ဗီယက်နမ်စတိုင် ငါးပေါင်း

ဗီယက်နမ်စတိုင် ငါးပေါင်း

ဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်းပါ။ ဂျင်းနု၊ ပင်စိမ်း၊ စပါးလင် တို့နဲ့ ပေါင်းထားသည်မို့ အနံ့လေး မွှေးပြီ အရသာလည်း ကောင်းမွန်သည်။ အချိန်တိုအတွင်းမှာ လုပ်စားနိုင်သည်။ တူတူလုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ကက်ကတစ်ငါး – ၁ကောင် (၂၀၀ ဂရမ်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

  • ကြက်သွန်မြိတ် – ၁စည်း (အရှည်အစောင်းလှီးပါ)
  • ဂျင်းနု – ၃၀ ဂရမ်
  • ငရုတ်သီးနီ – ၂ထောင့် (ပါးပါးလှီးပါ)
  • စပါးလင် – ၁ခု (ပါးပါးလှီးပါ)
  • ပင်စိမ်း – ၅ရွက် (နှုတ်နှုတ်စင်းပါ)
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

ငါးပေါင်းနည်း

၁။ အရင်ဆုံး ကက်ကတစ်ငါးကို ကြေးခွံဖယ်ပြီ သန့်စင်အောင် ပြုလုပ်ပါ။

၂။ ပြီမှ ဓားဖြင့် ငါးတဖက်တချက်ကို မွှန်းပေးပြီ အပေါ်မှ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်ဖြူးပေးပါ။

၃။ ပြီနောက် ဂျင်းနု၊ ငရုတ်သီးနီ၊ စပါးလင်၊ ကြက်သွန်မြိတ်၊ ပင်စိမ်း၊ နံနံပင်များကို ငါးဖြင့် ရောမွှေပြီ ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် ပေါင်းပေးပါ။

၎။ ပေါင်းအိုးဖြင့် ပေါင်းပြီလို့ ငါးသားကျက်ပြီဆိုလျှင် အပေါ်မှ ငါးငံပြာရည်၊ သံပရာရည်ကို ရောမွှေပြီ ငါးပေါင်း ပေါ်မှ လောင်းချလိုက်ပြီ အရသာရှိစွာ သုံးဆောင်လို့လို့ရပါပြီ…

22 comments

  1. Wai Phyo Kyaw says:

    Thank for sharing

  2. Thet Thet Khine says:

    It may be easy & delicious I’ll try it. Thanks.

  3. Mya Thapyay Htoon says:

    မ ငါးကိုရေထည့်ပြီးပေါင်းရမှာလား။ အောက်ကရေခံပြီးအပေါ်ကဇကာပေါ်ငါးထည့်ပြီပေါင်းရမလား။ဖြေပေးပါရှင့်။သားသားကိုပေါင်းပေးချင်လ်ု့ ပါ။

    • Taguu says:

      နော်လည်းသိချင်လို့ မ၀တ်ရည် ဘယ်လိုပေါင်းရမလဲဟင် နော်ကတော့ ဟင်းပေါင်းအိုးမရှိဘူးလေ မီးဖိုပေါ်မှာ ရေဆူတူ တည်ပီး အိုးနဲ့ထည့်ပေါင်းရမှာ ရေထည့် ရမလား မထည့်ရမလား သိချင်လို့ အမ ပီးတော့ ကတ်ကတစ်အပြင် ဘာငါးတွေ လုပ်စားရင် ကောင်းမလဲ သိချင်တယ်ဗျာ

    • admin says:

      ပေါင်းအိုးထဲ ရေခံပြီမှ အပေါ်ဇကာမှာ ငါးကို ထည့်ပြီ ပေါင်းပေးရမှာပါ။ ပေါင်းတုန်းက ဓာတ်ပုံမရိုက်လိုက်မိလို့။ လုပ်စားကြည့်ပါ၊ စားလို့ အရမ်းကောင်းပါတယ်..

  4. San San Yee says:

    Thanks sis.I like it.

  5. Zin Maw says:

    Thanks for sgaring. I hope we can bake the fish wrapped with the silver foil in the oven as well.

  6. ဇေယျာလင်း says:

    ကျေးဇူးတင်ပါတယ်။

  7. zawmintun says:

    ပေါ်င်းစားတာကောင်းပါတယ်ခင်ဗျာ

  8. mg khit says:

    ပေါင်းအိုးဆိုတာ ပရှက်ရှာ ကွတ်ကာ လား။ ဒါမှမဟုတ် ပေါက်ဆီပေါင်းတဲ. အိုးမျိုးလားခင်ဗျား။ နောက် အပေါ်က လောင်းတဲ့ ငါးငံပြာရည် နဲ. သံပုရာရည်က သပ်သပ်စပ်ပြီးမှ လောင်းချလို. ရမလားဗျာ။ နောက်.. စနစ်တကျ ၀ါသနာပါသူတွေ ချက်နိုင်ပြုတ်နိုင်အောင် ဓါတ်ပုံနဲ့ တကွ စီစဉ်ထားလို. အ၇မ်းကျေးဇူးတင်ပါတယ်

    • admin says:

      ဟုတ်ကဲ့ ရိုရိုးစတီးပေါင်းအိုးနဲ့ ပေါင်းလည်း အဆင်ပြေပါတယ်။ ငံပြာရည်၊ သံပရာ ရောစပ်ပြီမှ လောင်းချရမှာပါ။ Thanks also 🙂

  9. kozaw says:

    အဲဒါလဲကြိုက်တာဘဲ

  10. Su Thet says:

    မ၀တ်ရည်ရေ
    ငါးပေါင်းလေး လုပ်စားပြီးပြီ။ အရမ်းစားလို့ကောင်းတယ်။ ကျေးဇူးပဲနော် နည်းလမ်းကောင်းလေးညွှန်ပေးလို့။

  11. Su Thet says:

းူးငငငငငငငငငငငငငငငငငငငငငငငငငငငငငငငငငငငင

Leave a Reply

Your email address will not be published. Required fields are marked *