Saffron ထမင်း
Saffron ထမင်း ချက်နည်းပါ။ ဆန်ကို ထောပတ်၊ saffron အရည်နဲ့ ရောချက်ထားတာပါ။ အိန္ဒိယဟင်းလျာ တော်တော်များများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- saffron – လက်ဖက်ရည်ဇွန်း တ၀က်
- ဘာစမက်တီ basmati ဆန် – ၂ခွက် (ဆန်ချိန်ခွက်)
- ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရေ – ၃ခွက်
Saffron ချက်ပြုတ်နည်း
၁။ အရင်ဆုံး saffron ကို ရေနွေး(ခွက်တ၀က်၊ ၁၀၀မီလီလီတာ) ဖြင့် သမအောင် ရောမွှေထားပါ။
၂။ ပြီလျှင် အဖုံးလုံးသော အိုးထဲ ထောပတ်ထည့် ပူလာလျှင် ဆန်ထည့်ပြီ ရောမွှေပေးပါ။
၃။ ပြီမှ ရေ(၃ခွက်)၊ saffron အရည်၊ ဆား ထည်ဖြင့် အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် မိနစ် ၂၀တည်ထားပေးပါ။
၎။ ရပြီဆိုလျှင် သီဟိုဌ်စေ့ထည့်၊ အပေါ်မှ ကြက်သွန်နီကြော်ဖြူးပြီ အဖုံးအုပ်ကာ မီးပိတ်ပြီ ၁၀မိနစ်ခန့် ထပ်နုပ်ထားပေးပါ။
၅။ ပြီလျှင် အရသာရှိသော saffron ထမင်းကို သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ ချက်နေစဉ် အဖုံးဖွင့်မကြည့်ပါနှင့်၊ pressureနဲ့ ထမင်းကျက်အောင် ချက်ပါ။ Saffron ကို အိန္ဒိယဆိုင်တွင် မေးဝယ်နိုင်ပါသည်။







Saffron က ဘယ်မှာ ၀ယ်လို့ရမလဲ
Safforn A K Khan အိန္ဒိယဆိုင်မှာ ၀ယ်လို့ရပါတယ်။ ၂၇လမ်းလား၊ လိပ်စာမေ့နေလို့ပါ။ ဆိုင်ဖုန်းနံပါတ် ၂၄၅၂၇၅ ကိုဆက်သွယ်ဝယ်ယူလို့ရပါတယ် 🙂
ကျွန်တော် အိန္ဒိယ ဟင်းတော်တော်များများ ကြိုက်တယ်။ safforn ကို ဘယ်မှာ ၇မလဲ
A K Khan အိန္ဒိယဆိုင်မှာ ၀ယ်လို့ရပါတယ်။ ဆိုင်ဖုန်းနံပါတ် ၂၄၅၂၇၅ ကိုဆက်သွယ်ဝယ်ယူလို့ရပါတယ် 🙂
E88Login… Login portals can be a pain. Hope this one’s user-friendly and secure, right? No one wants their account getting jacked from dodgy security. Fingers crossed it’s smooth sailing! e88login
E88Login… Login portals can be a pain. Hope this one’s user-friendly and secure, right? No one wants their account getting jacked from dodgy security. Fingers crossed it’s smooth sailing! e88login