Archive for တရုတ်ဟင်း ချက်ပြုတ်နည်း

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

Stuffed_Fish_Egg7

နေ့လည်စာ အဆာပြေအဖြစ် လုပ်စားနိုင်အောင်ပါ။ အရသာလည်း ရှိပြီ စားလို့ ကောင်းတဲ့ ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်လေးပါ။ ချက်နည်း တူတူ ကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

၁။ ကြက်ဥ – ၃လုံး (ခလောက်ပေးပါ)

၂။ ငါးဖယ် – ၁၀ကျပ်သား (ညက်အောင် ထောင်းပါ)

၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

အမဲသား နှင့် Broccoli ကြော်

အမဲသား နှင့် Broccoli ကြော်

Beef_Broccoli_Fry4

တရုတ်စတိုင် အမဲသား နှင့် Broccoli ပန်းကော်ဖီစိမ်း ကြော်လေးပါ။ အမဲသားက ဆန်ဝိုင်ဖြင့် နုပ်ထားပြီမှ ချက်ထားမို့ အမဲသားက နူးအိပါတယ်။ လွယ်လွယ်ကူကူပဲ ချက်လို့ရပြီ ဟင်းသီဟင်းရွက်တွေနဲ့ ရောကြော်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၄၀၀ ဂရမ် (အရှည် ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီစိမ်း (Broccoli) – ၂ခွက်စာ (အတုံးများ တုံးထားပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)

Read more

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

Fried_Brown_Rice4

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော် ချက်နည်းပါ။ ဆန်လုံးညှိမှာ ရိုးရိုး ဆန်ဖြူထက် ဗီတာမင် ဘီ၊ သံဓာတ် တွေ ပိုပြီ ပါဝင်တဲ့အပြင် ဆီချိုရောဂါရှိသူတွေအတွက် အလွန် သင့်လျော်ပါတယ်။ ဆန်လုံးညှိက ဖွယ်ပြီ ကစီဓာတ်နည်းတာမို့ ၀ိတ်ချချင်သူတွေ စားမယ်ဆိုလည်း သင့်လျော်ပါတယ်။ ဆန်လုံးညှိကို ဒီအတိုင်း ထမင်းချက်သလို၊ ချက်စားနိုင်ပြီ။ ဆန်လုံးညှိက ဆန်ကြမ်းဆိုပေမယ့် ဆန်လုံးညှိကို ထမင်းကြော် အနေနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်လုံးညှိ (ချက်ပြီသား) – ၂ခွက်စာ (ရိုးရိုးထမင်းချက်သလို Rice cooker နဲ့ချက်ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ဝက်သား နှင့် ခရုဆီကြော်

ဝက်သား နှင့် ခရုဆီကြော်

Pork_Oyster7

တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)

Read more

ကြက်သားနှင့် မှို စတူး

တရုတ်စတိုင် ကြက်သားနှင့် မှို စတူး

Stew_Chicken6

တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cooker နဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၂စုံ (အတုံးကြီးများ တုံးပါ)
  • ပြောင်းဖူး – ၁ဖူး (ရေဖြင့် ကျက်အောင် အရင်ပြုတ်ပြီ ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အတုံးများ တုံးပါ)

Read more

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ

  • ကြက်တောင်ပံ – ၁၀ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်ကောက်ညှင်း အစာသွပ်

ကြက်ကောက်ညှင်း 

ကြက်ကောက်ညှင်းကို ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ လုပ်စားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကြက်သားကို တညသိပ် (သို့) အနည်းဆုံး ၂နာရီနုပ်ပြီ ပေါင်းထားမို့ အသားကလည်း အရမ်းနူးအိနေပါတယ်။ ပြီလျှင် ကြက်ပေါင်းထားတဲ့ အရည်နဲ့ ကောက်ညှင်းကို ချက်တာမို့ အရသာ ပျော်ဖွယ်ရာ မရှိပါဘူး။ ဒီကြက်ကောက်ညှင်း အစာသွပ်ဟင်းလျာကို စားသောက်ဆိုင်ကြီးများမှာ မှာယူစားသုံးနိုင်ပါတယ်။ ခုပဲ သူငယ်ချင်းတွေနဲ့ တပျော်တပါး ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်၁ကောင် – ၈၀၀ ဂရမ်
  • ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
  • မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တ၀က်ကို ပါးပါးလှီးထားပါ)

Read more

ကြက်ဆာတေးကင်

ကြက်ဆာတေးကင်

လူကြိုက်ပြီ အရသာကောင်းမွန်တဲ့ ကြက်သား ဆာတေးကင်လေးပါ။ အင်ဒိုနီးရှား ရိုးရာ အစားအသောက်တစ်ခု ဖြစ်တဲ့ဆာတေးကို  ခုချိန်မှာ တရုတ်၊ ထိုင်း၊ မလေး စားသောက်ဆိုင်၊ ဟိုတယ်တိုင်းလိုမှာပင် မှာယူစားသောက်နိုင်ပါပြီ။ သူရဲ့ ထူခြားချက်က မြေပဲစပ်ဆော့နှင့် တွဲဖက်စားသုံးရတာပါပဲ။ အရသာကတော့ အုန်းနို့နှင့်နှပ်ထားသည်မို့ ချိုမွှေးပြီ စားလို့ကောင်းပါတယ်။ အချိန်တို အတွင်းမှာပဲ အိမ်မှာ လွယ်လင့်တကူ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ကြက်ရင်ဗုံသား [skinless breast]               ♦ ၂၀ ကျပ်သား
  • သကြား [sugar]                                     ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ [garlic]                               ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သား ကုန်းဘောင်ကြီးကြော်

ကြက်သား ကုန်းဘောင်ကြီးကြော်

လူကြိုက်များတဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်ပါ။ စီချွမ့်စတိုင် ကြက်သား ကုန်းဘောင်ကြီးကြော်က ငရုတ်သီးများများနဲ့ စပ်ရှိန်ရှိန် အရသာကို ရရှိမှာပါ။ သီဟိုဌ်စေ့ (သို့) မြေပဲ ထည့်ချက်ထားသည်မို့ ကြွပ်ရွရွနဲ့ စီချွမ့်ငရုတ်ကောင်း ရနံ့လေး သင်းနေတာမို့ အရမ်းစားလို့ကောင်းပါတယ်….

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (အတုံးလတ်များ တုံးပါ)
  • ငရုတ်သီးခြောက်နီ – ၈ခု (အစေ့ထုတ်ပြီ ထပ်ခြမ်းခြမ်းပါ)
  • သီဟိုဌ်စေ့ – ခွက်တ၀က်

Read more

စီချွမ့် ချဉ်စပ် ဟင်းချို

စီချွမ့် ချဉ်စပ် ဟင်းချို

တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
  • ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
  • ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

Read more

ဘမ်ဘမ် ကြက်သားသုပ်

ဘမ်ဘမ် ကြက်သားသုပ်

Bang Bang ကြက်သားသုပ်ပါ။ ကြက်သား နှင့် သခွာသီးကို မြေပဲ၊ နှမ်းဆော့နှင့် ရောသုတ်ထားတာမို့ အရသာကလည်း စိမ့်စိမ့်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်သည်မို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု
  • သခွာသီး – ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • စီချွမ့် ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ) (optional)

Read more

လီမွန် အမဲသားကင်

လီမွန် အမဲသားကင်

လီမွန် အမဲသားကင်ပါ။ အမဲသားကို လိမ္မော်ရည်၊ ပျား၊ တို့ဖြင့် နုပ်ပြီမှ ကင်ထားမို့ အရသာက ချိုစိမ့်ပြီ အသားကလည်း နူးအိနေပါတယ်။ ခုပဲ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅၀ ဂရမ် (အမဲမိုခိုးသားက ပိုနူညံ့သည်)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • မှိုပွင့် – ၅ခု (၂မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးထားပါ)
  • လိမ္မော်သီး – တခြမ်း (အခွံနွှာ အစေ့ထုတ်ထားပါ) (တွဲစားရန်)

Read more

ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

ပုဇွန် ချိုချဉ် နှင့် ခေါက်ဆွဲအကြွပ်ကြော်

စီချွမ့်စတိုင် ပုဇွန်ချိုချဉ် နဲ့ ခေါက်ဆွဲ အကြွ့ပ်ကြော်ပါ။ ပုဇွန်ကို စီချွမ့်စတိုင် ချိုချဉ်ကြော် ပြီမှ ကြက်ဥ ခေါက်ဆွဲအကြွပ်ကြော် ပေါ်ဆမ်းပြီ တွဲဖက် သုံးဆောင်ရတာပါ။ ကြွပ်ရွရွလေးနဲ့ အရမ်းစားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားရအောင်…

ပုဇွန် ချိုချဉ်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၁၀ကောင် (အခွံနွှာထားပြီ ထပ်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပေးပါ)
  • ငရုတ်သီးပွနီ – ၄ခု

Read more

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်

ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛

ပါဝင်သောပစ္စည်းများ

  • ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
  • ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

Read more

ဝက်လက် ထမင်းပေါင်း

ဝက်လက် ထမင်းပေါင်း

တရုတ်စတိုင် ၀က်လက် ထမင်းပေါင်း။ ၀က်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အ၇မ်း ကောင်းမွန်ပါတယ်။။ ၀က်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ၀က်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)
  • ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

Read more

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်ပြည်နယ်ရဲ့ နံမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ Mapo Tofu ပါ။ စီချွမ့်စတိုင် ၀က်သားနဲ့ တို့ဟူးကို စီချွမ့်ငရုတ်ကောင်း၊ Chinese black bean paste၊ chili bean paste၊ နှမ်းဆီ တို့ဖြင့် ချက်ထားတာမို့ အရသာရော၊ အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ စပ်တယ်ဆိုပေမယ့် ရှရှဲဖြစ်သည်အထိ မစပ်ပါဘူး၊ ထမင်းနဲ့ တွဲစားမယ်ဆိုရင် စပ်တယ်ဆိုတာတောင် မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (၁၅ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သား ပဲပိစပ်

ကြက်သား ပဲပိစပ်

တရုတ်စတိုင် ကြက်သား ပဲပိစပ် ဟင်းလျာပါ။ အရသာ ချို၊ငံ့နဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်နိုင်မှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၃၀၀ ဂရမ် (အစောင်း ပါးပါးလှီးပါ)
  • ပဲပိစပ် – ၁၀၀ ဂရမ်
  • ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)

Read more

ကြက်သား နှင့် မျှစ်ကြော်ဟင်း

ကြက်သား နှင့် မျှစ်ကြော်ဟင်း

တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်လေးပါ။  အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို ချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်သား (ရင်ဗုံသား) – ၂၀ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)
  • မျှစ် – ၅ကျပ်သား ( အရှည်လေးများ လှီးပါ)
  • မှိုခြောက်ပွင့် – ၃ခု (ရေနွေးဖြင့် နူးအောင် ၂မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပါ)

Read more

အမဲသားလုံး ဟင်းချို

အမဲသားလုံး ဟင်းချို

အမဲသားလုံး ဟင်းချို။ ဂေါက်သီးအရွယ် အမဲသားလုံးများကို မုန့်ညှင်း၊ မှိုတို့ဖြင့် ရောချက်ထားတာမို့ အရသာက ပျော်ဖွယ်ရာ မရှိပါဘူး။ နှမ်းဆီနဲ့ ငရုတ်ကောင်းရနံ့လည်း သင်းနေတာမို့ ခုပဲ ချက်ကြည့်ရအောင်…

အမဲသားလုံး ပါဝင်သောပစ္စည်းများ

  • အမဲသား – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်စင်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်မြိတ် – ၁ခု (နှုတ်နှုတ်စင်းပါ)

Read more

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

သက်သက်လွတ် ချက်ပြုတ်နည်း (၃၃)မျိုး

ဝါတွင်း၃လ သက်သက်လွတ်စားရင်း ကုသိုလ်ယူမယ့် ဟင်းချက်ညီအစ်မ၊ ညီအစ်ကိုများ အတွက် သက်သက်လွတ် ချက်နည်း (၃၃)မျိုးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဟင်းလျာတွေ ချက်ပြုတ်ရင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…

Read more

အသားတု နှင့် ဟင်းရွက်စုံကြော်

အသားတု နှင့် ဟင်းရွက်စုံကြော်

တရုတ်စတိုင် အသားတု နှင့် ဟင်းရွက်စုံကြော်ပါ။ အသားတို၊ မှိုခြောက်၊ မှိုနားရွက်၊ ဂေါ်ဖီ၊ ပဲလိပ်၊ ပဲကြာဇံတို့ဖြင့် အရသာ ချိုစိမ့်တဲ့ အသားတု၊ ဟင်းရွက်စုံကြော်ပါ။

ပါဝင်ပစ္စည်းများ

  • အသားတု – အလုံး ၂၀ (ရေစိမ်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေစိမ်ထားပါ)

Read more

မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

ဝါတွင်းနီလာပြီမို့ သက်သက်လွတ် ဟင်းချက်နည်းတွေ တင်ပေးသွားပါ့မယ်။ ဒါကတော့ တရုတ်စတိုင်  မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်းပါ။ တို့ဟူး၊ မှို၊ ငရုတ်သီးပွ၊ ဘိုစားပဲ တို့ကို မီဆိုအနှစ်နဲ့ ရောချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

  • ဂျပန် တို့ဟူး – ၂၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • မှိုပွင့်ခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီ အညှာဖြတ်ကာ ပါးပါးလှီးထားပါ)
  • ဘိုစားပဲ – ၆ခု (အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)

Read more

ပြည်ကြီးငါး အစာသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်

ပြည်ကြီးငါးအသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်

တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်နှင့် ကျောက်ပွင့်သုပ်ပါ။ ပြည်ကြီးငါးထဲကို ၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် အစာသွပ်ပြီ အကြွပ်ကြော်ထားတာမို့ ကြွပ်ရွပြီ စားလို့ အရမ်းကောင်းပါတယ်။ ကျောက်ပွင့်သုပ်ကို မြန်မာစတိုင် ပဲမှုန့်လေးနဲ့ သုပ်ထားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…

ပြည်ကြီးငါးတွင် ပါဝင်ပစ္စည်းများ

  • ကင်ပွန်း(သို့) ပြည်ကြီးငါး – ၃၀ကျပ်သား (အစာသွပ်ရန် အကောင်ကြီးရလျှင် ပိုကောင်းသည်)
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စင်းပါ)

Read more

ပြည်ကြီးငါး အစာသွပ်

ပြည်ကြီးငါး အစာသွပ်

ပြည်ကြီးငါးကို ဟမ်၊ ချိစ်၊ ပါမုန့်ခြောက်၊ အစာသွပ်ထားတာပါ။ ပြီမှ ပေါင်းအိုးဖြင့် ပေါင်းပြီ အပေါ်မှ ဆော့ရည်ဆမ်းပြီ သုံးဆောင်ရတာပါ။ ဆော့ရည်ကြောင့် ချဉ်စပ်နဲ့ ချိစ်အရသာ စိမ့်စိမ့်လေးကို ရရှိမှာပါ။ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…

