ကြက်ရင်ဗုံ ချိစ် အစာသွပ် နှင့် အားလူးခဲစက္ကူဖုတ်

ကြက်ရင်ဗုံ ချိစ် အစာသွပ် နှင့် အားလူးခဲစက္ကူဖုတ်

နေ့လည်စာ (သို့) ညနေစာ အဖြစ် အနောက်တိုင်းစတိုင် ကြက်ရင်ဗုံချိစ် အစာသွပ် နှင့် အားလူးခဲစက္ကူဖုတ် တို့ကို လုပ်စားကြည့်ရအောင်…

ကြက်ရင်ဗုံ ချိစ် အစာသွပ် ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၁ခု

၂။ ချိစ် – ၁ပြား

၃။ ငရုတ်သီးမှုန့်(အချို) – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံ ၁ပုံ

၎။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၅။ Thyme (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် တမျိုး) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်ရင်ဗုံ ချိစ် အစာသွပ် ချက်ပြုတ်နည်း

၁။ ကြက်ရင်ဗုံသားကို အလယ်မှ ဓားဖြင့် အသာဖောက်လှီးပေးပါ။

၂။ ပြီးလျှင် ချိစ်ပြားကို ၃ပိုင်ပိုင်းပြီး  ကြက်ရင်ဗုံထဲ အစာသွပ်ပေးလိုက်ပါ။

၃။ ထို့နောက် အစာသွပ်ထားသော ကြက်ရင်ဗုံကို ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီအနည်းငယ် ထည့်ရောနယ်ပေးပါ။ ပြီးမှ Thyme ကိုအပေါ်မှ ဖြူးပေးပါ။

၎။ ဒယ်ပြား (Non-stick pan) ထဲ နုယ်ထားသော ကြက်ရင်ဗုံကို ထည့်ပြီး မီးနည်းနည်းဖြင့် ညှပ်ဖြင့် အပေါ်အောက်လှန်ပြီး အရောင်ရသည်အထိ ကင်ပေးပါ။

၅။ ပြီးမှ ကင်ထားသော ကြက်ရင်ဗုံကို Oven ဖြင့် ၂၀၀ဒီဂရီဖြင့် ၁၅မိနစ်ခန့် ထပ်ကင်ပေးပါ။

၆။ ကင်ထားသော ကြက်ရင်ဗုံကို ဓားဖြင့်လှီးအရှည်လိုက် လှီးပေးပါ။

၇။ ကြက်ရင်ဗုံ ချိစ် အစားသွပ်ကို Barbecue ဆော့နှင့် တွဲစားသုံးနိုင်ပါပြီး….

အားလူးခဲစက္ကူဖုတ်တွင် ပါဝင်သောပစ္စည်းများ

၁။ အာလူး – ၁လုံး

၂။ ထောပတ် – စားပွဲတင်ဇွန်း တ၀က်

၃။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၎။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

အားလူးခဲစက္ကူဖုတ် ကင်နည်း

၁။ အားလူးကို အခွံမခွာပဲ brush ဖြင့်တိုက်ပေးပါ။

၂။ ပြီးလျှင် ခဲစက္ကူပေါ်ကို ထောပတ်သုတ်ပေးပြီး အားလူးကို ထည်၍ ဆား၊ ငရုတ်ကောင်းမှုန့် အပေါ်မှ ဖြူးပေးပါ။

၃။ ပြီးမှ ခဲစက္ကူကို ဗျိုင်းဌက်ပုံဖော်လိုက်ပြီး အားလူးအပေါ်ကို ကြက်ခြေခတ်ဓားဖြင့် လှီးလိုက်ပါ။

၎။ ပြီးလျှင် Oven ထဲထည့်ပြီး အပူချိန် ၁၈၀ဒီဂရီဖြင့် ၄၅မိနစ်ခန့်ဖုတ်ပေးပါ။

၅။ ထောပတ်နံလေးမွှေးနေသည့် အားလူး ခဲစက္ကူဖုတ်လေး သုံးဆောင်သွားပါအုန်းနော်..

11 comments

  1. Hmone Gyi says:

    wow looking very delicious yummy 😉

    • chowutyee says:

      hee Thanks Hmone Gyi yay!!! yes next time came back YGN, I will cook for you.. It is really good taste 🙂

  2. Julio says:

    Wow……….

    That’s look fantastic and really marvelous…..

    What perfection………

    Would you like to make with lamb, pork and venison……

    I try it out with venison….it is fantastic though…..

    Have a great day……..

    Very cool presentation though…….everybody tuck in……….huh

  3. subuueain says:

    မဝတ်ရည်ရဲ့ ဘလော့ကို အိမ်ရှင်မလက်ရာမှာ တွေ့တယ်။ cooking ကို စိတ်ဝင်စားတော့ ကိုယ်သိသလောက်တော့ တော်တော်ဖတ်ဖြစ်ပါတယ်။
    မဝတ်ရည်ရဲ့ facebook မှာတောင် fan လုပ်ထားသေးတယ် 🙂

    • chowutyee says:

      subuueain ရေကျေးဇူးပဲနော်.. ၀တ်ရည်လည်း ဟင်းချက်တာ အရမ်းစိတ်ဝင်စားတာ… Fan လုပ်ထားလို့လည်း ကျေးဇူးတင်ပါတယ်နော်.. နောက်လည်းလာအားပေးပါအုန်း.. 🙂

  4. aunglinnaing says:

    မ၀တ်ရည်ရဲ့ အကိုတစ်ယောက်ကလည်းဟင်းချက်အရမ်းတော်တာ ညီမလေး ဟင်းချက်နည်းသင်ချင်ရင် သူနဲ့ ဆက်သွယ်ပါလား
    ပုံ
    အောင်လင်းနိုင်

    • chowutyee says:

      အောင်အောင် ဘယ်ချိန်က ဟင်းချက်တော်သွားတာလည်း ငါလည်း မသိလိုက်ပါလား.. hee 🙂

  5. soe myint thein says:

    စာအုပ်တော့ဝယ်ပြီးပြီ အထဲမှာ ကြက်ရင်ပုံချီစ်အစာသွတ်မပါဘူး
    ခနခနလုပ်စားတယ်သိပ်ကောင်းတာဘဲ thyme နဲ ငရုပ်သီးအချိုတော့မပါဘူး
    ငရုပ်သီးမှုန့် ( အချို ) ဆိုတာဘယ်လိုဟာမျိုးလဲ thyme ထဲ့ရင်ဘယ်လိုပိုကောင်း
    မလဲ

    • admin says:

      ဟုတ်။ ၁၀၁မျိုးပဲ ဆိုတော့ တစ်ချို့ချက်နည်းတွေ ထည့်ချင်ပေမယ့် မထည့်လိုက်ရဘူး။ ငရုတ်သီးမှုန့်(အချို)ဆိုတာ ငရုတ်သီး အရောင်တင်မှုန့်ကို ပြောတာပါ

Leave a Reply

Your email address will not be published. Required fields are marked *