ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

စီချွမ့်စတိုင် ပုဇွန်ချိုချဉ် နဲ့ ခေါက်ဆွဲ အကြွ့ပ်ကြော်ပါ။ ပုဇွန်ကို စီချွမ့်စတိုင် ချိုချဉ်ကြော် ပြီမှ ကြက်ဥ ခေါက်ဆွဲအကြွပ်ကြော် ပေါ်ဆမ်းပြီ တွဲဖက် သုံးဆောင်ရတာပါ။ ကြွပ်ရွရွလေးနဲ့ အရမ်းစားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားရအောင်…

ပုဇွန် ချိုချဉ်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၀ကောင် (အခွံနွှာထားပြီ ထပ်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပေးပါ)
  • ငရုတ်သီးပွနီ – ၄ခု

  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • စီချွမ့် ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း (City Mart တွင် ၀ယ်ယူနိုင်သည်)

ခေါက်ဆွဲ အကြွပ်ကြော်တွင် ပါဝင်ပစ္စည်များ

  • ကြက်ဥ ခေါက်ဆွဲ – ထုပ်ဝက် (၁၅၀ ဂရမ်)
  • ဆီ – များများ

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ရေများများထည့်ပြီ ရေနွေးဆူလာလျှင် ကြက်ဥခေါက်ဆွဲ(၁၅၀) ဂရမ်ကို ၂-၃မိနစ်ခန့် ခေါက်ဆွဲကျက်သည်အထိ ပြုတ်ပေးပါ။

၂။ ပြီလျှင် ကြက်ဥခေါက်ဆွဲကို ရေအေးပြန်စိမ်ကာ ဇကာဖြင့် ရေစင်အောင် ကြာကြာ စစ်ထားပေးပါ။

၃။ ထို့နောက် ပုဇွန်ကျားကို (ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကော်မှုန့်) တို့ဖြင့် ရောနုယ်ပေးပါ။

၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ပုဇွန်ကျားများကို  ရွှေဝါရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ များများ ထည့်ပြီ ဆီပူလာအောင် စောင့်ပါ။ ဆီပူလာလျှင် ကြက်ဥခေါက်ဆွဲများကို ဒယ်ထဲ ထည့်လိုက်ပါ။

၂။ ထို့နောက် ယောက်ချိုဇွန်းဖြင့် ကြက်ဥခေါက်ဆွဲ အလယ်ခွက်သွားအောင် အနည်းငယ် ဖိထားပေးပါ။

၃။ ကြက်ဥခေါက်ဆွဲ ကြွပ်ရွပြီ အညှိရောင်သန်းလာလျှင် မီးပိတ်ပြီ ဇကာဖြင့် ဆီစစ်ထားပါ။

၎။ ပုဇွန် ချိုချဉ် စကြော်ပါမည်။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွနီ တို့ကို ဆီသပ်ပေးပါ။

၅။ ပြီလျှင် ပုဇွန်(ကြော်ထားသော)၊ ခရမ်းချဉ်သီးဆော့၊ ဆန်ဝိုင်၊ စီချွမ့်ငရုတ်သီးဆော့၊ ရေ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ သကြား တို့ကို ထည့်ပေးပြီ ဆူအောင် တည်ထားပါ။

၆။ ဆူလာလျှင် အပေါ်မှ ကြက်သွန်မြိတ်များဖြူးပြီ မီးပိတ်လိုက်ပါ။

ရ။ ကြက်ဥခေါက်ဆွဲအကြွပ်ပေါ်သို့ ပုဇွန်ချိုချဉ်များကို လောင်းချလိုက်ပါ။ အရသာရှိသော စီချွမ့်စတိုင် ပုဇွန်ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကို သုံးဆောင်လို့ရပါပြီ…

 

10 comments

  1. hmone gyi says:

    wow it look so yummy and never tried before

    • admin says:

      ကိုယ်ဆို အရမ်းကြိုက်မှာ သေချာတယ်။ လုပ်စားဖြစ်အောင် လုပ်စားကြည့် မှုံကြီး.. 😀

  2. moe wai says:

    Thanks.

  3. U Htay nyut says:

    စေ တ နာ နဲ့ အား ထုတ် မှု ကို တ ကယ် ချီး ကျူး ပါ တယ်။ ရုပ် ပုံ နှင့် အ တူ အ သေး စိတ် တင် ဆက် ပေး တဲ့
    အ တွက် ဘာ မျှ လို လေ သေး မ ရှိ ပါ ဘူး ။ ကျေး ဇူး တင် ပါ တယ် ။
    ကျန်း မာ ပျော် ရွှင် အ ရာ ရာ အ ဆင် ပြေ ပါ စေ ။

  4. shwesinmyinthlaing says:

    i like your web page

Leave a Reply

Your email address will not be published. Required fields are marked *