ဖြဲသိပ်မုန့် လုပ်စားကြရအောင်
ဖြဲသိပ်မုန့် လုပ်စားကြရအောင်
ဘိတ်လိုကတော့ ဖြဲသိပ်မုန့်လို့ခေါ်ကြတယ်… ရန်ကုန်မှာတော့ ဖြဲသိပ်မုန့်ကို ဘယ်လိုခေါ်လဲတော့ ၀တ်ရည်လည်း မသိလို့ ဘိတ်လိုပဲ ရေးလိုက်တာ.. ဖြဲသိပ်မုန့်ကို ၀တ်ရည်အရမ်းကြိုက်လို့ ငယ်ငယ်တုန်းက ခဏခဏ လုပ်စားဖြစ်တယ်။ အပြင်မှာ ရောင်းတာတော့ သိပ်မတွေ့လို့ ကိုယ်တိုင် လုပ်စားနိုင်အောင် တင်လိုက်ရခြင်းဖြစ်ပါတယ်.. အစာပြေအနေနဲ့ နေ့လည်မှာ အချိန်တိုတိုအတွင်း လုပ်စားကြည့်ကြရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် – ၁၆၀ ဂရမ်
၂။ ဆန်မှုန့် – ၂၀ဂရမ်
၃။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (အခွံမပါ)
၎။ နှမ်း – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ
ရ။ ဆီ
ချက်ပြုတ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
၂။ ပြီးမှ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။
၃။ ပြီးလျှင် ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်၍ သမအောင် ထပ်နုယ်ပေးပါ။
၎။ ထို့နောက် နုယ်ထားသော ကောက်ညှင်းမှုန့်များကို ပုံတွင် ပါသည့် အရွယ်အတိုင်း လုပ်လိုက်ပါ။
၅။ ပေါင်းအိုး တစ်ခုထဲ ငပျောရွက်များ ပေါ်တင်ပြီး ၁၀မိနစ်ခန့်ပေါင်းပေးပါ။
၆။ ပေါင်းနေစဉ်အတွင်း အစာသိပ်ရန် (မြေပဲ၊ နှမ်း၊ သကြား၊ ဆား)များကို မညက်တညက် ငရုတ်ဆုံထဲ ရောထောင်းပေးပါ။ ပြီးလျှင် ခွက်တစ်ခုထဲ ပြောင်းထည့်ထားပေးပါ။
၇။ ပေါင်းအိုးထဲမှ ပေါင်းထားသော ကောက်ညှင်းများကို မထုတ်မီ လက်တွင် ဆီအနည်းငယ်သုတ်ပြီးမှ ထုတ်ယူပါ။
၈။ ပြီးလျှင် လုံးထားသော ကောက်ညှင်းလုံး အလယ်ကို ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။
၉။ ထို့နောက် အစာသိပ်ရန် (မြေပဲ၊ နှမ်း၊ သကြား) ရောထောင်းထားသော ခွက်ထဲသို့ ထည့်၍ ကောက်ညှင်းလုံးများကို ထည့်၍ (မြေပဲ၊နှမ်း၊ သကြား) ကပ်သွားအောင လက်ဖြင့်လိမ့်ပေးပါ။
၁၀။ ပြီးလျှင် ကောက်ညှင်းလုံးခွဲထားသော ထဲသို့ အစာများကို သိပ်ထည့်ပေးပါ။
၁၁။ အချိန်ခဏအတွင်းမှာပဲ အစာပြေအဖြစ် စားနိုင်သော ဖြဲသိပ်မုန့်ကို စားသုံးနိုင်ပါပြီး။…
45 comments
  1. Hmone says:
    wow wow wow it is my favourite food…even at burma, u can’t buy at anywhere…. thx for uploading
    • chowutyee says:
      မှုံကြီး ကိုယ်သူငယ်ချင်းတွေ လုပ်ကျွေးလိုက်အုန်း 😉
  2. Hmone says:
    do u know how to ကောက်ညှင်းမှုန့် at english?
    • chowutyee says:
      ကောက်ညှင်းမှုန့်က Evy ပြောသလိုပဲ Glutinous Rice Flour .. ဆန်မှုန့်ကိုတော့ Pure Rice Flour လို့ခေါ်တယ်..း)
      • Hmone Gyi says:
        ok thx…hopefully can get at indian shop…busy with project at the momnet may be try 2 weeks later…frd tawe ko ma treat bar buu..kha bar tar eat mar pot hee selfish urs twin lol
  3. Evy says:
    Glutinous rice flour
  4. leo says:
    ကျွန်တော့ အမကို သတိယလိုက်တာဗျာ။ အမ လုပ်တတ်တယ်ဗျ။ နာမည်ခေါ်တာတော့ မတူဘူး။ ကျွန်တော်လည်း နာမည် မေ့နေတယ်။ ဟီးး။ စားသွားတယ်။ ကျေးဇူးပဲ။
    • chowutyee says:
      ဟားဟား.. ဟုတ်တယ် ဖြဲသိပ်က ဘိတ်ကခေါ်တာ ရန်ကုန်လို ဘယ်လိုခေါ်မှန်း မသိလို့.. စားသွားနော်၊ နောက်တခါကျ မြန်မာလုပ်တွေ ထပ်တင်အုန်းမယ်..း)
  5. Ma Ei says:
    ဘိတ် ( မြိတ် ) သူ လား။?
