ဟမ္ဘာဂါ နှင့် ကြက်သွန်နီကွင်းကြော်

ဟမ်ဘာဂါ နှင့် ကြက်သွန်နီကွင်းကြော်(၂လုံးစာ)

ဟမ်ဘာဂါ နှင့် ကြက်သွန်နီကွင်းကြော် လုပ်နည်းလေးပါ။ စားသောက်ဆိုင်မှာ စားနေကျ ဟမ်ဘာဂါတွေနဲ့ မတူပဲ ကြက်သွန်နီကွင်းကြော်လေးပါ ပါတာမို့ ကြွပ်ရွရွ အရသာပါ ရရှိမှာပါ။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

မှတ်ချက် ။ ။ အရင်ဆုံး ကြက်သွန်နီကွင်းလေးတွေကို ကြော်ပြီမှ ဘာဂါကို လုပ်ရမှာပါ။  ‘‘ကြက်သွန်နီကွင်းကြော်’’ ချက်နည်းကို http://www.wutyeefoodhouse.com/?p=4104/ မှာရေးထားပါတယ်… 🙂

ဟမ်ဘာဂါ ပါဝင်ပစ္စည်းများ

  • ဟမ်ဘာဂါ ပါမုန့် – ၂လုံး
  • အမဲသား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးပြီ ပါးပါးလှီးထားပါ)
  • ကြက်သွန်နီကွင်းကြော် – ၄ခု (ချက်နည်းကို http://www.wutyeefoodhouse.com/?p=4104/ မှာရေးထားပါတယ်)

ချက်ပြုတ်နည်း

၁။ ဇလုံတစ်ခုထဲတွင် (အမဲသား၊ worcestershire ဆော့၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။

၂။ ပြီးလျှင် ၂လက်မ အရွယ်လောက် အသားအ၀ိုင်းပြား ၂ပြားလုပ်လိုက်ပါ။

မှတ်ချက်။ ။ အသားပြားဝိုင်းအောက်ပိုင်းကို အနည်းငယ် ချိုင့်ထားပါ။

၃။ ဒယ်ထဲ သံလွင်ဆီများများ ထည့်ပြီ အသားပြားများကို အညှိရောင်သန်းလာသည် အထိ ကြော်ပေးပါ။

၎။ ထို့နောက် ဟမ်ဘာဂါ ပါမုန့် ၁လုံးကို ဓားဖြင့် ထမ်းခြမ်းခြမ်းလိုက်ပါ။

၅။ ပြီနောက် ပါမုန့်ပေါ်သို့ အစဉ်အတိုင်း (အမဲသားပြား၊ ဆလတ်ရွက်၊ thousand island dressing(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သွန်နီကွင်းကြော် (၂ခု)) တို့ကို ထည့်ပေးပါ။

၆။ ထို့နည်းအတိုင်း ကျန်ဘာဂါကို ပြုလုပ်ပါ။

ရ။ အရသာရှိသော ဟမ်ဘာဂါ နှင့် ကြက်သွန်နီကွင်းကြော်ကို အစားပြေအဖြစ် စားသုံးလို့ရပါပြီ…

Thousand Island Dressing ပါဝင်သောပစ္စည်းများ

  • မရိုနိစ် (mayonnaise)- စားပွဲတင်ဇွန်း ၅ဇွန်း
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်နီ – လက်ဖက်ရည်ဇွန်း၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
  • ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)
  • ငရုတ်သီးပွ အစိမ်း – လက်ဖက်ရည်ဇွန်း၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်းတ၀က်

Thousand Island Dressing  ပြုလုပ်နည်း

၁။ ဆော့အတွက် ပါဝင်ပစ္စည်းများ အားလုံးကို ခွက်တစ်ခုထဲတွင် ရောနုယ်လိုက်ပါ။

———————————————————————————————————————

4 comments

  1. Aye Aye Mon says:

    ဘာဂါ လုပ်စားရင် အသားပြားကို အမဲသားနဲ့ လုပ်မစား ဘူးသေးဘူး. အခု ညီမနည်းလေးရတာ ကျေးဇူးပါ

    • admin says:

      ဒီဘာဂါလုပ်နည်းက အရမ်းစားကောင်းတယ်။ ကြက်သွန်နီကွင်းကြော်နဲ့မို့ ကြွပ်ရွရွလေးနဲ့ စားလို့လည်း အရမ်းကောင်းတယ်.. လုပ်စားကြည့်ပါနော်

Leave a Reply

Your email address will not be published. Required fields are marked *