ငပျောရွက် အုန်းထမင်းထုပ်

ငပျောရွက် အုန်းထမင်းထုပ် (၄ယောက်စာ)

မလေးရှား၊ အင်ဒိုနီးရှားမှာ လူကြိုက်များတဲ့ Nasi Lemak လို့ခေါ်တဲ့ အုန်းထမင်းကို ငပျောရွက်နဲ့ တြိဂံပုံထုပ်ပြီ သုံးဆောင်ကြပါတယ်။ သူရဲ့ ထူးခြားမှုက Sambal chilli ငရုတ်သီးအနှစ်၊ ကြက်ဥပြုတ်၊ သခွာသီး၊ မြေပဲလှော်၊ ငါးသေးကြော်တို့နှင့် အစုံအလင် တွဲဖက်စားသုံးရတာပါ။ အရမ်းစားလို့ကောင်းတာမို့ သင်္ကြန်တွင်းမှာ တူတူလုပ်စားကြရအောင်…

အုန်းထမင်းနှင့် တွဲဖက်စားသုံးရန် ပါဝင်ပစ္စည်းများ

  • ငါးသေးကြော် – ဆီဖြင့် ကြွပ်အောင် ကြော်ထားပေးပါ
  • သခွာသီး – ၂လုံး (ပါးပါးလှီးပါ)
  • မြေပဲလျှော် – ၂ထုပ်
  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ပြီ ၄စိပ်စိပ်ထားပါ)

အုန်းထမင်းချက်ရန် ပါဝင်ပစ္စည်းများ

  • ဆန် – ၂ခွက်
  • အုန်းနို့ခရင်း – ၁၆၀မီလီလီတာ
  • ရေ – ၂ခွက်ခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ဂျင်း – ၃ပြား
  • ဆွမ်းမွှေးရွက် – ၁ရွက် (ချည်ထားပါ) Optional

ငရုတ်သီးအနှစ်တွင် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးပု – ၂၀ ဂရမ် (အညှာ၊ အစေ့ဖယ်ပြီ ရေနွေးဖြင့် ၅မိနစ် ပြုတ်ထားပါ)
  • ကြက်သွန်နီ – ၂လုံး (၁လုံးကို ပါးပါးလှီးပြီ ကျန်၁လုံးကို နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ထားပါ)
  • ပုဇွန်ခြောက် – စားပွဲတင်ဇွန်း၁ဇွန်းခွဲ (ညက်အောင် ထောင်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

ငရုတ်သီးနှစ် ချက်နည်း

၁။ အရင်ဆုံး ပြုတ်ထားသော ငရုတ်သီးပုပွ၊ ရေ၁၀၀ မီလီလီတာကို ကြိတ်စက် (Blender) ထဲထည့်ကာ ကြိတ်ပေးပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းဆီသပ်ပေးပါ။

၃။ ထို့နောက် ငရုတ်သီးနှစ်၊ ပုဇွန်ခြောက်၊ ဆား၊ သကြား၊ ကြက်သွန်နီ(ပါးပါးလှီး) တို့ကို ထည့်ပြီ ၂မိနစ်ခန့် တည်ပြီ မီးပိတ်လိုက်ပါ။

အုန်းထမင်းချက်နည်း

၁။ အရင်ဆုံး ဆန်ကို ရေ၃ကြိမ် ဆေးပြီ အုန်းနို့ခရင်း၊ ရေ၊ ဆား၊ ဂျင်း၊ ဆွမ်းမွှေးရွက်တို့ကို ထည့်ပြီ ရိုးရိုး ထမင်းချက်သလို Rice Cooker ဖြင့် ချက်ပေးပါ။

၂။ အုန်းထမင်းရပြီဆိုလျှင် ငပျောရွက် အုန်းထမင်းထုပ်အတွက် ပြင်ဆင်ပါမည်။

၃။ ငပျောရွက်ပေါ် အုန်းထမင်း၊ ကြက်ဥပြုတ်၊ သခွာသီး၊ ငရုတ်သီးနှစ်၊ မြေပဲလှော်၊ ငါးသေးကြော် တို့ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

၎။ ဒါကတော့ အုန်းထမင်းကို အသားဟင်းပါမှ စားချင်သူတွေအတွက် ကြက်သားဟင်းပါ တွဲဖက်သုံးဆာင် နိုင်ပါသည်။

 

9 comments

  1. သော်တာ says:

    စားချင်စရာလေး မရေ
    ညီမက ဟင်းချက်တာ မုန့်လုပ်တာဝါသနာပါတယ်
    ရန်ကုန်မှာ FOOD MAGAZINE ကိုဖတ်ပြီးအရမ်းကြိုက်လို့ အခုနယ်ကနေမှာပြီး လတိုင်းဖတ်နေတယ် အားပေးနေပါတယ်မရေ

  2. Ei says:

    စင်္ကာပူမှာစားဖူးပြီး စားချင်နေသေးတာ အိမ်ကလူတွေကိုလည်း ကျွေးချင်နေတာ အတော်ပဲ ညီမလေး ကျေးဇူးပါနော်

  3. ဖြူ says:

    တော်တော်ကောင်းတယ်မဝတ်ရည်ရေ ကျေးဇူးအထူးပါ

  4. yi lay wai says:

    Thanks for your mail. I ready do it…….

Leave a Reply

Your email address will not be published. Required fields are marked *