    အဲဒီမုန့်  မအိ လဲလုပ်စားဖြစ်တယ်။
    • chowutyee says:
      ဟုတ်တယ် မမအိ ၀တ်ရည် အမေဘက်က အဘိုး၊ အဘွားတွေက ဘိတ်(မြိတ်)ကလေ.. ၀တ်ရည်ကတော့ ရန်ကုန်မှာပဲ ကြီးတာ.. 😉
  6. Ma Ei says:
    မမအိ ရဲ့  အဖေ နဲ့ အမေ က လည်းဘိတ် ကပဲ..ညီမရဲ့ ။ မမ ကတော့ ရန်ကုန်မွေး ရန်ကုန် မှာကြီးတာပဲ။ အခု ဒီအရွယ် over 40 ပဲရောက်နေပြီ ဘိတ်တောင် ၁ ခါ မှ မရောက်ဖူးဘူး။ မိဘ ၂ ဖက် လုံး က အမျိုးတွေ တောင် အခုထိ ဘိတ်မှာရှိနေကြ သေးတယ်။
    • chowutyee says:
      မမအိတို့က ဘိတ်ကပဲလား.. ၀တ်ရည် အဖိုးက ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်လေ.. မမအိ အဖေနဲ့ အမေတော့ သိမယ်ထင်တယ်…း) ၀တ်ရည်လည်း တူတူပဲ မမအိ၊ ခုထိ တခါမှ ဘိတ်သွားမလည် ဖူးသေးဘူး.. ဟဲဟဲ .. အမေတို့ကတော့ အမျိုးရှိလို့ သွားလည်ပါတယ်၊ အမျိုးတွေကလည်း ဘိတ်မှာ သိပ်မရှိကြတော့တာနဲ့၊ ရန်ကုန်မှာ ပိုများလို့ မသွားဖြစ်တော့တာ။ 😉
  7. ဒါတခါမှ မစားဖူးဘူး။ မြန်မာ့ရိုးရာမုန့်တခုပဲ မှတ်ထားရမယ်း)
    • chowutyee says:
      ဟုတ်တယ် တော်တော်များများ မစားဖူးဘူး နေခြည်… လုပ်စားကြည့်ပါလား လုပ်ရလွယ်၊ စားလို့လည်းကောင်းတယ်… 🙂
  8. july says:
    Name က မိုက်တယ် ဖြဲသိပ်မုန့် … 😀
    i love it too …
  9. aye aye nwe says:
်အစ်မတစ်ခုမေးချင်လို့ပါ……ဖြဲသိပ်မုန့်နဲ့ မုန့်လုံးရေပေါ်လုပ်ဖို့ဆန်မှုန့်နဲ့ကောက်ညင်းမှုန့်နယ်ဖို့ကရေနွေးနဲ့လား…ရေအေးနဲ့လား……
  10. aye aye nwe says:
    အစ်မရေ ကျေးဇူးပဲနော်
  11. မွှာကျီး ဆိုတဲ့တရုတ် မုန့် နဲ့ တူတယ်။ တရုတ်မုန့် ကတော့ ပြားပြား ၀ိုင်းဝိုင်းလေးတွေပေါ့
  12. khin khin sein says:
    ညီမရေ
    ရန်ကုန်မှာ ဖြဲမုန်.လို.ခေါ်တယ်။ အမတို.ငယ်ငယ် လွန်ခဲ.တဲ.အနှစ် ၂၅-၃၀လောက်က လမ်းထဲကို ဦးလေးကြီးလာရောင်းတယ်။ အခုတော.မတွေ.ရတော.ပါဘူး။အမလည်း လုပ်စားကြည်.လိုက်အုန်းမယ်။ကျေးဇူးဘဲညီမ။
  13. khin khin sein says:
    ညီမရေ
    ချက်ချင်းဘဲစားချင်စိတ်ပေါက်တာရယ်။ရန်ကုန်ကအမကြီး ဒီကိုအလည်လိုက်လာပြီး သူပါစားချင်တယ်ဆိုလို. လုပ်စားဖြစ်တယ်။
    ရန်ကုန်အတိုင်းအ၀ိုင်းဘဲလုပ်စားဖြစ်တယ်
  14. chowutyee says:
    မခင်၊ ဟုတ်တယ် ရန်ကုန် တရုတ်တန်းနားမှာ အရင်တုန်းက ရောင်းတဲ့အတိုင်း အ၀ိုင်းအပြားသေးလေးတွေက ပိုစားလို့တောင် ကောင်းသေးတယ်.. ၀တ်ရည်က ပုံစံအမျိုးမျိုး လုပ်စားကြည့်တာပဲ.. Thanks par!!
  15. chit2 says:
    love it, love it! i salute u,Ma Wut yee!i really appreciate it! i will do it this weekend!x
  16. ayeayemyo says:
  17. chatterbox says:
    ညီမတို့ သူငယ်ချင်းတွေလည်း အရမ်းကြိုက်ကြတယ်..မှတ်မှတ်ရရ ဆယ်တန်းတုန်းကလေ
    ဖြဲမုန့် ရောင်းတဲ့ အဒေါ်ကြီးနောက်ကို ပြေးလိုက်ပြီး မုန့် ဝယ်ကြတာ သူငယ်ချင်းတစ်ယောက်ဆို ချော်ပါလဲတယ်..:D
  18. ဇော်ခင် says:
    မချိုရေ
    ကျေးဇူးအများကြီးတင်ပါတယ်
  19. dkfjekrli says:
    ရန်ကုန်မှာ ပဲသိပ်မုန့်လို့ လဲ ခေါ်ပါတယ်
  20. says:
    မွှာကျိကို ရန်ကုန်ဆေးရုံကြီး emergency ဖက်.ဘုန်းကြီးကျောင်းဘေးနားမှာ ရှိတဲ့ကျောင်းကလေး မှာရောင်းတာတွေ့ ဖူးတယ်
  21. Wint says:
    အမသမီးတစ်ခါမှတော့မကြားဘူး– ဘူး စားလို့ကောင်းလားဟင်ပုံစံလေးက တော့ စား ချင် စရာလေးနော် အမလုပ်စားကြည့်မယ်သမီး
  22. shingwangwi says:
    ညီမရေ မုန့် ဦးနှောက်လုပ်နည်းလေးများရှိရင်မျှပေးပါလို့ 
    • chowutyee says:
      တခါမှ မလုပ်ဖူးဘူး။ ဒါမေ့မယ့် ၀တ်ရည် လုပ်ဖြစ်တဲ့ ချက်နည်းလေး တင်ပေးပါ့မယ်နော်.. 🙂
  23. […] February 22, 2010 ဖြဲသိပ်မုန့် လုပ်စားကြရအောင် […]
  24. ဇန် says:
    ကျွန်တော် ဘိတ်မှာမွေး ဘိတ်မှာကြီးပါတယ်။
    အဲဒါကို မုန့်ခွဲသိပ် လို့ခေါ်ပါတယ်။
    ကျွန်တော်သိသလောက်၊ စားဖူးသလောက်ကတော့ …
    ကောက်ညှင်းကို အပြား အဝိုင်းပုံစံနဲ့ပဲ ပေါင်းပါတယ်
    ပြီးတော့မှ အလယ်မှာ ပဲနှမ်းထောင်း ထည့်ပြီး အစွန်းနှစ်ဖက်ကို ခေါက်ပြီး လိပ်လိုက်ပါတယ်။ ပြီးတော့ ပဲနှမ်းထောင်းနဲ့ ထပ်လူး လိုက်ပါတယ်။ ရန်ကုန် လမ်းမတော် ၄ လမ်း နဲ့ ၅ လမ်းထိပ်ကြားမှာ ဘိတ်မုန့်တွေ ရောင်းတဲ့ဆိုင်ရှိပါတယ်။
    • admin says:
      ဟုတ်ကဲ့ ၀တ်ရည်ကတော့ ဘိတ်မှာ မမွေးသလို၊ ကြီးလည်း မကြီးပါဘူး။ ၀တ်ရည် အမေတို့က ဘိတ်ကပါပဲ၊ သူတို့ပြောတဲ့ အတိုင်းရေးထားတာပါ။ မှားတာရှိရင်တော့ နားလည်ပေးပါ..
  25. Aye Yu Maw says:
    အစ်မရေ
    မုန့်ကကောင်းတယ် ညီမတစ်ခါလုပ်စားဖူးတယ်
    food magazine မှာအစ်မရေးထားတာတွေ့ လို့ 
    ကျေးဇူးနော်
  26. ayeyumaw says:
    မမ ရေ အဆိုတော်ဗီဘာဟိန်းကိုသိလားမသိဘူးနော်။သူကအိမ်လာလည်တော့ ဒီမုန့် ကိုလုပ်ကျွေးလိုက်တယ်။သူကအရမ်းကြိုက်ပဲ ။မမ မုန့် ကိုတော်တော်လေးအားပေးတယ်။ကျေးဇူးတင်တယ်နော်မမ။
  27. Sh Ar says:
    အယောက် 20လောက် ကျေးချင် လို့
    အချိုးအစားလေးပြောပြပါလားမမ
Leave a Reply
Your email address will not be published. Required fields are marked *