ပြည်ကြီးငါး အစာသွပ်
ပြည်ကြီးငါး အစာသွပ်
ပြည်ကြီးငါးကို ဟမ်၊ ချိစ်၊ ပါမုန့်ခြောက်၊ အစာသွပ်ထားတာပါ။ ပြီမှ ပေါင်းအိုးဖြင့် ပေါင်းပြီ အပေါ်မှ ဆော့ရည်ဆမ်းပြီ သုံးဆောင်ရတာပါ။ ဆော့ရည်ကြောင့် ချဉ်စပ်နဲ့ ချိစ်အရသာ စိမ့်စိမ့်လေးကို ရရှိမှာပါ။ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…
အစာသွပ်တွင် ပါဝင်ပစ္စည်းများ
  • ပြည်ကြီးငါး – ၄၀ကျပ်သား
  • ဟမ် – ၅ပြား (အတုံးသေးများတုံးထားပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ချိစ် – ၄ပြား (အတုံးသေးများ တုံးပါ)
  • တရုတ်နံနံ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စင်းပါ)
  • Oregano – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ကြက်ဥ – ၁လုံး
ဆော့တွင် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ရည် ပြုလုပ်နည်း
၁။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်၊ ဗီနီကာ၊ ရေ) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။
အစာသွပ် ချက်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါး ပေါ်မှ အညှိုအချွဲ၊ အရည်ခွံ၊ ခေါင်းအားလုံးကို ဖယ်ရှားပြီ သန့်စင်ထားပေးပါ။
၂။ ပြီလျှင် အစာသွပ်ရန် (ဟမ်၊ ချိစ်၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ oregano၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) တို့ကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။
၃။ ပြီနောက် ပြည်ကြီးထဲသို့ ဟမ်၊ချိစ်များကို အစာ တ၀က်သွပ်ပေးပါ။
၎။ ထို့နောက် အစာသွပ်ထားသော ပြည်ကြီးငါးကို သွားကြာထိုးတံဖြင့် ပိတ်ပေးပါ။
၅။ ထို့နောက် ပေါင်းအိုးဖြင့် ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။
၆။ ပေါင်းပြီလျှင် ပြည်ကြီးငါး အစာသွပ်ကို ဓားဖြင့် မွှန်းပေးပြီ ပန်းကန်တစ်ခုတွင် ပြင်ပေးပါ။ ပြီနောက် အပေါ်မှ ဆော့ရည်များကို လောင်းချလိုက်ပါ။
ရ။ အရသာရှိသော ပြည်ကြီငါး အစာသွပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
23 comments
  1. Akari San Thein says:
    Ma Wutyee,
    Just saw ur site and did visit a while. Very nice. Thanks for ur sharing.
    • admin says:
      နောက်လည်း လာအားပေးပါအုန်း.. ကျေးဇူးပါ
  2. ဇေယျာလင်း says:
    oregano ဆိုတာဘာလဲဟင်။
    • admin says:
      အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် တမျိုးပါ
  3. khin lay says:
    Thanks a lot for your sharing , Ma Wutyee . I like your cooking ways .
  4. Hmone gyi says:
    new lay par lar sar chin like tar 🙂
  5. Lwin May Thet says:
    စားချင်စရာလေး ဗိုက်တောင်ဆာလာပြီ ရှလွတ် ရှလွတ် လုပ်စားမယ် ကျေးဇူပါ
  6. အမေ့ချစ်သမီ says:
    အမ မသိလွု.မေးကြည်.တာပါ။ဟမ် ဆိုတာဘာလဲဟင်။
    • admin says:
      ဟမ်က ၀က်ပေါင်သားပါ… CityMart မှာ ဟမ်လို့မေးဝယ်လို့ရပါတယ်
  7. chan says:
    အမ ဟမ်ဆိုတာ ဘာလဲဟင်
    • admin says:
      ဟမ်ဆိုတာ ၀က်ပေါင်သားကို ပြောတာပါ။ City Mart မှာ ဟမ်လို့မေးဝယ်လို့ရပါတယ်
  8. ဟမ်ဆိုတာ ကို ရှင်းပြပေးပါ မမ။ ပြည်ကြီးငါး အစာသွပ်မှာပါတဲ့ ဟမ် ဖြစ်ပါတယ်။
    • admin says:
      ဟမ်ဆိုတာ ၀က်သားပြားကို ပြောတာပါ။ ဟမ်ဆိုပြီ CityMart မှာ မေးဝယ်လို့ရပါတယ်..
  9. Mi Zi says:
    ပါမုန့် ခြောက်ကိုဘယ်မှာမေးဝယ်လို့ ရလဲညီမ?
    • admin says:
      City Mart မှာ ၀ယ်လို့ရပါတယ်။ စတိုးဆိုင်တွေမှာလဲ ပါမုန့်ခြောက်လို့ မေးဝယ်ရင် ရနိုင်ပါတယ်…
  10. yan paing says:
    ဟမ် မသုံးပဲတခြား အသားသုံးလို့ရမလား အမ???
    • admin says:
      • yan paing says:
        ကျေးဇူးပါ မ ….ကျွန်တော်က japan ဆိုင်မှာ လုပ်နေတာဆိုတော့ အဲဒိ အစားအစာနဲ့ပတ်သက်ပြီး ချက်ပြတ်နည်းလေးတွေရှိရင်မျှဝေပေးပါလို့တောင်းဆိုပါရစေ
  11. seint says:
    အမရေ .. ပြည်ကြီးငါး ငါးဖယ် အဆာသွတ်လို့ ရော ရလား
Leave a Reply
Your email address will not be published. Required fields are marked *