးပါ။

၃။ ပြီနောက် ဒယ်ထဲ ဆီထည့်ပြီ အ၀ိုင်းပြား အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၎။ ကြက်သားပြားများ ရပြီဆိုလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။

၅။ Rice bun အတွက် ချက်ပြီသားထမင်း(၁ခွက်)စာ ပလတ်စတစ်အကြည်ထဲ ထည့်ပြီ ပုံတွင်ပါသည့်အတိုင်း ၂လက်မအရွယ် ထမင်းဝိုင်းပြားဖြစ်အောင် ခပ်ကျစ်ကျစ်လေး ထုပ်ပေးပါ။

၆။ ထိုနည်းအတိုင်း ကျန်rice bun ၅လုံးထပ်လုပ်ပေးပြီ ရေခဲသေတ္တာ(အောက်ထပ်) တွင် ၁၀မိနစ်ခန့် ထည့်ထားပေးပါ။

ရ။ ပြီမှ ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ rice bun များကို အညှိရောင်သန်းသည်အထိ တဖက်ကို ၅မိနစ်နှုန်းဖြင့် အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၈။ ပြီနောက် အပေါ်မှ နှမ်းလေးများ ဖြူပေးပါ။

၉။ ခု rice ဘာဂါကို စလုပ်ပါတော့မည်။ အရင်ဆုံး rice bun တစ်ခုပေါ်တွင် ဆလတ်ရွက် ၁ရွက်ခင်းပြီ ကြက်သားပြားကို တင်လိုက်ပါ။

၁၀။ ပြီမှ နောက်ဆလတ်ရွက် ၁ရွက်ခင်းပြီ နောက် rice bun တစ်ခုကို တင်ပေးပါ။

၁၁။ အရသာရှိပြီ ဆန်းသစ်သော Rice ဘာဂါကို သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————

19 comments

  1. uyemyo says:

    အသစ်အဆန်းတစ်မျိုးစားရမှာမို့
    ကျေးဇူးပါ။
    ၃၀၀ပြည့် ၄၀၀ပြည့် ကိုစောင့်မျှော်လျက်
    အထူးအောင်မြင်ပါစေ…

  2. ခင်ယမုံ says:

    ညီမလေးရေ..
    Wutyee Food House ရဲ့ ၃နှစ်ပြည့်ကနေ နှစ်ပေါင်းများစွာသို့..
    ဟင်းပွဲ ၂၀၀ ကနေ ဟင်းရာပေါင်းများစွာသို့..
    ပိုပြီးအောင်မြင်ပါစေ..
    အမြဲတမ်းအားပေးနေပါတယ်..
    🙂
    ဒါလေးလည်းချက်စားမယ်နော်..အဆန်းလေး…

    • admin says:

      ကျေးဇူးပါ မခင်ယမုံ။ အမြဲတမ်း အားပေးမယ်ဆိုလို့ ၀တ်ရည်က ကျေးဇူးတင်ပါတယ်။ ထမင်းဘာဂါလေးက ဆန်းပြီ စားလို့လည်း ကောင်းတယ် မ 🙂

  3. Khine Mar Han says:

    It seems so delicious. i always visit ur blog. u r really genius.

  4. sanhlaing says:

    ဟင်းချက်တာထက် မုန့်၊ နေ့လည်စာကို ပိုကြိုက်ပါတယ်

    • admin says:

      ဟုတ်ကဲ့။ အားရင်လည်း လုပ်စားကြည့်ပါ။ ထမင်းဘာဂါလေးက စားလို့အရမ်းကောင်းတယ်

  5. phyuhninwaisoe says:

    So.. Likesss, thank you!

  6. wyne says:

    အမရေ အရမ်းကြိုက်သွားပြီ
    ကျေးဇူးပါ

  7. Nandar says:

    Bravo. Wishing you all the success. 🙂 From 200th dish to 2000 dish 🙂

  8. Yadana says:

    မမ နှမ်းဆီ အစားပဲဆီသုံးလို့ရလား။ကျေးဇူးပါနော်။

    • admin says:

      နှမ်းဆီ မရှိရင်တော့ ရိုးရိုးဆီနည်းနည်းပဲ ထည့်စရာလိုမယ်။ နှးမ်ဆီကတော့ ပိုမွှေးတာပေါ့

  9. Yadana says:

    Sis,နှမ်းဆီအစား ပဲဆီရောသုံးလို့ရလား။ကျေးဇူးပါနော်။

  10. ဝင်းလဲ့ says:

    ဆန်ကဘာလို့မဆေးရလဲရှင့်

Leave a Reply

Your email address will not be published. Required fields are marked *