ချက်ပြုတ်နည်းများ
မြန်မာဟင်းလျာ ချက်ပြုတ်နည်းများ
မြန်မာပြည်တွင် လူကြိုက်များတဲ့ ချက်နည်းများ
မုန့်လုပ်နည်းများ
တိုင်းရင်းသား ဟင်းလျာများ
အဓိကဟင်းလျာများ
အသုပ်
ဟင်းချို
================================================================
တရုတ်ဟင်းလျာ ချက်ပြုတ်နည်းများ
Breakfast/Dimsum
Chicken/Duck
Pork
Seafood
Vegetarian
Soup
================================================================
ထိုင်းဟင်းလျာ ချက်ပြုတ်နည်းများ
Chicken
Pork
Seafood
Salad/Veg
Dessert
================================================================
ပီဇာ လုပ်နည်း
================================================================
အိန္ဒိယ/မလေးရှား/အင်ဒိုနီရှားဟင်းလျာ ချက်ပြုတ်နည်း
Breakfast
Chicken/Duck
Mutton/Lamb
Seafood
အစာပြေ/အရွက်ကြော်/ ပဲ
================================================================
အနောက်တိုင်းဟင်းလျာ ချက်ပြုတ်နည်း
Chicken
Pork/Beef
Mutton
Seafood
Snack (အစာပြေ)
Vegetable
================================================================
ကိုရီးယား ဟင်းလျာ ချက်ပြုတ်နည်းများ
================================================================
ဂျပန်စတိုင် ချက်ပြုတ်နည်းများ
================================================================
အင်ဒိုနီးရှား ချက်ပြုတ်နည်းများ
================================================================
ဗီယက်နမ် ချက်ပြုတ်နည်းများ
================================================================
English Version Recipes
================================================================
လာအို ဟင်းလျာ ချက်ပြုတ်နည်းများ
================================================================
စင်ကာပူ ချက်ပြုတ်နည်းများ
================================================================
ဖီလိပိုင် ချက်ပြုတ်နည်းများ
================================================================
အမေရိကန်စတိုင် ချက်ပြုတ်နည်းများ
================================================================
မက်ဆီကန်စတိုင် ချက်ပြုတ်နည်းများ
398 comments
  1. mamawai says:
    မချိုဝတ်ရည်
    ချက်ပြုတ်နည်းအကြောင်းတင်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
    မဝေ
  2. Phoe Zin says:
    အစ်မကို အများကြီးကျေးဇူးတင်ပါတယ် . . .
    ကျွန်တော်က ထမင်းဟင်းချက်ရတာကို အရမ်းဝါသနာပါတယ်ဗျ . . .
    အိမ်မှာဆိုရင်အားပြီဆိုတာနဲ့ ကျွန်တော်ကချက်ကျွေးနေကျ
    အစ်မလို ကိုယ်တတ်ထားတဲ့ပညာကို အများသူငါကို ဝေမျှပေးတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်…
    နောက်လည်းဖြစ်နိုင်ရင် အစားအသောက်အသစ်အဆန်းလေးတွေတင်ရင် ကျွန်တော်ကိုလည်း ပို့ပေးပါဦးနော် . . .
    များများမျှဝေပေးနိုင်ပါစေလို့ အစ်မကိုဆုတောင်းပေးလိုက်ပါတယ် . . .
    • chowutyee says:
      Phoe Zin ရေ ကျေးဇူးပါ။ ဟုတ်ကဲ့ အစားအသောက် အသစ်တင်တိုင်း သိနိုင်အောင် email subscription လုပ်သွားပါအုန်းနော်။ ၀တ်ရည်လည်း အတတ်နိုင်အောင် ဟင်းအသစ်အဆန်းတွေကို တင်သွားပေးပါမယ်.. 🙂
      • Ye Min Naing says:
        ငါးသံပုရာ​ပေါင်း ချက်​နည်း​လေးသိချင်​လို့ပါ။
      • May Lei says:
        ကျောက်ကျောကိုအထူးအဆန်းလေးလုပ်ချင်တယ် Sun အလှူမှာကျွေးဖို့
  3. bawiting says:
    ကျေးဇူးအထူးတင်ပါတယ် မချိုဝတ်ရည်
    စောင့်နေမယ်နော်
  4. Khan says:
    အမရေ
    မုန့်ကျွဲသဲလုပ်နည်းလေး သိချင်လို့လေ…..တင်ပေးနိုင် မရ်လို့မျှော်လင့်ပါတရ်..ကျေးဇူးပါပဲ..
    • chowutyee says:
      ဟုတ်ကဲ့.. ၀တ်ရည်တော့ မလုပ်ဖူးပေမယ့် လုပ်နည်းလေး တင်ပေးပါမယ်.. 🙂
      • မေမြို့သူ says:
        မ ရေ…
        ရေခဲမုန့် လုပ်နည်း သိချင်လို့ပါ…
        တင်ပေးပါဦးနော်..
        ကျေးဇူးတင်လျှက်
        🙂
  5. Phoe Zin says:
    အစ်မ . . .
    ဒီရက်ပိုင်းကျွန်တော်လည်း အလုပ်များနေတာနဲ့ အစ်မရဲ့ဆိုဒ်ကို မ၀င်ဖြစ်ဘူးဗျ . . .
    ကျွန်တော်ကို ဟင်းအသစ်တင်တိုင်း ပို့ပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် . . .
    Email Subscription လည်းလုပ်ထားပါတယ် . . .
    နောက်ထပ်ပိုသေချာအောင်လို့ ဒီမေးလေးနဲ့လည်း ပို့ပေးပါဦးနော်
    [email protected]
    ကျေးဇူးအများကြီးတင်ပါတယ် အစ်မရေ
    တကယ်လို့အစ်မရဲ့လက်ရာကိုအပြင်မှာစားခွင့်ကြုံရင် စားလိုက်ချင်သေးသဗျာ ……
    • chowutyee says:
      Phoe Zin ရေ အီးမေး subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း auto ပို့ပေးပါတယ်။ အားရင်လည်း ဟင်းတွေ ချက်စားကြည့်ပါနော်..:)
  6. uooswar says:
    အမ ရေ….
    ကျွန်တော်က Israel က ပါ။ အမရဲ့ ဟင်းချက်နည်းတွေ၊ မုန့် လုပ် နည်းတွေ ကို ဖတ်ခွင့်  ရ တဲ့ အတွက် အမကိုကျေးဇူးအများကြီတင်ပါတယ်။ မပင်ပန်းဘူးဆိုရင် အီကြာကွေး လုပ်နည်းလေးပြောပြပေးပါဦး။ တအားစားချင်နေလို့ ပါဗျာ။ ကျွန်တော့်  ရဲ့ email က [email protected] ပါ။
    • chowutyee says:
      UooSwar ရေ အီကြာကွေးလုပ်နည်း ရော၊ လုပ်ပုံပါ တစ်ကွ နောက် တစ်ပတ်ထဲ တင်ပေးပါမယ်… တင်ပြီးရင်လည်း အီးမေးနဲ့ အကြောင်းကြားလိုက်ပါမယ်.. 🙂
    • NYEIN CHAN says:
      ကျွန်တော် လည်းဘဲ အီကြာ ကွေး ဂျုံ လုပ်နည်း လေးသိချင်တယ်ဗျ.ကျွှန်တော်အခု ဒူဘိုင်ကို ရောက်နေတော့ညီမရဲ့ blog က တကယ်ကို အများကြီး အထောက် အကူပြုတယ်.Star Resources ကျောင်းထွက်ထဲ မှာ ညီမတစ်ယောက်ဘဲ ချက်နည်းပြုတ်နည်း blog ကို ကောင်းကောင်း နဲ့  သပ်သပ် ရပ်ရပ်လုပ်နိုင်တာတွေ့ ရတယ်….တကယ်ကို လေးစာပါတယ်…….
  7. uooswar says:
    ကျေးဇူးးအများကြီးတင်ပါတယ် အမရေ ။ စောင့် ပြီးတော့ ကို လုပ်စားပြစ်လိုက်ဦးမယ်ဗျာ။ ဂျုံ (၂) ကီလိုလောက် ဟဲဟဲ…..
  8. Pan Ei says:
    မ၀တ်ရည်
    အမ ချက်တဲ့ ဟင်းနည်းလေးတွေကို အရမ်းကြိုက်တယ် အခုတလော ကာဆင်ဘိုင် ကြက်သားသုပ် သုပ်စားချင်စိတ်ပေါ်နေလို့ နည်းလေးသိရင် မျှဝေပါအုန်းနော်
    အားပေးလျှက်
    ပန်းအိ
    • chowutyee says:
      ပန်းအိရေ၊ ကာဆင်ဘိုင် ကြက်သားသုပ် ဆိုတာ ဘာကို ပြောတာလဲ မသိဘူး.. ၀တ်ရည် မကြားဖူးလို့ပါ.. 🙂
      • thadar says:
        မ၀တ်ရည်
        ပဲငပိလုပ်နည်းသိရင် ပြောပြပါလား……plss….
        • admin says:
          ပဲငပိတ်တော့ တခါမှ မလုပ်ဖူးဘူး.. လုပ်ဖြစ်ရင် ချက်နည်း တင်ပေးပါ့မယ်..
  9. ma mie says:
    good work
  10. ko ko aung says:
    u r requested to launch pork leg soup if possible, thanks
  11. ko ko aung says:
    when can i c my requested “pork leg soup” menu?
