ကချင် ကြက်သားပေါင်း

ကချင် ကြက်သားပေါင်း

အရသာစပ်စပ်လေးနဲ့ ကချင် ကြက်သားပေါင်းပါ။ ကြက်သားကို ငရုတ်သီးပွနီ၊ ဂျင်း၊ ကြက်သွန်နီ အနည်းငယ် နုပ်ထားပြီမှ ပေါင်းထားမို့ သူအရသာက ကြက်သားထဲ ပြန်စိမ့်ဝင်ပြီ စပ်စပ်လေးနဲ့ တမျိုးစားလို့ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄၅၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

  • ဂျင်း (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • ငရုတ်သီးပွနီ – ၄ခု (ရေနွေးနဲ့ပြုတ်ပြီ မညက်တညက်ထောင်းထားပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၅ပုံ၁ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ (သို့) ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးထားပါ)

ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးပွနီ(ထောင်းပြီသား)၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ရေ(သို့) ဆန်ဝိုင်)တို့ကို ကြိတ်စက်ထဲထည့်ပြီ သမအောင် ကြိတ်ပေးပါ။

၂။ ပြီလျှင် ကြက်သားများဖြင့် ဆား၊ ကြိတ်ထားသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွတို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပါ။

၃။ ထို့နောက် ပေါင်းအိုးတွင် ရေများများထည့်ပြီ ကြက်သားနူသည်အထိ မိနစ်၄၀ခန့် တည်ပေးပါ။

၎။ ကြက်သားပေါင်း ကျက်ပြီဆိုလျှင် ကြက်သားများကို ပေါင်း၍ ထွက်လာသော ကြက်ပေါင်းရည်များဖြင့် ဒယ်ထဲ ရေခမ်းသည်အထိ ပြန်တည်ပေးပါ။

၅။ နောက်ဆုံးမှ ကြက်သွန်မြိတ်လေးများ ဖြူးပြီ ကချင် ကြက်သားပေါင်းကို သုံးဆောင်လို့ရပါပြီ….

—————————————————————————————————————

34 comments

  1. win zaw oo says:

    very very good for me.

  2. Aye Aye Mon says:


  3. susan says:

    ခုလိုမျိုး ပုံနှင့်တကွ အဆင့်ဆင့်ဖေါ်ပြပေးတဲ့အတွက် အရမ်းကျေနပ်မိပါတယ်. ကော်မန့်တွေ အမြဲမပေးဖြစ်ပေမဲ့ နေ့တိုင်းအားပေးနေ တာပါ. ၀တ်ရည် နည်းတွေ အတိုင်း လိုက် ချက်နေတာပါ

    • admin says:

      အမြဲအားပေးနေတယ်ဆိုလို့ ၀တ်ရည်ကလည်း ကျေးဇူးပါနော်.. 🙂

  4. Nge says:

    ကျေဇူးတင်ပါတယ်

  5. aungmyo says:

    ကျွန်တော်ကဟင်းချက်တာဝါသနာပါလို့အမကိုကျေးဇူးတင်ပါတယ်

  6. Aye Aye Aung says:

    thank you

  7. nyi nyi says:

    It great!

  8. sandi says:

    အစ်မ…အချို အငံ ထည့်ဖို့လိုသေးလား

    • admin says:

      ဟုတ် လိုတယ် sis.. ရေးတာ ကျန်ခဲ့လို့၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ) ထည့်ပေးပါ။

  9. sandi says:

    အစ်မ… တရုတ်ဟင်းခတ်အမွှေးအကြိုင်ကို ဘယ်မှာဝယ်ရမလဲ။ ဘယ်လိုပုံစံလဲ။ ပြောပြပေးပါ။

    • admin says:

      City Mart မှာ ၀ယ်လို့ရပါတယ်။ ဟင်းခတ်အမွှေးအကြိုင် ရောင်းတဲ့ အတန်းမှာ ရှိပါတယ်..

  10. coralthandarkhine says:

    အမြဲအားပေးလျက်ပါ ကချင်အာလူးထောင်နည်းလေးရှိရင်ပေးပါနော် ကျေးဇူးတင်ပါသည်။

  11. tinzar says:

    မရေ
    ခုလိုစေတနာထားပီးမျှဝေပေးထားတာအရမ်းကျေးဇူးတင်ပါတယ်
    မဝတ်ရည်လိုအင်ဆန္ဒတွေပြည့်ဝပါစေနော်

  12. May Nyein says:

    ကျေးဇူးပါ မမ….
    ဆီရှောင်နေရတဲ့ မေမေ့ကို ချက်ကျွေးရမယ်……:)

  13. mawmaw naing says:

    Thanks sis

    ကျေးဇူးတင်​ပါ​တယ် ညီမ ချက်​ထား​တာ​လေး ကစား​ချင်​စ​ဖွယ်​မို. သိ​တ်​ကို သဘော​ကြ​မိ​တယ် နောက်​လည်း​ပို့​ပေး​နော်

  14. Hkawn Htoi says:

    ကြိတ် စက် နဲ့ မကြိတ် ဘဲ ထောင်း ရုံ ဆို ရ လား

  15. ninihan says:

    ပေါင်းတဲ့အချိန်မှာ အသားတွေကို အဖုံးအုပ်ထားရမလား

  16. kyaw moe says:

    ကျေးဇူးတင် ပါတယ်ခင် ဗျာ
    ရှမ်းခေါက်ဆွဲ လုပ်ပုံလည်း ပြောပြပါခင် ဗျာ
    အ မေ က ကြိုက်လို့ပါခင် ဗျာ

  17. Ruth Min says:

    ညီမလေးရဲ့ဟင်းတွေကိုအမြဲအားပေးနေပါတယ်..ဝက်ချဉ်စပ်ဟင်းလေးသိချင်ပါတယ်..အမအီမေးလ်ကမြန်မာလိုဖတ်လြိ့မရပါ..အမဖေ့စ်ဘုတ်မှာတော့ကြည့်လို့ရပါတယ်..ကျေးဇူးတင်လျှက်။

Leave a Reply

Your email address will not be published. Required fields are marked *