လီမွန် အမဲသားကင်

လီမွန် အမဲသားကင်

လီမွန် အမဲသားကင်ပါ။ အမဲသားကို လိမ္မော်ရည်၊ ပျား၊ တို့ဖြင့် နုပ်ပြီမှ ကင်ထားမို့ အရသာက ချိုစိမ့်ပြီ အသားကလည်း နူးအိနေပါတယ်။ ခုပဲ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅၀ ဂရမ် (အမဲမိုခိုးသားက ပိုနူညံ့သည်)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • မှိုပွင့် – ၅ခု (၂မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးထားပါ)
  • လိမ္မော်သီး – တခြမ်း (အခွံနွှာ အစေ့ထုတ်ထားပါ) (တွဲစားရန်)

နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • တရုတ် ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း (City Mart တွင် ဟင်းခတ်ဝိုင်(သို့) ဆန်ဝိုင်ဟု မေးဝယ်နိုင်ပါသည်)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • လိမ္မော်ရည် – စားပွဲတင်ဇွန်း ၅ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

ကင်နည်း

၁။ အရင်ဆုံး အမဲသားကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (တရုတ်ဆန်ဝိုင်၊ ပဲငံပြာရည်၊ ပျားရည်၊ လိမ္မော်ရည်၊ ငရုတ်ကောင်းမှန့်) တို့ဖြင့် ရောမွှေကာ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ အမဲသား နုပ်ထားစဉ် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ မှိုပွင့်များကို ၁မိနစ်ခန့် ရောကြော်ပေးပါ။

၃။ ထို့နောက် ဒယ်ပြားထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ နုပ်ထားသော အမဲသားကို အညှိရောင်သန်းအထိ တဖက်ကို ၃မိနစ်ခန့် ကင်ပေးပါ။ (အမဲကင် ကျက်မှကြိုက်လျှင် နောက်ထပ် ၁မိနစ် ပိုကင်ပါ)

၎။ ပြီနောက် နုပ်ထားသော ဆော့ရည်များကို အမဲကင်ဒယ်ထဲ လောင်းထည့်လိုက်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီလျှင် အမဲကင်ကို ဓားဖြင့် အနေတော် အရွယ်လေးများ ပါးပါးလှီးပေးပါ။

၆။ ပန်းကန်ထဲ ပါးပါးလှီးသော အမဲကင်၊ လီမွန်သီး၊ မှိုပွင့်တို့ကို ထည့်ပေးပြီ အမဲကင်ပေါ်မှ နုပ်ထားသော ဆော့ရည်များကို လောင်းချလိုက်ပါ။

ရ။ အရသာ ချိုစိမ့်ကောင်းမွန်သော လီမွန် အမဲကင်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————

12 comments

  1. hmone gyi says:

    wow look healthy and yummy 😀

  2. Aye Aye Mon says:

    စားကောင်းမှာ အသေအချာပဲ ကျေးဇူးပါ ညီမလေး

    • admin says:

      ဟုတ် အရမ်းစားကောင်းတယ် sis.. ၀တ်ရည် အိမ်သားတွေကြိုက်လို့ ဝေစုတော့ မတည့်ဘူး.. 😛

  3. niniwin says:

    Always you sent to me new posts thank you very much nyi ma lay. You always successful.

  4. thida says:

    Thanks a lot. ထိုင်း မှာ ဝက်အူချောင်း ကို ဂျင်းနုနု နဲ့ စားဖူးတာ အရမ်းကောင်း။ထိုင်းအ ခေါ ဆိုင် ကော့ လားမသိဘူး။ အဲဒါလေးရှာပြီးတင်ပေးစေချင် ပါတယ်။

  5. Kyaw Sithu says:

    Thanks a lot for all your efforts. I myself like cooking and have a good references from your site. From above, I am not clear number 3 “၃။ ထို့နောက် ဒယ်ပြားထဲ (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ နုပ်ထားသော အမဲသားကို အညှိရောင်သန်းအထိ တဖက်ကို ၃မိနစ်ခန့် ကင်ပေးပါ။ (အမဲကင် ကျက်မှကြိုက်လျှင် နောက်ထပ် ၁မိနစ် ပိုကင်ပါ)”

    • admin says:

      ဒယ်ထဲ (ဆီ) စားပွဲတင်ဇွန်း ၁ဇွန်းထည့် ရေးတာ ဆီကျန်ခဲ့တာ bro. ပြီလျှင် နုပ်ထားသော အမဲသားကို တဖက်ကို ၃မိနစ်ခန့် ကင်ပေးရမှာပါ။ ၀တ်ရည် ကင်တာက Medium မကျက်တကျက်ပေါ့။ အဲဒါကြောင့် အမဲသားကင်ကို အကျက်ကြိုက်ရင် နောက်ထပ် ၂မိစန် ထပ်က်ငပေးဖို့ ပြောထားတာပါ။ 🙂

  6. အေးချမ်း says:

    အမဲကင်ပေါ်လောင်းထည့်ရမဲ့ဆော့ အပိုဒ်လေး နားမလည်လို့ပါ sis
    ကျေးဇူးပ့

Leave a Reply

Your email address will not be published. Required fields are marked *