လီမွန်ထမင်း နှင့် ကြက်သားဟင်း

လီမွန်ထမင်း နှင့် ကြက်သားဟင်း

ခုတစ်လော အိန္ဒိယ ဟင်းတွေပဲ ဓာတ်စားကျနေတယ်..း) လီမွန်ထမင်းကို အိန္ဒိယကြက်သားဟင်းနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါသည်။ ဒန်ပေါက်၊ အုန်းထမင်းတို့လို အလျှူပွဲတွေမှာပဲဖြစ်ဖြစ်၊ မွေးနေ့ပွဲတွေမှာပါ ချက်စားနိုင်အောင် တင်လိုက်ပါသည်။ လီမွန်နှင့်ချက်ထားသောကြောင့် အအီပြေပြီး စားလို့လည်း ကောင်းပါသည်။

အိန္ဒိယ ကြက်သားဟင်း ပါဝင်သောပစ္စည်းများ

၁။ ကြက်သား – ၂၀ကျပ်သား (အတုံးအလတ်များတုံးပါ)

၂။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

၃။ လေးညှင်း (Clove) – ၇ခု(နှုတ်နှုတ်ဆင်းပါ)

၎။ ဖာလာစေ့ (Cardamon) – ၃ခု

၅။ သစ်ဂျပိုး (Cinnamon) – ၂ခု

၆။ ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်ဆင်းပါ)

၇။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၈။ ကြက်သွန်ဖြူ – ၇ခု (နှုတ်နှုတ်ဆင်းပါ)

၉။ ဆနွင်းမှုန့် – လက်ဖက်၇ည်ဇွန်း တ၀က်

၁၀။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၁။ ခရမ်းချဉ်သီး – ၃ခု (နူးအောင်ပြုတ်ပြီး အခွံခွာနှုတ်နှုတ်ဆင်းပါ)

၁၂။ နံနံမှုန့် (Coriander Powder) – စားပွဲတင်ဇွန်း ၂ဇွန်း

၁၃။ မာဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

အိန္ဒိယ ကြက်သားဟင်း ချက်ပြုတ်နည်း

၁။ ဒယ်ထဲဆီထည့်ပြီး သစ်ဂျပိုး၊ ဖာလာစေ့၊ လေညှင်းများကို ထည့်ပြီး အညှိရောင်သန်းလာသည် အထိ ၂၀စက္ကန့်ခန့်မွှေးပေးပါ။

၂။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထည့်၍ အညှိရောင်သန်းလာသည်အထိ ဆီသပ်ပါ။

၃။ ပြီးလျှင် ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ နံနံမှုန့် ထည့်ရောမွှေပြီး ၁၀စက္ကန့်ခန့် မွှေပေးပါ။

၎။ ပြီးမှ နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီးထည့်၍ ၄မိနစ်ခန့် နူးအိအောင်ချက်ပေးပါ။

၅။ ထို့နောက် ကြက်သားများကိုထည့်ပြီး ၃မိနစ်ခန့် အရောင်ရအောင် မွှေပေးပြီးမှ ရေကြက်သားမြှပ်ရုံထည့်ပေးပါ။

၆။ မီးနည်းနည်းဖြင့် ကြက်သားနူးအိသည်အထိ ရေထပ်ထည့်ပြီး မိနစ် ၂၀ခန့်ချက်ပေးပါ။

၇။ ကြက်သားဆီပြန်လာလျှင် မာဆလာ အပေါ်ဖြူးပေးပြီး ရောမွှေလိုက်ပါ။

၈။ အိန္ဒိယကြက်သား ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီး…

လီမွန်ထမင်းတွင် ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသား Basmati ဆန် – ၂လုံး

၂။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၎။ မလှော်ရသေးသော မြေပဲ (အခွံမပါ) – စားပွဲတင်ဇွန်း ၂ဇွန်း(တခြမ်းခြမ်းပါ)

၅။ ငရုတ်နီခြောက် – ၂ခု

၆။ ဂျင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (ထောင်းပြီးသား)

၇။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၈။ ပြင်တော်သိမ်းရွက် – ၃ရွက်

၉။ လီမွန်အရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၁၀။ မှုန့်ညှင်းစေ့ (mustard seed) – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပြီး မြေပဲ၊ ငရုတ်ခြောက်နီ များကို စက္ကန့်အနည်းငယ် ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ဂျင်း၊ ဆနွင်းမှုန့်၊ ပြင်တော်သိမ်းရွက် ထည့်ပြီး ၁မိနစ်ခန့်မွှေပေးပါ။

၃။ ထို့နောက် လီမွန်ရည်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ မှုန့်ညှင်းစေ့ ထည့်ပါ။

၎။ ပြီးမှ Basmati ထမင်းပါထည့်ပြီး အားလုံးကို အနည်းငယ် မွှေလိုက်ပါ။ (ထမင်းများကြေသွားအောင် အရမ်းမမွှေပါနှင့်၊ အသာလေးပဲမွှေပေးပါ)

၅။ လီမွန်ထမင်းကို ပူပူနွေးနွေးလေး ကိုကြိုက်နှစ်သက်ရာ အိန္ဒိယကြက်သားဟင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီး။

7 comments

  1. Hmone Gyi says:

    wow new style again..never ate before…i even can get smell from here…so hungry 🙁 heee

    • chowutyee says:

      ဟားဟား ကိုယ်ဗိုက်အောင် တမင်တင်လိုက်တာ.. ဟီးဟီး just kidding.. 🙂

  2. exitofmymind says:

    အမ..chicken tika လေးချက်ပြပါအုံး။ အားပေးသွားပါတယ်။

    • chowutyee says:

      နောက်ကျချက်တင်ပေးပါမယ့် ညီမရေ… နောက်လည်းလာ အားပေးပါအုန်းနော် 🙂

  3. Julio says:

    Look tasty and presentation wisely on plate……..though!

    Would you like to cook other dishes like egg plants……..

    Just requesting…..when you fancy to do next dishes..

    Have a nice weekend.

    • chowutyee says:

      Thanks Julio! ခရမ်းသီးဟင်းဆိုရင် ခရမ်းသီးနဲ့ ကြက်ဥကြော် ထားတာကို အရမ်းကြိုက်တယ်၊ နောက်တစ်ခါ လုပ်စားဖြစ်ရင် တင်လိုက်မယ်နော်.. 🙂

  4. […] လီမွန်ထမင်း နှင့် ကြက်သားဟင်း […]

Leave a Reply

Your email address will not be published. Required fields are marked *