  12. may kyin says:
    တော် လိုက် တာ
    ကျေး ဇူး ပါ
  13. စံစံ says:
    ဒီနေ့ ကြက်ခြေထောက် တုံယမ်းစွပ်ပူချက်သောက်တယ်။ ထင်ထားတာထက် ပိုကောင်းတယ်ဝတ်ရည်ရယ်။ အုန်းနို့တော့မထည့်လိုက်ဘူး။ ချဉ်စပ်မဖြစ်ဘဲချိုသွားမှာစိုးရိမ်လို့လေ။ အုန်းနို့ထည့်ရင် အရသာက ဘယ်လိုလဲတော့မသိဘူး။ တော်ကြာမကြိုက်ကြရင် ဘယ်သူမှမစားမှာစိုးလို့။ အခုတော့ အားလုံးကကြိုက်ကြတယ်။ ကြက်ခြေထောက်ကိုက်ရင်း ၀တ်ရည်ကို ကျေးဇူးတင်နေမိတယ်။ ဒီဆိုက်လေးက စံကို နေ့တိုင်းထမင်းစားမိန်စေတဲ့အတွက် ထမင်းစားတိုင်း ၀တ်ရည်ကို သတိရနေမှာပါ။ ကျေးဇူးလည်းတင်ပါတယ်နော်။
    • chowutyee says:
      ကျေးဇူး အများကြီး တင်ပါတယ် စံစံရေ…. အမြဲတမ်း ထမင်းမြိန်နဲ့ နေ့လေးများ ဖြစ်ပါစေ… 🙂
  14. NYEIN CHAN says:
    အစ်မရေ….ကျွန်တော်တစ်ခုသိချင်လို့ …ပဲပြုတ် ပြုတ်နည်းဘဲ
    ဘာ ပဲကို ပြုတ်ရတာလဲ….အဲဒီပဲ ရဲ့ english ခေါ်အဝေါ်ကရော
    ဘာလဲ သိချင်လို့ ပါ…ကျွန်တော် ဒူဘိုင်းမှာ မြန်မာ ပဲပြုတ်စားချင်လို့ 
    တိုင်ပတ်နေတယ်ဗျာ….တတ်နိုင်ရင်တော့ ကူညီပါဦးကွယ်….
    • tn says:
      စားတော်ပဲ ကိုဒီမှာတော့ indianဆိုင်တွေမှာ vatana လို့မေးပြီးဝယ်ရင်ရတယ်။(သူငယ်ချင်းတယောက်ပြောပြတာ။) yellow peas လို့လည်းခေါ်တယ်။
    • Cherry says:
      ပဲပြုတ်ပြုတ်ဖို့ကတော့ အချိန်၃ ရက်လောက်ယူရပါတယ်။
      ၁. yellow pea ကို ၁ ရက်လောက်ရေစိမ်ထားပါ။
      ၂. ရေစစ်ပြီး နာရီဝက်လောက်လေသလပ်ခံပါ။
      ၃. သန့်တဲ့အဝတ်နဲ့ ထုပ်ပါ ။ (မှတ်ချက်။ အရမ်းကြပ်နေအောင်မထုပ်ပါနဲ့)
      ၄. ပြီးနောက် နေရောင်လုံတဲ့နေရာမှာ ၂ ရက်လောက်ထားပါ။
      (၂) ရက်ပြီးလို့ထုပ်ကြည့်ရင် ပဲမှာအညှောင့်ကလေးတွေထွက်လာတာတွေ့ပါမယ်။
      ၅. ပြီးရင် ပဲကို ဆားအနည်းငယ်ဖြူး ၊ ဆိုဒါမှုန့် အနည်းငယ်ရောပြီး အိုးနဲ့ပြုတ်ရပါမယ်။
      ဆိုဒါမှုန့်ပမာဏက — yellow pea (500g) ဆိုရင်လက်ဘက်ရည်ဇွန်း ၁ ဝက်လောက်ပဲထည့်ရပါမယ် ။
      ပြုတ်တဲ့အခါမှာလဲဘယ်လိုနည်းနဲ့ပြုတ်တယ်ဆိုတာမူတည်ပါတယ်။
      pressure cooker နဲ့ပြုတ်ရင် ၃၀-၄၀ မိနစ်လောက်ထားပြုတ်ပါ။
      rice cooker နဲ့လဲ ပြုတ်လို့ရပါတယ်။ ဒါပေမဲ့ နည်းနည်းမွှေပေးရပါမယ်။
  15. Victoria says:
    Hi sis,
    How much water should i add for “telephone brand, agar agar powder”? Thanks alot for u reply.
    • chowutyee says:
      Victoria ရေ Telephone brand agar အထုပ်သေးတစ်ထုပ်ကို ရေ ၃လီတာလောက် ထည့်ရပါမယ်။ ရေ၁လီတာ = ရေသန့်ဗူး ၁ဗူးစာ.. 😀
  16. KK says:
    မ၀တ်ရည်….ဒင်းဆမ်းလုပ်နည်းလေး ရှိယင် မျှပါအုံး…
    ဒင်းဆမ်း အိမ်မှာ လုပ်စားချင်လို့ပါ…
    တင်ပီးသားဆိုယင်လဲ လင့်ပြန်ပေးပါခင်ဗျာ..
  17. ဖြိုး says:
    ဟင်းတွေစုံလွန်းလို့ဘယ်လိုကျေးဇူးတင်ရမှန်းကိုမသိဘူး တော်တော်ကို တော်တဲ့ blog ပိုင်ရှင်လေးပါ ပဲ
    • chowutyee says:
      ဖြိုးတော့ မြှောက်ပြောနေပြန်ပြီ.. ကျေဇူးတင်တဲ့ အနေနဲ့ ကြိုက်တဲ့ဟင်းတွေ အားလုံး အ၀စားသွားနော်.. 🙂
  18. cherry ba htay says:
    ah yan kyite par tel.
  19. wai says:
    မ၀တ်ရည်ရေ ရှမ်းခေါက်ဆွဲနဲ့ မြီးရှည်လုပ်နည်းလေးသိရင် ပြောပြပေးပါနော်။ ကျေးဇူးအထူး
  20. Dare says:
    Hi Wut Yee,
    Pls share me how to cook crab for myanmar taste.
    Tks,
    DareDevil
    • chowutyee says:
  21. phyu says:
    အမရေ
    ကြေးအိုးချက်နည်းလေးသိရင်လဲ ပြောပြပေးပါနော်။ကျေးဇူးပါနော်။
  22. gumkino says:
    hi ah ma wutyee,
    where can i find အီကြာကွေး receipe?
    • chowutyee says:
      အီကြာလုပ်နည်း တင်ပေးလိုက်တယ်နော်…
      အီကြာကွေ အတွက် ပါဝင်သောပစ္စည်းများ
      ၁။ ဂျုံ ၂၀၀ – ဂရမ်
      ၂။ ဆိုဒါ (Baking soda) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
      ၃။ baking powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း (Double action ဆိုရင် ပိုကောင်းပါတယ်)
      ၄။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
      ၅။ ရေ – ဆန်ချိန်ခွက် တ၀က်
      ၆။ ကောက်ညှင်းမှုန့် – အနည်းငယ်
      အီကြာကွေ ပြုလုပ်နည်း
      ၁။ အရင်ဆုံး ပါဝင်သောပစ္စည်းများ ဖြစ်သော ( ရေ၊ ဆား၊ ဆိုဒါ) တို့ကို ဇလုံ တစ်ခုထဲမှာ အရင်ခလောက်လိုက်ပါ။
      ၂။ ပြီမှ ဂျုံနှင့် baking powder ထည့်ပြီ သမအောင် နုယ်လိုက်ပါ။ (ဂျုံဒိုးသား မမာ၊ မပျော့ အနေထားမှာ ရှိ၇မည်)
      ၃။ ဂျုံဒိုးသား နူးညံ့သည်အထိ ရောနုယ်ပေးပါ။
      ၄။ ထို့နောက် ဂျုံဒိုးသားကို လေးထောက်အတုံး လုပ်၍ ဆီသုပ်ထားသော ပလပ်စတစ် ဖြင့်လေလုံအောင် ပတ်ထားလိုက်ပြီ ၄နာရီ ကြာအောင် နုပ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲ ထည့်၍ တစ်ညသိပ်လျှင် ပိုကောင်းသည်။
      ၅။ ၄နာရီ ထားပြီနောက် ဂျုံဒိုးကို ကောက်ညှင်းမှုန့်များ ဖြူးပေးပါ။
      ၆။ ပြီးလျှင် ဂျုံတုံးကို အပြားအရှည် ဖြစ်အောင် တလိမ့်တုံးဖြင့် လိမ့်လိုက်ပါ။
      ရ။ ပြီးမှ (၃”အရှည်အရွယ်) အပြား နှစ်ပြားလှီးလိုက်ပြီ ထပ်လိုက်ပါ။ အလယ်မှ တူဖြင့် အပြား နှစ်ပြားကပ်အောင် အနည်းငယ် ဖိလိုက်ပါ။
      ၈။ ဒယ်ထဲ ဆီ များများ ထည့်၍ ဆီပူလာမှ တူဖြင့် ဖိထားသော အပြားကို အီကြာကွေ အရွယ် အရှည် ဖြစ်အောင် လက်ဖြင့် ဆွဲ၍ ဆီပူကြော်အိုးထဲ ထည့်ကြော်လျှင် အီကြာကွေများ ဖောင်းတက်လာပါလိမ့်မည်….
  23. မယ်မဒီ says:
    အစ်မကို အများကြီးကျေးဇူးတင်ပါတယ် . . .
    မဒီက ထမင်းဟင်းချက်ရတာကို အရမ်းဝါသနာပါ ပါတယ် . . .
    အိမ်မှာဆိုရင်အားပြီဆိုတာနဲ့ ချက်ကျွေးနေကျ
    အစ်မတတ်ထားတဲ့ပညာကို အများသူငါကို ဝေမျှပေးတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်…
    နောက်လည်းဖြစ်နိုင်ရင် အစားအသောက်အသစ်အဆန်းလေးတွေတင်ရင် မဒီ့ကိုလည်း ပို့ပေးပါဦးနော် . . .
    များများမျှဝေပေးနိုင်ပါစေလို့ အစ်မကိုဆုတောင်းပေးလိုက်ပါတယ် . . .
  24. Myat Ko says:
    Ah Ma yal
    Kyaw su pyu pi ” hta ma nel htoo nee ” lay lal tin par ohn naw.
    Thank you par bal.
  25. ဇော်ခင် says:
    မချို
    မချို တင်ပေးထာတဲ့နည်း အတိုင်း ၀က်သားတုတ်ထိုး လုပ်စား ပါတယ်၊၊
    (ကျွန်တော့်အတွက်) စားဖူး သမျှ ၀က်သားတုတ်ထိုးတွေ ထဲမှာ အကောင်းဆုံးပါပဲဗျာ။
    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
    ပါပလာကြော် အရွက် လုပ်နည်းလေးသိရင် တင်ပေးပါဦးဗျာ၊နော်…
    ကျေးဇူးတွေအများကြီးအများကြီးအများကြီး တင်ပါတယ်။
  26. Hnin lay says:
    အမဝတ်ရည်ရဲ့  ဟင်းတွေကြည့်ပြီး ချက်ကျွေးတာ ကြိုက်ကျလို့ အမကိုကျေးဇူးအ၇မ်းတင်ပါတယ် ..ညီမက အိမ်မှာစားဖိုမှူးတာဝန်ယူထား၇လို့ ညီမလေးကဟင်းချက်တာအစကကောင်းဘူးအခုမဝတ်ရည်ကျေးဇူးကြောင့် ဟင်းချက်လက်ရာ ကောင်းလာလို့  အမကိုကျေးဇူးတင်ပါတယ် အိမ်က အဖိုးအဖွားတွေကတောင်ချီးကျူးနေပြီ အဟီး… ငါးသလောက်ပေါင်းနည်းလေးလဲတင်ပေးပါလားအမရေ …အမရဲ့ ပညာတွေကိုအ၇မ်းလေးစားဂုဏ်ယူပါတယ်
    • chowutyee says:
      နှင်းလေး ရေ ၀တ်ရည်ဟင်းတွေ ချက်တယ်ဆိုလို့ ကျေးဇူးပါနော်…. ငါးသလောက်ပေါင်း ချက်နည်းလေး နောက်ကျတင်ပေးပါ့မယ်နော်.. 😀
  27. sue sue says:
    Hi sis!!
    Can I ask how to cook coconut noodle??
    Let me share all the recipes…
    Thank Q 🙂
  28. nguwar says:
    အစ်မရေ
    သမီးက ကြေးအိုးဆီချက်အရမ်းကြိုက်တာ
    ကြေးအိုးဆီချက် ချက်နည်းလေးတင်ပေးပါလား….ဟင်
  29. အစားအစာကို ပေါ့ပေါ့ပါးပါးလုပ်ရပြီး စားကောင်းတာကို ပိုကြိုက်တယ်အမ
    မြန်မာစာကလွဲလို့
    ဟင်းချက်ခါနီးရင် ဟင်းအမယ်ကို လွယ်လွယ်ကူကူဝယ်လို့ရတဲ့ဟာဆို အဆင်ပြေတယ်
    တကူးတကရှာဝယ်ရတာဆိုရင် ပျင်းပြီးမချက်ဖြစ်တော့ဘူး
    ညီမက လုပ်စားဖြစ်ဖြစ်မလုပ်ဖြစ်ဖြစ် အမတင်သမျှ ကြိုက်မယ်ထင်တဲ့အကုန်လုံးကို print ထုတ်ပြီး စာအုပ်ထဲမှာမှတ်ထားတက်တယ် ဟင်းချက်နည်းသင်တန်းတက်ချင်တာ အချိန်မရလို့လေ အမဟင်းချက်နည်းတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ
    နောင်များများတင်ပေးနော်
    စားကောင်းမယ်ထင်တာတွေပေါ့
    တစ်လကို ဟင်းချက်နည်းဘယ်လောက်တင်ဖြစ်လဲအမ
    သရေစာပေါ့နော် အဲ့လိုမျိုးထဲက ကောင်းမယ်ထင်တာလေးလဲတင်ပေးနော်
  30. hanlay says:
    အမရေ ကိုရီးယားကြက်အူချောင်းတို့ ဘာတို့ကို ကင်ရင် အပူဘယ်လောက်နဲ့ အချိန်ဘယ်လောက်ထားရမလဲဟင် ပြောပြပေးပါအုံးနော်
    • chowutyee says:
  31. hanlay says:
    ကျေးဇူးပါအမ အပူချိန်ကို ဘယ်လောက်ထားရမလဲ ဖြေပေးပါအုံးနော်
  32. hanlay says:
    အမ ဟင်းချက်နည်းWebsite က မြန်မာချစ်သူမိသားစုအပြင် ဘာရှိသေးမလဲမသိဘူးနော်
    ညီမက အဲ့လိုဟင်းချက်နည်းကို ၀င်ကြည့်ရတာဝါသနာပါလို့လေ သိတာကလည်းဒီ2ခုပဲ
ှရှိလို့ ကျေးဇူးပြုပြီးအမသိရင်လည်း ပြောပြပေးပါနော် အမwebsite ကိုတော့ပိုအားပေးတာပေါ့နော်
  33. hanlay says:
    ညီမက 0ven နဲ့ ကင်မှာမလို့ပါအမ အပူချိန်ကို ဘယ်လောက်ထားရမလဲလို့ ဖြေပေးပါအုံးနော်
    • chowutyee says:
      0ven နဲ့ကင်ရင် ၀တ်ရည် အချိန်တိုတိုနဲ့ မြန်မြန်ကျက်ချင်ရင် ၀တ်ရည် ပုံမှန် ၂၀၀ဒီဂရီလောက်ထားတယ်။ ဒါပေမယ့် အထဲက အသားတွေပါ ပိုနူးစေချင်ရင် ၁၈၀နဲ့ ကြာကြာကင်ပေးပါ… 🙂
  34. Wine says:
    Ma Wut Yee,
    Could I know how to make yoghurt at home easily?
    • chowutyee says:
      ရိုးရိုး နွားနို့ကျိုပြီ ခပ်နွေးနွေးမှာ ဒိန်ချဉ် စားပွဲတင်ဇွန်းလောက် ထည့်လိုက်ရင် ဒိန်ချဉ် ဖြစ်သွားပါလိမ့်မယ်..
  35. hanlay says:
    အမ၀က်ဆိုက်ဒ် က အကောင်းဆုံးပဲအမ တခြားတွေကိုဝင်ကြည့်ပြီးပြီ ဘာတွေမှန်းမသိဘူး ဟင်းချက်နည်းကနည်းနည်း စကားတွေကများများ ဆိုင်ကဓါတ်ပုံတွေပဲတင်ထားတာ
  36. hanlay says:
    ယိုးဒယားဟင်းချိုလုပ်နည်းတင်ပေးပါလားအမ
  37. Zeta says:
    de lo recipe ko share de a twat Ma Wut Yee ko kyay zu a myar gyi tin par dal..
    I have been very much interested in cooking. And could I faithfully request to have Mar Lar Hinn recipe please (a Sijuan Chinese food that have been popular in Ygn roadside shops) cos I love it so much. I think, there are lots of people keen to learn it too..
    Thank you very much
    With love
    Your big fan..
    • chowutyee says:
      Zeta ရေ မာလာဟင်း ၀တ်ရည်လည်း ကြိုက်တယ်။ ဒါပေမယ့် ၀တ်ရည် အမြဲလုပ်စားဖြစ်တာတော့ မာလာဟင်း Ready Made ထုပ်ဝယ်ပြီ ကြိုက်ကြိုက်တဲ့ ခေါက်ဆွဲ၊ အသားလုံးတွေထည့်ပြီ ချက်စားတာပါ။ ချက်နည်း အတိအကျတော့ သိဘူး။ ဒါပေမယ့် ရှာဖွေပြီ ပြန်ပြောပေးပါ့မယ်။ အမြဲအားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူးပါ..:P
  38. Manilar Lwin says:
    အချိုးအစားတွေတိတိကျကျထည့်  ပေးထားတော့ လုပ်၇တာလွယ်တာပေါ့ နော်။ဖတ်ခွင့်၇တာကျေးဇူးတင်မိပါတယ်။ပို့ ပေးတဲ့ ညီမလေးကိုေ၇ာပေါ့ 
  39. Thazin says:
    အစ်မကိုအများကြီးကျေးဇူးတင်ပါတယ်. အခုလိုမျိုးဟင်းချက်နည်းတွေသိခွင့်ရတဲ့အတွက် နောင်လည်းများများတင်နိုင်ပြီး ဒီ့ထက်မကအောင်မြင်ပါစေနော်…
  40. royal-myat says:
    ah ma yae chat nee tway ko kyi tar nae tin bite sar lar p!!!!
    ke chat kway toh naw!!!
    lar sar mae!!!!
  41. cindy says:
    တော်လိုက်တာ ၀တ်ရည်ရယ်.. ချက်ပြုတ်နည်းလေးတွေရော..ချက်ပြီးတင်ထားတဲ့ပုံလေးတွေရော အားလုံးဂွတ်ရှယ်ဘဲ
    စင်ဒီလဲ အစားကောင်းစားချင်တိုင်း ဒီကိုဘဲ လာလာပြီး သွားရည်ကျနေရတယ်
    ကျေးကျေးပါဝတ်ရည်ရေ..
  42. yuki says:
    မမဝတ်ရည် ရေ…ငှက်ပျောသီးဆနွင်းမကင်း လုပ်နည်းလေးလည်း သိရင် တင်ပေးပါဦးနော်..ကျေးဇူးပါ..
  43. fancy says:
    မ၀တ်မှုံရေ
    ချက်ပြုတ်နည်းတွေကို ဖတ်ရတာ အရမ်းကျေးဇူးတင်တယ်
    ထပ်ပီးတော့ ဆနွန်းမကင်းဖုတ်နည်းလေးလည်း တင်ပြပေးပါအုံး ။
    • chowutyee says:
      ဟီးဟီး ဆနွင်းမကင်း ဖုတ်နည်းလေး ကြိုးစားပြီ တင်ပေးပါမယ်။ ဒါပေမယ့် ၀တ်ရည်ကိုယ်တိုင်ကလည်း တခါမှ မလုပ်စားဖူးဘူး။ ဒါနဲ့ ၀တ်မှုံဟုတ်ဖူးနော်၊ ၀တ်ရည်။ ၀တ်ရည်အမွှာညီမ နံမည်ကမှ ၀တ်မှုံ။ ဒါပေမယ့် တူတူပါပဲ.. Thank you too.. 😀
  44. Ko Sai says:
    အီကြာကွေးလုပ်နည်းရှာလို့  မတွေ့ ဘူးဖြစ်နေတယ်ဗျာ …
    လုပ်နည်းလေး တင်ပေးပါအုံး …
    ကျေးဇူးတင်စွာဖြင့် …
  45. Thwe Sin says:
    မြန်မာဟင်းလေးတွေပိုပြီးစုံစုံလေးတင်စေချင်ပါတယ်အမ .. ဒါဆိုနိုင်ငံခြားရောက်နေတဲ့လူတိုင်းအတွက်အဆင်ပြေတာပေါ့နော် .. မြန်မာတွေနေ့စဉ်စားသုံးချက်နေကြဟာလေးတွေ .. ခရမ်းသီးနှပ် .. ပဲဟင်း တို့လိုပေါ့ .. Whatever .. Thx for this blog ..
  46. aung myo kyaw says:
    အိမ်မှာ ဒီ Blog ကြည့်ကတည်းက ပာင်းမထပ်တော ၀ူး 🙂
  47. mee mee says:
    Dear Ma Wutyee… if you don’t mind kindly share us how to do the Hot Pop..Thanking you in advance !!!
  48. Mimi says:
    မ၀တ်ရည်
    ပဲကြော်သုတ် နည်းလေးရှိရင် တင်ပေးစေချင်ပါတယ်။
    • chowutyee says:
      မီးမီးရေ ပဲကြော်သုတ်က ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ၂ထောင်း လှီးထည့်၊ ဆီနည်းနည်း၊ ဆားနည်းနည်း ထည့်သုတ်ရုံပါပဲ.. 🙂
      • ကျော်ဝေယံဖြိုး says:
        ကျွန်တော်ကတော့ ကြာ့ညို့လေးကါ ထညိ့သုပ်လိုက်မှ အရသာပြည့်စုံတယ်လို့ ခံစားရတယ်ဗျ။
        ဒါကတော့ ကိုယ့်အကြိုက်နှင့်ကိုယ်ပေါ့လေ။
  49. Shun Lei says:
    အစ်မ..ရေ
    ကျေးဇူးအများကြီးတင်ပါတယ်….
  50. cherry says:
    အစ်မရေ…
    ဆနွင်းမကင်းလုပ်စားချင်လို့ ဆနွင်းမကင်းလုပ်နည်းလေးကြုံ ရင်ရေးပေးပါနော်။
    ကျေးဇူး….
    ချယ်ရီ
  51. Nickey says:
    အစ်မရေ
    ဒီ site ကိုကြည့်ပြီးကတည်းက အရင်ကလိုလျှောက်လျှောက်ရမ်းမချက်ရတော့ဘူး
    အရင်တုန်း ဟင်းချက်လည်းဝါသနာပါ မလုပ်ကလည်းမလုပ်တတ်ဆိုတော့ ဟိဟိ
    ပြီးတော့ အစ်မရေ ဟင်းအမည် အချိုးအစားတွေကို ဂရမ်အပြင် တခြားအချိန်အတွယ်လေးတွေနဲ့ပါတွဲတင်ပေးပါလားနော်။
    ဂရမ်ကျတော့ ညီမမချိန်တတ်လို့ပါ။
    အမြဲအားပေးလျက်
    Nickey
    • chowutyee says:
      ဟုတ်ကဲ့ နောက်ပိုင်းဟင်းတွေကို ကြိုးစားပြီ အချိန်အတွယ်များများနဲ့ ပူးတွဲ ရေးပေးပါ့မယ် ညီမရေ… အားပေးတယ်ဆိုလို့ ၀တ်ရည်ကလည်း အထူးကျေးဇူး.. 🙂
  52. Minn Minn says:
    အစ်မ ကျွန်တော့်ကို ကြက်ဥပူတင်း ပြုလုပ်ပုံလေး တင်ပေးပါအုံးနော် ။ ကျွန်တော် ကြက်ဥပူတင်း လုပ်တာ ဆိုင်တွေမှာ စားသလို မမာလို့ ပါနော်။ ကျေးဇူးပါ။
  53. pont says:
    sis အရမ်းတော်တာပဲနော် လေးစားပါတယ် 🙂 အမြဲတမ်းလဲ အားပေးနေမယ်နော် … 🙂 ဟင်းချက်နည်းလေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊
  54. Pan Su Min Lwin says:
    Ma ma, thank u so so much !!! You are so kind and good heart owner … Thanks for all ur precious ways of cooking!
  55. Pan Su Min Lwin says:
    Ma Ma can u post how to make delicious sauces? Thank U!
  56. iris says:
    မမ….အဲ့လင့်(http://nikicoffee.blogspot.com/2011/01/blog-post_25.html)ထဲကမုန့်က တရုပ်ရိုးရာမုန့်ပါ…အဲ့ဒါဘယ်လိုလုပ်ရမှန်းမသိလို့..မမသိရင်ပြောပြပေးပါလား..ကျေးဇူးမမ…း)
  57. Hnin Wutt Yie says:
    မချိုရေ
    မင်္ဂလာပါနော်။တခုလောက်တောင်းဆိုချင်လို့ပါ။
    သက်သက်လွတ်ဟင်းချက်နည်းလေးတွေလဲတင်ပေးပါအုံး။သက်သက်လွက်ရက်ရှည် စားတဲ့လူတွေအတွက်ဟင်းပွဲမထပ်ရအောင်လေ။ကူညီပါအုံးနော်။
    အောင်မြင်ပါစေ
    ကျေးဇူးပါ
    • chowutyee says:
      ဟုတ်ကဲ့။ ကြိုးစားပြီ တင်ပေးပါ့မယ်နော်.. ကျေးဇူးပါ ညီမရေ.. 🙂
  58. သင်းသင်းအေး says:
    ကျေးဇူးတင်ပါတယ် ။ အစ်မက ဟင်းချက်ဝါသနာပါတဲ့သူပါ။ ၀တ်ရည် ရဲ့ဟင်းချက်နည်း တွေ ကူးသွားပါတယ် ။ မိသားစုတွေကိုချက်ပြုတ်ကျွေးရတဲ့အခါ အများကြီးအထောက်အကူရတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်။
    • chowutyee says:
  59. nayoonaw says:
    အစားအသောက်ပျက်နေတာတော်တော်ကြာပြီ..
  60. hlatun says:
    ဦးက အသက်ကြီးပါပြီ ဟင်းချက်နည်းတွေပေးတာ အသက်ရှည်ဆေး ခွန်အားဗလအားဆေး ရုပ်လှဆေး ကျန်းမာဆေးတွေပေးတာနှင့်အတူတူမို့ သမီးလည်းထပ်တူရပြီးဖြစ်ပါသည်။ ဦးလှထွန်း
  61. aung says:
    လာလည်သွားပါတယ်အမရေ…အမဲသားချက်နည်းလေးသိချင်ပါတယ်ရရင်တင်ပေးစေချင်ပါတယ်နော်..
  62. Ma Thandar says:
    မနေ့က (29 Apr 2012) Sunday ဆိုတော့ ရုံးပိတ်ရက်မှာ ဒန်ပေါက် ချက်စားဖြစ်တယ်၊ အမ အမျိုးသားနဲ့ သမီးက ကြိုက်တယ်တဲ့
    ကျေးဇူးတင်ပါတယ် မ၀တ်ရည်
    • chowutyee says:
      ဟုတ်လား မသန္တာ။ ခုလို အားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူး။ ၀တ်ရည်လည်း အဲဒီဒန်ပေါက်ကို အရမ်းသဘောကျတယ်၊ လုပ်ရလည်း လွယ်လို့လေ.
      • Ma Thandar says:
        ဟုတ်တယ် လွယ်တယ်
        အမက အချက်အပြုတ် ၀ါသနာပါတဲ့ အိမ်ရှင်မ ဆိုတော့ ၀တ်ရည်ကြောင့် ဟင်းကောင်းကောင်းလေးတွေ ကို မရိုးရအောင် မိသားစုကိုချက်ကြွေးရတဲ့ အတွက် ကျေးဇူးပါ ။ အမြဲအားပေးနေမယ်နော်၊
  63. Ma Thandar says:
    နောက်တစ်ခါ ရုံးပိတ်ရက် မှာ ယိုးဒယား ငါးဖယ်ကြော် လုပ်စားမယ် ။
  64. Nyo Nyo Han says:
    ညီမ၀တ်ရည် ဆန်တို့ဖူးလုပ်နည်းလေးဖတ်ခဲ့ဘူးလားလို့ ပြန်ရှာတာမတွေ့ဘူး။ သိရင်ဝေမျှပေးပါအုံး။
  65. Aerosmith says:
    မ၀တ်ရည်ရေ…..
    အနောက်တိုင်းအစားအစာ rib eye လုပ်နည်းလေးသိရင်တင်ပြပေးပါအုံး…
  66. Myat Ko says:
    ချက်ပြုတ်နည်းလေးကိုကြိုက်ပါတယ်…………ဒါပေမယ်လေ….အဲဒါလေးတွေကို ကျွန်တော် PDF နဲ့ Download လုပ်လို့ရအောင် တင်ပေးပါလို့ ပြောချင်ပါတယ်…ခင်ဗျာ
    အစဉ်အမြဲ အားပေးလျှက်…………………….ကျေးဇူးတင်ပါတယ်
    • admin says:
      နောက်ပိုင်းကျရင် ကြိုးစားလုပ်ပေးပါ့မယ်။ ခုတော့ ၀က်ဆိုက်အသစ်ပြောင်းနေတာနဲ့ အလုပ်ရှုပ်နေလို့ပါ။ အားပေးလို့ အထူးကျေးဇူးပါ
  67. Hoe Hoe says:
    အမရေ။ကျေးဇူးပါ။ 🙂
  68. Palae says:
    Hi Ma Wutyee
    Thanks for all recipes. Since I am away from Yangon for 10 years, I missed all Burmese snacks and Food, especially pae pyat and yae moke.
    I am latphat lover and even thought I can stock latphat, I am always run out of a-kyaw-sone. If you know how to make a-kyaw-sone, can you post here. Thanks a bunch.
    • admin says:
      အစုံကြော်တော့ အလွယ်တကူ ၀ယ်လို့ရတော့ မလုပ်စားဖြစ်ဘူး။ လုပ်စားဖြစ်တာနဲ့ ချက်နည်းလေး တင်ပေးလိုက်ပါ့မယ်
  69. အိဖူး says:
    အမ အရမ်းကျေးဇူးတင်ပါတယ်.. အမတင်ပေးတဲ့ ဟင်းချက်နည်းတွေ အမြဲ ၀င်ကြည့်ဖြစ်တယ်… အမက အရမ်းတော်တယ်နော်….. အမရဲ့ ချက်နည်းတွေ ချည်းပဲ သတ်သတ် ထုတ်ထားတဲ့ စာအုပ်မျိုး ၇ှိလား သိချင်ပါတယ် နော်…. အားလုံး Print ထုတ်ထားဖို့ မလွယ်လို့ပါ…
    • admin says:
      ဟုတ်ကဲ့ ညီမရေ။ ဒီဇင်ဘာလလောက် ဟင်းချက်စာအုပ်ထုတ်ဖို့ လုပ်နေပါတယ်။ ဟင်းချက်နည်း ၁၀၀ကျော်လောက် ပါမယ်။ ထုတ်ပြီတာနဲ့ အကြောင်းကြားလိုက်မယ်နော်။ အားပေးမယ်ဆိုလို့ အထူးကျေးဇူးပါနော်.. 🙂
  70. Khingtharaphy says:
    မ၀တ်ရည်ရေကြေးအိုးလုပ်နည်းလေးတင်ပေးပါဦးနော်။အကယ်လို့တင်ပြီသားရှိရင်လည်းဘယ်မှာရှာကြည့်ရမလဲဆိုတာပြောပြပါနော်မမ။
    • admin says:
      ကြေးအိုးလုပ်နည်း မတင်ရသေးဘူး။ ဟုတ် တင်ပေးပါ့မယ်၊ အမြန်ဆုံး။ Thanks
  71. Thiri says:
    မရေ
    ကြက်ကောင်လုံးကိုပေါင်းချင်လို့ဘယ်လိုလုပ်ရမှာလဲ
    အရည်လည်းသောက်ချင်လို့ကေ့ျ့းဇူးပြုပြေီးတင်ပေးပါနော်
  72. chitsu says:
    pa zon chaut htaing kyaw
    kyaw nee lay pyaw pya pay par lar ama.
  73. mimiaye says:
    မ၀တ်ရည် ၊ကျေးဇူးပြုရ်ျ ရေခဲမှုန်.(ice cream) လုပ်နည်းလေးတင်ပေးစေချင်ပါတယ်။စီးပွားပြစ်အများကြီးလုပ်နည်းမဟုတ်ပါ။အိမ်မှာနည်းနည်းနဲ.ကောင်းကောင်းလုပ်စားနည်းလေးလိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။
  74. win zaw says:
    ကျေးဇူးအရမ်းတင်ပါတယ် စားချင်တဲ.အချိန်လေးမှာအလွယ်တကူရှာပီး
    နားလည်လွယ်အောင်ရှင်းပြထားတာတွေ.ရတော.တမ်းလုပ်စားလိုက်တယ်
  75. hhwin says:
    အမရေ ကြေအိုးနဲ့ ကြေအိုးဆီချက်လေးshare ပါအုန်း
    • admin says:
      ဟုတ်ကဲ့။ ၀တ်ရည်လည်း တင်ပေးဖို့ စီစဉ်ထားပါတယ်။ ကြိုးစားပြီ နောက်အပတ်ထဲ တင်ပေးပါ့မယ်နော်
  76. Nyiminlatt says:
    လာလည်သွားပါတယ်မဝတ်ရည် ။ အခုလိုချက်ပြုတ်နည်းများစွာကိုတွေ့ရတာ အံ့မခန်းပါပဲဗျာ ။
    • admin says:
      ခုလို လာလည်လို့ ကျေးဇူးပါနော်.. နောက်လည်း လာလည်ပါအုန်း.. 😀
  77. စစ်မာန် says:
    ရခိုင်မုန့်တီချက်နည်းလေး သိချင်ပါတယ်
  78. Su ko ko says:
    ဝတ်ရည်ရေအမ အပြင်မှာရောင်းနွှေုတဲ့ ငါးကာင်လိုက်ကင်လိုမျိုးကင်ကြည့်ချင်လို့ရှာတာမတွေ့ဘူး
ုတင်ပေးပါနော်
  79. soe myint thein says:
    သမီးရေ အဘကသွေးတိုးရှိတယ် ဘဲဥဆားစိမ်ဝယ်စားရင်အရမ်းငံနေလို့အိမ်မှာလုပ်စားချင်လို့
    လုပ်နည်းလေးတင်ပေးပါ။အထူးဘဲကျေဇူးတင်ပါတယ် ဘယ်သူ့မှလဲမေးလို့မရလို့ပါ။
    • admin says:
      ဟုတ်ကဲ့။ ဘဲဥဆားစိမ်လုပ်နည်း ဒီမှာပါ အဘ။
      ဘဲဥဆားစိမ် လုပ်နည်း
      ၁။ ဆား(၂၅ ကျပ်သား)ကို ရေ(၂လီတာ)ဖြင့် တည်ထားပြီ ဆားအရည်ပျော်လျှင် အအေးခံပါ။
      ၂။ ပြီမှ ဘဲ(၁၀လုံး)ကို သန့်စင်ထားသော မြေအိုး(သို့) မြေခွက်ထဲ ထည့်၊ ဆားရည်ကို ဘဲဥမြုပ်သည်အထိ လောင်းထည့်ပါ။
      ၃။ ၁၀-၁၄ရက်ထိ စိမ်ထားပြီလျှင် ဘဲဥဆားစိမ်ကို သုံးဆောင်လို့ရပါပြီ…
  80. soe myint thein says:
    ချက်နည်းတွေကူးရေးရတာတွေများနေလို့စာရွက်တွေ
    ရှုတ်နေပြီ စာအုပ်ထွက်တာနဲ့အတော်ဘဲသွားဝယ်လိုက်မယ်
    ကျေးဇူဘဲ
  81. hsuhsuyi says:
    မ…အမဲသားချက်နည်းလေးတွေလဲshareပါအုံးနော်…ကျေးဇူးပါနော် မ 🙂
  82. Joanne says:
    Hello Sis,
    I love your blog so much.
    I read your recipes every time before I cook.
    Can I request you to tell me how to make “ခေါက်ဆွဲကြွတ်ကြော်”?
    Thank you so much!
    • admin says:
      ဟုတ်ကဲ့ ကြိုးစား ခေါက်ဆွဲကြွပ်ကြော် လုပ်နည်းလေး တင်ပေးပါ့မယ်. 🙂
  83. thiri says:
    Dear Wutyee,
    thank you so much for your posts.. i can cook very well because of you.
    really appreciate your kind contribution.
    love you much..
    thiri
  84. Aye Sandar Myint says:
    I LIKE.
  85. thiha says:
    တော်လိုက်တဲ့အစ်မ
  86. moehein says:
    Please teach me how to make hot pot
    • admin says:
      ဟုတ်ကဲ့။ ဟော့ပေါ့လုပ်နည်း သိချင်တဲ့သူတွေ များလာပြီ။ ရှေ့အပတ်လောက် ကြိုးစားပြီ တင်ပေးပါ့မယ်
  87. thant says:
    Thank you for your sharing.
    • admin says:
  88. Virgo says:
    မ၀တ်ရည်…
    ဒီ ဆိုက်ဒ် ကို ခုမှ ဖတ်ရလို့ စိတ်မကောင်းဖြစ်ရတယ်…တကယ်တော်ပါတယ်…..မ၀တ်ရည်….
    • admin says:
  89. Zon says:
    အရမ်းကျေးဇူးတင်ပါတယ်မမရေ…. နောက်ဆို သိချင်တာရှိတိုင်း ဒီကိုပဲပြေးလာရတော့မယ်….ပုံလေးတွေလည်းအရမ်းလှပီး….ရေးထားတာလေးလည်းအရမ်းကောင်းပါတယ်နော်…. Bookmarks မှတ်ထားလိုက်ပါပီနော်….
  90. Zon says:
    ဂျပန်ဆူရှီထဲမှာ ထည့်ရတဲ့ မရိုနိ့စ် က တစ်ခုခုနဲ့ စပ်ရတယ်လို့ပြောပါတယ်မမရယ် အဲ့ဒါလေးစပ်နည်းလေးပြောပြပါဦး….နော်
  91. phyuphyu shwe tun says:
    my dear wutyee, you save my life..thanks a lot. and welcome more.
  92. yeimon says:
    OMG…can’t believe that i can see lots what ever i want to cook at home now :)) thanks alot
  93. သဲသဲ says:
    မမ၀တ်ရည်
    မွန်သင်္ကြန်ထမင်းချက်နည်းလေးသိချင်ပါတယ်ရှင့်။
    ဒီသင်္ကြန်အမီလုပ်စားလို့ရရင်ကောင်းမှာဘဲလို့တော့မျှော်လင့်မိပါတယ်။
    ကျေးဇူးတင်ပါတယ်။
    • admin says:
      sorry ဒီနှစ် သင်္ကြန် ထမင်း အမှီ မတင်လိုက်နိုင်ဘူး..
  94. daw khin thandar lin says:
    thank you sis…
  95. သဲသဲ says:
    မမ၀တ်ရည်
    ရွှေတောင်ခေါက်ဆွဲလုပ်နည်းသိချင်ပါတယ်။
    အရပ်ထဲမှာက နည်းအမျိုးမျိုးနဲ့ချက်စားနေကြလို့ ဘယ်လိုချက်ရမလဲဆိုတာ သိချင်လို့ပါ။
    မမကိုကျေးဇူးတင်ပါတယ်နော်။
  96. Nan says:
    Sis …. KFC spicy fried chicken လုပ်နည်းလေးတင်ပေးပါဦးနော် …ကျေးဇူးပါ 🙂
  97. pumta says:
    စားချင်တာတွေ အများကြီးပဲ ကွာ……….
  98. mee lay says:
    မ….သစ်သီးဖျော်ရည်လုပ်နည်းလေးတွေပါ တင်ပေးပါလား
  99. Myo W Oo says:
    အမရေ
    ပြည်ကြက်သားပလာတာချက်နည်းလေး တင်ပါဦးဗျ
  100. အမေ့ချစ်သမီ says:
    အမ တာလပေါ့ ချက်နည်းလေးသွ၇င် တင်ပေးပါ အုံးနော်။စားခ်င္လြုပါ။ကျေးဇူးနော်
  101. Thee Hnit says:
    Teach me how to make ice-cream.
  102. mayhninkyu says:
    အမရေခုလိုဟင်းချက်နည်းတွေ
    တင်ပေးလို့ကျေးဇူးတင်ပါတယ် အိမ်ကယောက်ျားကိုချက်ကျွေးလို့ရပီ
  103. လူကြီး says:
    အစ်မရေ ပဲကုလားချဉ်ရေဟင်း ဘယ်လိုချက်ရလဲမသိ…..သင်ပေးပါအုံး? စောင့်နေမယ်နော်
  104. khinnyeinchan says:
    ဒီလိုမျိုးဟင်းချက်နည်းတွေရှိတာခင်လေးအတွက်အရမ်းကောင်းတယ် အရမ်းလည်းကျေးဇူးတင်ပါတယ် ဟင်းချက်ရတာအခက်အခဲမရှိဘဲနဲ့လွယ်ကူစေတယ်
  105. လူကြီး says:
    please reply me, ပဲကုလားချည်ရေဟင်း ဘယ်လိုချက်ရလဲ……လုပ်ပါအုံးအစ်မရေ…….။
  106. ma mie says:
    ငါးပေါင်းထုတ်လုပ်နည်းလေးတင်ပေးပါဦး
  107. ထက်ထက် says:
    အစ်မရေ အကူညီတခုလောက် ခုအစ်မတင်ထားတဲ့ ဟင်းချက်နည်းတွေနဲ့ ဆိုင်သေးလေးတဆိုင်လောက်ဖွင့်ချင်လို့ ဘယ်ဟင်းတွေကို အဓိကထားရင်ကောင်းမလဲလို့ ညီမကဟင်းချက်တာဝါသနာပါလို့ ပြီးတော့အိမ်စရိတ်လေးလဲ၇ချင်လို့ပါ အစ်မစိတ်မဆိုးဘူးဆိုရင် ကူညီပါနော် အစ်မတင်တဲ့blog ကိုဖတ်ရတာနဲ့ကို အရမ်းကျေးဇူးတင်နေပါပြီ ဖြစ်နိုင်ရင်e-mail မှာreply လုပ်ပေးပါနော်
    • admin says:
      sis ရေ၊ ၀တ်ရည်က ဟင်းပဲ ချက်တတ်တာ၊ စီးပွားရေးတော့ သိပ်နားမလည်ဘူး … 🙂
  108. mgmgtoke says:
    အစ်မဆိုက်ကို အခုမှတွေ့တာဗျာ အသိနောက်ကျလေခြင်း
  109. mgmgtoke says:
    အစ်မဆိုက်ကို အခုမှတွေ့တာဗျာ အသိနောက်ကျလေခြင်း
    ချက်ပစ်လိုက်မယ် တင်သမျှကို
  110. Thu Thu says:
    ရိုးရိုးဆီချက်ခေါက်ဆွဲလုပ်နည်းလေးမတွေ့တော့လို့ ရချင်လို့ပါ ညီမရေ ကူညီပါဦးနော်
    • admin says:
      ဆီချက်ခေါက်ဆွဲ လုပ်နည်း မတင်ရသေးလို့၊ ကြိုးစားပြီ တင်ပေးမယ်နော်.. 🙂
  111. Hayman says:
    ကျေးဇူး အများကြီး တင်ပါတယ် …………
    ဟင်းချက် ဝါသနာပါ ပေမယ့် မချက်တော့ စားမကောင်းဘူး ………..
    ခုမှ ပဲချက်ပုံ ချက်နည်း ပြည့်ပြည့်စုံစုံ သိရတာပါ ………
    အမ ဒီထက် မက အောင်မြင်ပါစေ ……..
    စေတနာကောင်းတဲ့ အမ ကျန်မာပါစေ ချမ်းသာပါစေနော် ………
  112. thura says:
    စပါဂတ်တီလုပ်နည်းလေးတင်ပေးပါလား
  113. thu kha says:
    ကျေးဇူးပြု ပြီး ဟမ်ဘာဂါ ပြု လုပ်နည်းလေး တင်ပေးပါအုန်းခင် ဗျာ ….
  114. war war says:
    မမကိုဘယ်လို့ကျေးဇူးတင်ရမှန်မသိတော့ဘူး ကျွန်မကလေထမင်းဟင်းချက်တာဝါသနားပါတယ်ဒါပေမယ်သိပ်တော့မချက်တတ်ဘူးလက်ယာလဲသိပ်မကောင်းဘူးလေး အခုတော့မမတင်ထားတဲ့အတိုင်ချက်ကြည့်တယ်ဖေဖေနဲ့မေမေကကျွန်မကိုလက်မထောင်ပြတယ်မမရဲဝမ်းသားလို့ပြောပြမထိပဲမမရေးးကျေးဇူးအများကြီးတင်ပါတယ် မမ
  115. zin zin says:
    ငါးပိရည်ကျိုနည်းလေးတင်ပေးပါအုံး…
  116. shwezin says:
    အခုဆိုအရမ်းကိုအဆင်ပြေနေတယ် စာချင်တာလုပ်စာလို့ရနေပြီး အားရင်အားသလို့ မုန်တွေတစ်မျိုးပြီးတစ်မျိုး
    ကို ခဏခဏလုပ်စားဖြစ်နေတယ် အဟီး မ၀တ်ရည်ဒီထက်အောင်မြင်ပါစေ အားလုံးအတွက်လည်းကျေးဇူးတင်နေမိတယ် 😀 🙂
  117. Kim says:
    Please help me get the recipe for Tapioca Cake (therku pyin) Tapioca with coconut on the top like a cake. Thanks. I know it’s got to used oven to make it but I don’t know how to make it. Please help.
  118. minkhant says:
    ဟင်းရွက်နဲ့ချက်တဲ့ဟာတင်ပေးပါအုံးနော်။thanks…..
  119. shane says:
    hi!
    can you post about Asian coconut jelly ? thanks 🙂
  120. hninyuhmwe says:
    ဟင်းချက်​နည်းအသစ်​ရရင်​ပို့​ပေးပါ​နော်
  121. Kaythi says:
    အမကိုကျေးဇူးအများကြီးတင်ပါတယ်။ အသစ်အဆန်းလေးတွေလဲတင်ပေးပါအုန်းနော်…..
  122. yephyo says:
    chicken roast and pock chop လုပ်နည်းလေး share ပါအုံးဗျာ
  123. gugu says:
    မုန်ညှင်းချဉ်အခြောက်ချဉ်ဘယ်လိုလုပ်ရပါသလည်း?
    လုပ်နည်းလေးနည်းနည်းမျှဝေပေးပေါနော်
  124. uglyduck says:
    hotpotချက်နည်းလေးသိချင်တယ်ညီမရယ်
    တင်ပေးနိုင်မလား
  125. wyutyi says:
    HELLO!ာေ တကအပနန က မေန အ့န ဘနျအ ခသသုငညါ ညေါနူ သ် သကမ ချူျောပေ ဘနေူတပျေ့ စေစပ တငအ့ ပသကမ နလနမပအ့ငညါ
  126. wyutyi says:
    oh sorry,I sent my letter again,Ma Wutyee u are the best cooking angel of our friends, family and class.May be always happy with your everything.This is my first email letter, if I make u something wrong I hope u will forgive me,bye bye “our cooking angel”
    • admin says:
      Thanks a lot 😀 Never mind sis.. ပေးတဲ့ ဆုနဲ့ ပြည့်ရပါစေနော်… 😀
  127. Kyawkyaw says:
    နို့စိမ်းအုန်းနို့ခေါက်ဆွဲတင်ပေးပါနော်
  128. Nyein says:
    မရေ။ ကျနော်တို့လို ဟင်းခုမှစချက်တဲ့သူတွေအတွက် တအားအဆင်ပြေပါတယ်။ မရေ ငါးသံပုရာပေါင်းလေးနဲ့ ငါးပဲငပိချက်လေးစားချင်လို့ ချက်နည်းလေးတင်ပေးပါအုံး။ 😀 ကျေးကျေးပါ။
    • admin says:
      ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်.. ၀တ်ရည်ကလည်း ကျေးကျေးပါနော်:D
  129. May thaw says:
    မမဝတ်ရည် mushroom cream soup လုပ်စားချင်လို့ လုပ်နည်းလေးတင်ပေးပါအုံးနော် ကျေးဇူးပါ 🙂
  130. Ko Nyi Phyo says:
    မမ၀တ်၇ည်ေ၇
    အသီး၇ွက်ပေါင်းနည်းအမျိုးမျိုး လေးတင်ပေးပါလား
    ဥပမာ။ ။ မုံညင်းပေါင်း ကိုက်လန့်ပေါင်း မှိုပေါင်း ဂျူးပေါင်း ငါးပေါင်းလိုဟာမျိုးပေါ့
  131. hsu kabyar says:
    ငါးဘတ်မွှေကြော်ချက်နည်းလေး သိချင်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာလေး ပြောပြပါလား ဟင်… ကျေးဇူးတင်ပါတယ်နော် မ၀တ်ရည်…
  132. Nicole says:
    ညီမရေ မမကတော့ရှမ်းချဉ်ဖတ်လုပ်နည်းလေးသိချင်ပါတယ်။ ဖြစ်နိုင်ရင်တင်ပေးပါနော်။ ကျေးဇူးနော်ညီမ
  133. Moe Zatt says:
    Wutyee Food House ကို ကျေးဇူး အများကြီးတင်ပါတယ်ဗျာ။
  134. haupi says:
    Thankyou!
  135. Poe Hat says:
    Dear sister,
    I don’t know how to cook the bean soup (Pae Hin Yay) for Indian Style ‘Pae Thote’ (Bean Salad) with Samoasa, beans, puu si nan… etc.,..
    To cook the bean soup which is topped up onto the bean salad, I should use the raw bean powder or cooked bean powder (Pae Mhote a Sein or a Kyat)… please reply me ASAP… sister… Thanks so muchhh
    Please also tell me how to cook that bean soup…. thanks
  136. Pan Ei says:
    Dear lovely ma ma,
    မဝတ်ရည် ပဲကြော် ဘယ်လိုကြော်ရမလဲသိချင်ပါတယ်။ ကျေးဇူ:တင် ပါ တယ်ရှင့်!
  137. Sine Hla Thein says:
    Dear Wutyee,
    Thanks a million for your website.You make millions of Oversea Burmese
    happy to cook at home and enjoy delicious food.
    With ananda metta,
    Sine Hla Thein
    U.S.A.
  138. cheerry says:
    ဒီဆိုဒ် လေးကြောင့်အများကြီးအဆင်ပြေသွားပြီ။ ကျေးဇူးနော်ညီမလေးရေ…..
  139. su su says:
့ု့အမ….အမရဲ့website ကအရမ်းကောင်းပါတယ်
    အမ အပြင်မှာရောပြန်သင်ပေးတဲ့အတန်း ရှိပါသလား ရှိရင်လိပ်စာလေးနဲ့ ဖုန်းနံပါတ်ပေးပါနော်
    Thank you.
    • admin says:
      ကျေးဇူးပါနော် sis။ ၀တ်ရည် သင်တန်းတော့ မဖွင့်ထားပါဘူး 🙂
  140. mielay says:
    can you please do a recipe for “A Thote Sone”
    Thanks
  141. cheerry says:
    ညီမလေးရေ..
    လူကြီးတွေနဲ့အဆင်ပြေမယ့် အပေါင်းနဲ့အပြုတ်နည်း လေးတွေ တင်ပေးပါအုံးနော် အစ်မအမေက ဆီကြောက်လို့ညီမရေ….ကျေးဇူးနော်ညီမလေး
  142. kotar says:
    အစ်​မ​ရေ
    ငှက်​​ပျော​ကြော်​ ကန်​စွန်းဥ​ကြော်​ရွရွ​လေး
    တာလည်း တိဘူး ​ကျေးဇူးပြု၍ ​ဖြေ​ပေးပါ​နော်
  143. Myo Paing says:
    ဟင်းချက်နည်းတွေ အရမ်းစိတ်ဝင်စားတယ် ပို့ပေးပါနော်။ လုပ်စားကြည့်တာလည်း အရမ်း အရသာရှိတာဘဲ ကျေးဇူးအများကြီးတင်ပါတယ်နော်။
  144. Win Win Htwe says:
    How to cook certain food
    Objectives – To highlight those problem foods which people can easily become sick on if they are not cooked correctly
    Example
    – What happens if you cook it wrong
    -How to prepare and cook it correctly
  145. Win Win Htwe says:
    တစ်ချို့အစားအစာတွေကို ဘယ်လိုချက်ရမလဲ
  146. Repunzel says:
    ကြက်သားချဉ်စပ်ကြော်နည်းလေးတင်ပေးပါဦးနော်
    တစ်ရက်တစ်ရက် ဟင်းချက်ရင် မ နည်းလေးတွေအတိုင်း
    တစ်ခုပီးတစ်ခု မရိုးရအောင်ချက်စားဖြစ်တာ မ ကျေးဇူးကြောင့်ပါ
    ကျေးဇူးအများကြီးတင်ပါတယ်
  147. ဝါရင့်​စားဖိုမှူး says:
    ပါဝင်​ပစ္စည်း … ဝက်​ကုန်း​ဘောင်​ ​ကြော်​ရန်
    ၁။ ဝက်​သား ၂၅ိ/
    ၂။ ငရုတ်​ပွ အကြီး ၁ ခု
    ၃။ ကြက်​သွန်​နီ ၁၀ လုံး
    ၄။ ကြက်​သွန်​မိတ်​ ၂ မျှင်
    ၅။ ကြက်​သွန်​ဖြူ
    ၆။ ငရုတ်​​ကောင်း half tea sp
    ၇။ ဆား ၂ tea sp
    ၈။ ဟင်းချိုမှုန့်​ ၁ tea sp
    ၉။ ဆာ​ကောပါ​ကော ၁ tea sp
    ၁၀။ ပဲသီး ၃ ​တောင့်
    ၁၁။ မုန်​လာပန်း လက်​သီးဆုပ်​ခန့်
    ၁၂။ မုန်​လာဥနီ ၁ ​တောင့်
    ၁၃။ ပဲငံပြာရည်​ ၃ table sp
    ၁၄။ ကြာညို့ ( ထန်းဖို ) ၃ table sp
    ၁၅။ သကြား ၁ tea sp
    ၁၆။ ဆီ ၈ table sp
    ၁၇။ ငရုတ်​သီး​ခြောက်​ ၅ ​တောင့်
  148. nyeinsu says:
    ညီမရေ..