အစာသွပ်တွင် ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၄၀ကျပ်သား
  • ဟမ် – ၅ပြား (အတုံးသေးများတုံးထားပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုနဲ့ ရောကြော်ထားပါ။ သံပရာအနံ့လေးနဲ့ သင်းပြီ အရမ်းစားလို့ကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • နှစ်တစ်ရာပဲ (Ginkgo Nut) – ၁၀ကျပ်သား(သံဈေးတွင် ၀ယ်ယူနိုင်သည်)
  • Shimeji မှို – ၁ ထုပ် (CityMart တွင် ဂျပန်မှိုဝယ်ယူနိုင်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ဟမ်ပြားထဲကို ကညွှတ်၊ မုန်လာဥနီ ထည့်လိပ်ပြီ ခရုဆီနဲ့ ကြော်ထားတာပါ။ ဒါ့အပြင် ဟမ်ပြားထဲ ကညွှတ်လိပ်ပြီ ကင်တဲ့ နည်းလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟမ် – ၄ပြား (Sliced Ham)
  • ကညွှတ် – စည်းဝက်(၂၀၀ ဂရမ်) (ရင့်တဲ့အပိုင်းကို ဖယ်ပြီ ၂လက်မအရွယ် ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (၂လက်မရွယ် အရှည် လှီးထားပြီ ရေနွေးဖြင့် ၁မိနစ်ပြုတ်ပြီ ပြန်ဆယ်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

Martarbak ကြက်ဥ ခေါက်ဆွဲကြော်

Martarbak ကြက်ဥ ခေါက်ဆွဲကြော်

အစာပြေ အဖြစ် လုပ်စားဖို့ Martarbak ကြက်ဥ ခေါက်ဆွဲကြော်လေးပါ။ လုပ်ရအရမ်းလွယ်ပြီ အချိန်တိုတွင်းမှာကို လုပ်စားလို့ရမှာပါ။ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၂လုံး
  • ကြက်ဥခေါက်ဆွဲ – ၅၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် ပါးပါးလှီးထားပါ)

Read more

စီချွမ့် ပုဇွန်ကြော်

စီချွမ့် ပုဇွန်ကြော်

တရုတ်စတိုင် စီချွမ့် ပုဇွန်ကြော် လေးပါ။ စီချွမ့် ငရုတ်ကောင်းပါတာမို့ စားနေကျ အရသာနဲ့ မတူပဲ တမူထူးခြား ကောင်းမွန်ပါတယ်။ တချို့ကလည်း စီချွမ့်ပုဇွန်ကြော်နည်းအတိုင်း ကြက်သားကို အစားထိုးပြီ ကြော်ရင်လည်း စားလို့ကောင်းပါတယ်။ စီချွမ့်ပုဇွန်ကြော်က ထမင်းနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် လိုက်ဖက်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပုဇွန်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၂၀၀ ဂရမ် (အခွံနွှာပြီ ကျောကို ဓားဖြင့် ခွဲပြီ ချေးထုတ်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

ကောက်ညှင်း နှမ်းလုံးကြော်

ကောက်ညှင်း နှမ်းလုံးကြော်

အစာပြေ စားဖို့ တရုတ်စတိုင် ကောက်ညှင်း နှမ်းလုံးကြော်လေးတွေပါ။ အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ဒိုးလုံးတွင် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် – ၂၅၀ ဂရမ်
  • ဆန်မှုန့် – ၁၀၀ ဂရမ်
  • သကြား – စားပွဲတင်ဇွန်း ၃ဇွန်း

Read more

တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

တရုတ်စတိုင် ၀က်သား တို့ဟူးဟင်း

 

ဂျပန်မှာ လူကြိုက်များတဲ့ တရုတ်စတိုင် ၀က်သား တို့ဟူးဟင်းပါ။ ၀က်သားကို နှုတ်နှုတ်စဉ်းပြီမှ တို့ဟူးဖြင့် ရောချက်ထားတာပါ။ ထမင်း ပူပူလေးနဲ့ တွဲဖက် စားမယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ဟင်းတခွက်ပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more