ဘမ်ဘမ် ကြက်သားသုပ်

ဘမ်ဘမ် ကြက်သားသုပ်

Bang Bang ကြက်သားသုပ်ပါ။ ကြက်သား နှင့် သခွာသီးကို မြေပဲ၊ နှမ်းဆော့နှင့် ရောသုတ်ထားတာမို့ အရသာကလည်း စိမ့်စိမ့်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်သည်မို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု
  • သခွာသီး – ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • စီချွမ့် ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ) (optional)

ဆော့တွင် ပါဝင်ပစ္စည်းများ

  • မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းပါ)
  • နှမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီး ဆီချက် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)

သုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(၂ခွက်) ထည့်ပြီ ကြက်သား ကျက်အောင်အထိ ပြုတ်ပေးပါ။

၂။ ပြုတ်ပြီလျှင် အအေးခံပြီ ကြက်သားကို အရှည်ပါးပါးလှီးပေးပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲ ဆော့တွင် ပါဝင်ပစ္စည်းများဖြစ်သော(မြေပဲ၊ နှမ်း၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီး ဆီချက်)တို့ကို သမအောင်ေ၇ာမွှေပေးပါ။

၎။ ပန်းကန်ထဲ သခွာသီးများ ခင်းပြီ အပေါ်မှ ကြက်သားများ တင်ပေးပါ။ စီချွမ့်ငရုတ်ကောင်းကို ကြက်သားပေါ်က ဖြူးပေးပြီ ဆော့ရည်များကို အပေါ်မှ လောင်းချလိုက်ပါ။

၅။ အပေါ်ဆုံးမှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပြီ ဘမ်ဘမ် ကြက်သားသုပ်ကို သုံးဆောင်လို့ရပါပြီ…

——————————————————————————————————-

12 comments

  1. Sumyat says:

    စီချွမ်းငရုတ်ကောင်းက ပါးစပ်ထဲမှာပအာသွားတဲ့ဟာလားအမ

  2. Aye Aye Mon says:

    အလွယ်တကူ ပာင်းလေးမို့ အဆင်ပြေလိုက်တာ. ကျေးဇူးပါ ညီမလေး

  3. Sandar says:

    ဒါမျိုး တခါမှ မစားဖူးဘူး။ စမ်းကြည့်လိုက်အုန်းမယ်။
    ကျေးဇူးနော်။

    • admin says:

      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်။ အရမ်းစားလို့ကောင်းပါတယ်.. 🙂

  4. pwintthet says:

    စီချွမ်းငရုတ်ကောင်း က ဘာကိုပြောတာလဲအမ

    • admin says:

      စီချွမ့်ငရုတ်ကောင်း အာရှဟင်းချက်နည်းတွေမှာ ထည့်သုံးပါတယ်။ City mart မှာလည်း မေးဝယ်လို့ရပါတယ်..

  5. minthaw says:

    လွယ်မယ့်ပုံပဲ။ ကျွန်တော် လုပ်စားကြည့်အုန်းမယ်.

  6. sinthiyar says:

    ကျေးဇူးအများကြီးတင်ပါတယ် မ၀တ်ရည် အိမ်မှာတရုပ်ဧည့်ညည်တွေရောက်နေတာမ၀တ်ရည်နည်းတွေကြည့်ပြီးတခုပြီးတခုလက်စွမ်းပြလိုက်တာ စားကောင်းတယ်တဲ့ မ၀တ်ရည်ကျေးဇူးကြောင့် တကယ်ကိုကျေးဇူးပါနော် စေတနာကောင်းတဲ့အတွက်ကြောင့် ဒီထက်ပိုလှပါစေ..

Leave a Reply

Your email address will not be published. Required fields are marked *