တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

 

ဂျပန်မှာ လူကြိုက်များတဲ့ တရုတ်စတိုင် ၀က်သား တို့ဟူးဟင်းပါ။ ၀က်သားကို နှုတ်နှုတ်စဉ်းပြီမှ တို့ဟူးဖြင့် ရောချက်ထားတာပါ။ ထမင်း ပူပူလေးနဲ့ တွဲဖက် စားမယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ဟင်းတခွက်ပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီးနှစ် – စားပွဲတင်ဇွန်း တ၀က်
  • မီဆိုအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် (ဆာကေး) – စားပွဲတင်ဇွန်း ၁ဇွန်း (optional)
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပေးပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။

၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ ပြီမှ အရှည်လိုက် ၄ပိုင်းပိုင်းပြီ အလျားလိုက် ၄ပိုင်ပိုင်းကာ အတုံးလေးများ တုံးပေးပါ။

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။

၂။ ပြီမှ နှုတ်နှုတ်စဉ်းထားသော ၀က်သားများကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပြီလျှင် ဆန်ဝိုင်လောင်းထည့်ပါ။

၃။ ထို့နောက် ငရုတ်သီးနှစ်၊ မီဆိုနှစ် တို့ဖြင့် ၀က်သားကို ရောမွှေပါ။

၎။ ထို့နောက် ပဲငံပြာရည်၊ တို့ဟူး၊ သကြား တို့ကိုထည့်ပြီ ကြက်ပြုတ်ရည်(သို့) ရေ ၁ခွက်ခန့် ထည့်ကာ ပွက်ပွက်ဆူဆူအောင် မီးပြင်းပြင်းနဲ့ တည်ထားပါ။

၅။ ပွက်ပွက်ဆူလာလျှင် မီးအသင့်တင့်ပြန်ထားပြီ အပေါ်မှ နှမ်းဆီ၊ ကြက်သွန်မြိတ်များဖြူးပေးပါ။

၆။ ပြီမှ အပေါ်မှ ကော်ရည်များကို ထည့်ပြီ ဇွန်းဖြင့် တို့ဟူးများကို မပဲ့သွားအောင် ဖြည်းဖြည်းလေး ရောမွှေပြီ မီးပိတ်လိုက်ပါ။

ရ။ အရသာရှိသော တရုတ်စတိုင် ၀က်သား တို့ဟူးဟင်းလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ…

19 comments

  1. Aye Swe says:

    Thank you very much. Actually, this expression is not enough to show how I feel.
    Expecting more new dishes.
    With best wishes,

    Aye Swe

  2. Hmone gyi says:

    one of my favourite, it is Ma po bean curd With pork meat and i ordered for my registration day yummy

  3. စိမ်းစိမ်းလတ် says:

    မီဆိုအနှစ်ဘယ်မှာဝယ်ရမလဲ

    • admin says:

      City Mart မှာ ဂျပန် မီဆိုအနှစ်ဆိုပြီ မေးဝယ်လို့ရပါတယ်။

  4. Mi Aye Mon says:

    ဒီဟင်းကို အကြိုက်ဆုံးဘဲ… ကျေးဇူးတင်ပါတယ်… ချက်လိုက်ဦးမယ်…

  5. susan says:

    ငရုတ်သီးအနှစ်က ဘယ်လိုလုပ်၇လဲ

    • admin says:

      Ready Made ငရုတ်သီးအနှစ် ၀ယ်ထည့်လည်းရပါတယ်။ (သို့) ငရုတ်သီးပုပွကို အစေ့ထုတ် ရေနွေးပြုတ်ပြီ မညက်တညက်ထောင်းပြီ ထည့်လည်းရပါတယ်

  6. Khin Sandar Win says:

    တို့ဟူးလားပဲပြားလား၊ပုံမှာပဲပြားနဲ့တူတယ်နော်သိပ်မကွဲလို့နော်

    • admin says:

      ဟုတ်။ ဂျပန် တို့ဟူး အဖြူကို ပြောတာပါ။ မြန်မာ ပဲပြားနဲ့တော့ တူတူပါပဲ၊ ဒါပေမယ့် ဂျပန်တို့ဟူးအဖြူက ပိုနူးညံ့ပြီ ဒီလိုဟင်းချက်လို့ ပိုကောင်းပါတယ်… City Mart မှာ ၀ယ်လို့ရပါတယ်

  7. Khin Sandar Win says:

    ပဲပြားလားတို့ဟူးလားပုံထဲမှာပဲပြားတွေလားလို့ပါ

  8. nini says:

    ဂျပန်တို့ ဟူးအဝါလိုအထုပ်မျိုးအဖြူကိုပြောတာလားညီမ
    အားပေးနေတယ်နော်

    • admin says:

      ဂျပန်တို့ဟူး အဖြူ (ပဲပြားလို) အတုံးလေးတွေ City Mart မှာရောင်းပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *