ကင်ချီ ထမင်းကြော်
ကင်ချီ ထမင်းကြော်
Kimchi_Pork_Rice4
လက်တင် နှင့် ကိုရီယားစတိုင် fusion ကင်ချီထမင်းကြော် ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ အရမ်းလည်း စားလို့ ကောင်းပါတယ်။ ခုပဲ တူတူ ကြော်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ချက်ပြီသား ထမင်း – ၄ယောက်စာ
  • ၀က်သားသုံးထပ်သား – ၂၀၀ ဂရမ်
  • ကင်ချီ – ခွက်တ၀က် (ပါးပါးလှီးပါ)
  • ပဲသီး – ခွက် ၄ပုံ၁ပုံ
  • ရွှေပဲ – ခွက် ၄ပုံ၁ပုံ
  • ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • နှမ်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်ဥ – ၃လုံး (ဆား၊ ငရုတ်ကောင်းမှုန့်ဖြူးပြီ မကျက်တကျက် ကြော်ထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်သားသုံးထပ်သားကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ဖြင့် သမအောင် ရောနုယ်ပေးပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ၀က်သားသုံးထပ်သားကို မီးနည်းနည်းဖြင့် နီညှိရောင်သန်းပြီ ကျက်သည်အထိ အကြွပ်ကြော်ပေးပါ။ (၀က်သားကြော်ထားတဲ့ ၀က်ဆီကို ဖယ်ထားပေးပါ)
Kimchi_Pork_Rice
၃။ ထို့နောက် အကြွပ်ကြော်ထားသော ၀က်သားသုံးထပ်သားကို ဓားဖြင့် ပါးပါးလှီးပေးပါ။ ကင်ချီထမင်းကြော် စကြော်ပါမည်…
Kimchi_Pork_Rice1
၎။ ဒယ်ထဲ ၀က်သားကြော်ထားတဲ့ ၀က်ဆီ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၅။ ပြီနောက် ပဲသီး၊ ရွှေပဲ၊ ၀က်သားသုံးထပ်သား၊ ရေ(ခွက်၎ပုံ၁ပုံ)၊ ပဲငံပြာရည်၊ ဆား၊ သကြား တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် တည်ထားပါ။
Kimchi_Pork_Rice2
၆။ ထို့နောက် ကင်ချီ၊ ထမင်း ထည့်ပြီ သမအောင် ရောမွှေပြီ ၂မိနစ်ခန့် မီးအတင့်အတင့်ဖြင့် တည်ပါ။
Kimchi_Pork_Rice3
ရ။ အပေါ်မှ နှမ်းဆီ၊ နှမ်း၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။
၈။ အရသာရှိသော ကင်ချီ ထမင်းကြော်ကို ကြက်ဥဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Kimchi_Pork_Rice4
4 comments
  1. May says:
    အရင် က ကင်မ်ချီ နဲ့  ထမင်းနဲ့  ဒီတိုင်း ကြော်စားဖူးတယ်။ ပဲသီးတို့  ရွှေပဲတို့  ထည့်ရမှန်း မသိခဲ့ဘူး။ကျေးဇူးတင်ပါတယ် မ၀တ်ရည်။ နောက်ပြီး ကိုရီးယား ရုပ်ရှင်တွေမှာ ခဏ ခဏ ပါတဲ့ ဟင်းရည် ချက်နည်းလေး တင်ပေးပါဦးနော်။ 🙂
  2. aye says:
    စားချင်စရာလေးဒါပေမဲ့ကျမကဝက်သားမစားတော့ခက်ပြီမဝတ်ရည်ဇာတ်လမ်းတွေထဲမှာစားကြတဲ့ပဲခေါက်ဆွဲလုပ်နည်းလေးတင်ပေးပါအုံးနော်ကျေးဇူးတင်ပါတယ်နော်
  3. Thinn Thandar ko ko says:
    so so good
  4. Dezen says:
    အမ ရေ ဆလပ်ရွက်နဲ. အသားကင် တွဲစားတာလေး လုပ်စားချင် လို.
    လုပ်နည်းလေး မစပါအုန်း ။။
Leave a Reply
Your email address will not be published. Required fields are marked *