    ဘဲသွေးလုပ်နည်းလေးသိချင်ပါတယ်.
    ဒီထက်မကအောင်မြင်ပါစေ
    • admin says:
      Thanks sis.. I will try to post later.. 🙂
      • Myo says:
        Ama yay, nyima lal bel tway loat nee lay thi chin par del ama… England nay dar 8 yrs shi bi bel tway ma sar ya dar… Ta char bel mar ma lal loat nee shar ma ya lo bar ama…
        Ingredients tway ko tat naing yin English lo thi chin par del ama… Pyaw pya pay par naw… Thx u so much par ama… 🙂
  149. kophyo says:
    အစ်မရေကျွှန်တော်ကအချက်အပြုတ်ဝါသနာပါတယ်အစ်မကျွှန်တော်ဆိတ်သားရို့စ်လုပ်တာလေးသိချင်လို့အစ်သိရင်ပြောပြပေးပါလားကျေးဇူးအများကြီးတင်ပါတယ်
  150. Khin Khin Win says:
    ညီမလေးဝတ်ရည်ကို အတိုင်းမသိကျေးဇူးတွေတင်ပြီးရင်းတင်နေပါတယ်…
    ညီမလေးနည်းနဲ့ သင်္ကြန်တုန်းက ရွှေရင်အေး လှုခဲ့သေးတယ်…ညီမလေးကတော့တော်တော် ကုသိုလ်တွေရနေပါပြီ…ထပ်ပြီးတော့ ငါးသလောက်ပေါင်းနည်းလေး တင်ပေးပါဦးညီမလေးရေ…
    အမ ပေါင်းရင် အရိုးမနူးဘဲ အသားတွေကြေကုန်လို့ တခါမှ အဆင်မပြေသေးဘူး…ညီမ တင်တာနဲ့ ပေါင်းစားမှာ…အခုချိန်က ငါးသလောက်တွေပေါနေတော့ မြန်မာတွေအကြိုက် ငါးသလောက်ပေါင်းလေး တင်ပေးပါဦးညီမလေးရေ….
    ကျေးဇူးတင်လျှက်
    မခင်ခင်ဝင်း
  151. ma zar says:
    မြန်မာအစာဆိုလို့လာကြည့်ပါတယ် အဓိကနဲ့မြန်မာတွေအကြိုက်ဆုံးအစားဖြစ်တဲ့လက်ဖက်အကြောင်းတော့မပါဘူးကွယ်
    လက်ဖက်နှပ်နည်းကောင်းကောင်းလေးလိုချင်တယ် လုပ်တော့လုပ်တက်ပါတယ်
    ဒါပေမဲ့ဆိုင်နှပ်တွေလိုစားမကောင်းလို့ အချိန်ရရင်တင်ပေးပါလားညီမလေး
  152. Yuzana Ko Ko says:
    အမရေ ဟင်းချက်နည်း၊မုန့်လုပ်နည်းလေးတွေအခုလို သိခွင့်ရတာကျေးဇူးတင်ပါတယ်ရှင်။
    ဝက်သားဘေကွန်လုပ်နည်းလေးကို အမအချိန်ရရင် တင်ပေးပါဦးနော်။
    😀
  153. Yadanar says:
    ဟင်းတွေအရမ်းကောင်းတယ် အမ နောက်ပြီးသီးစုံကုလားဟင်းချက်နည်းလေးတင်ပေးပါလား Sis
  154. Thu Thu says:
    ညီမလေးရေ အခေါက်ကင် အသားကင် လုပ်နည်းလေး သိရင် မျှပေးပါဦးနော်
  155. winmar says:
    ဟင်းချက်နည်းအသစ်တင်တိုင်းသိလိုပါတယ်နော်
  156. May Naing says:
    Japan ခေါက်ဆွဲပြိုတ် (Ramen)လုပ်နည်းလေးသိရင် သင်ပေးပါဦး
  157. Zin says:
    မဝတ်ရည်ရေ
    Weight Loss Diet လေး စီစဉ်ပါလား။ အမြဲစားနေရတာကြီးက ဆီပြန်တွေဘာတွေဆိုတော့ ဝိတ်ကတက်လာရော။ အခု တစ်ပတ်စာဖြစ်ဖြစ်၊ ရက် ၃၀ စာဖြစ်ဖြစ်ပေါ့ light meal လေးတွေ ဟင်းချိုတို့ အသုပ်တို့ပေါ့။ ဇင်ဆို အခု ဆန်လုံးညိုစားနေတယ်၊ ဟင်းချိုတစ်ခွက်လဲ မပါမဖြစ်ပေါ့။ တစ်ခါတစ်လေ ကြက်သားလေးသုပ်စား အသီးအရွက် နိုင်းချင်းနဲ့။
    ကျန်းလဲမာ အာဟာရလဲဖြစ် ဝိတ်လဲကျ ဟင်းအစီအမံတွေ ရှိရင် ကောင်းမယ် ထင်လို့… 🙂
  158. tun naing says:
    ပုဇွန်အစိမ်းသုတ်သုတ်စားချင်တယ်ဘယ်လိုသုတ်ရမှာလဲအမ လုပ်နည်းလေးပြောပြပါဦး
  159. Thaw Tar Zaw says:
    အမ ရေ
    အမ Web Page ကို ဖုန်းထဲမှာ ဖတ်လို့တဲ့ Software APK လေးများရှိလားမသိဘူး ခဗျ ..
  160. morpheus says:
ာာ ၀တ်ရည်
    ပသျှူးထမင်းကြော်နည်းလေး တင်ပေးပါလား
  161. mmkalyar says:
    notify me of new posts me by emal.
  162. Myatnoe says:
    ညီမရေ အပေါ်က linkတွေမှာ ထိုင်းဟင်းတွေထဲက ကြက်တောင်ပံအစာသွတ်ရော၊ ငါးဖယ်ကြော်ရြေ က ဒီ ကိုပဲသွားနေပါတယ်။ http://www.wutyeefoodhouse.com/?p=3096
    အမက ငါးဖယ်ကြော်လေး ဖတ်ချင်လို့ နည်းနည်းစစ်ပေးပါဦး။
  163. Pyae phyo says:
    ဆော်လမွန်ငါးနဲ့တူနာငါးတွေready made ဘယ်မှာရနိုင်လဲ
  164. yi mon says:
    အမရေ အမေရိကန်ထမင်းကြော်လုပ်နည်းလေးတင်ပေးပါ
  165. htoon naing says:
    sister i want to know making method of yogurt.can u help?
  166. kyu kyu thin says:
    I can see new recepies ,please
  167. မေဇွန် says:
    အီကြာကွေးအစာသွပ်လုပ်နည်းလေး သိချင်လို့ပါ sis ရေ..အဆင်ပြေရင် ပြောပေးပါနော်.
  168. Su Su says:
    မချိုဝတ်ရည် ရေ
    ရေခဲမုန့်လုပ်နည်လေးသိခြင်ပါတယ်
  169. စန္ဒာ says:
    ညီမလေးဝတ်ရည်
    ဟင်းချက်နည်းများအာလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။
    ချက်နာည်းတိုင်းကိုအချိန်အတွယ်အတိအကျရေးပေးထားလို့
    အရမ်းအဆင်ပြေတယ်။အမလည်းညီမလေးဆီကနည်းတွေယူပြီး
    အိမ်ကလူတွေကိုချက်ကျွေးဖြစ်တယ်။အဆင်အရမ်းပြေတယ်။
    ကျေးဇူးတင်ပါတယ်နော်
  170. king boy lay says:
    ငါးကင်နည်းလေးတင်ပေးပါဦးအစ်မ
  171. U toe toe win says:
    မဂျလာပါသမီး
    i like all of your posts and what ever i want to eat my cook follow your cooking style from your post than i can taste very delicious food.
    Thank you so much tha mee and one more thing
    i would like to take permission for share some of your posts on my
    Facebook page.
    awaiting for your permission granded.
    sorry for can’t type this kind of myanmar font.
    i knew zawgyi only.
  172. မာမာ says:
    အမ
    ကိုရီးယားရေညှိဟင်းချိုလေးဘယ်လိုချက်ရလဲတင်ပေးပါဦးနော်
    အမရဲ့Websiteကပဲကြည့်ပြီးချက်ကြည့်တာကျေးဇူးတင်ပါတယ်
  173. shindecember says:
    ဟင်းချက်​နည်း​တွေအများကြီးသိရလို့​ကျေးဇူးတင်​ပါတယ်​ 🙂 🙂
  174. Hla Myo Than says:
    Thanks a ma. I liked your all curry. Please upload the post for another curry.
  175. မမွန် says:
    ကြည့်လိုက်တာနဲ့စားချင်စရာလေးနော်
  176. NweNi says:
    အော်ကွေ့ကြည် လုပ်နည်းလေး တင်ပေးပါ thanks sis
  177. ရာရား says:
    မမဝတ်ရည်
    ‘ဝက်အချင်းတိုင်’ ဝယ်ထားတာဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်,မ
    ညှီအောင်ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်
    • admin says:
  178. maythingyan says:
    အမရေ.ကိတ်မုန့်လုပ်နည်းလေးသိချင်လို့ပါ…..
  179. Thandar says:
    အမေwebsite ကို ခုမှကြည့်ဖူး အရမ်းစုံတာပဲနော် အမ ငါးအသားလိပ်ကြော်နည်းလေးပြောပြပေးပါလားနော်
  180. phyoe says:
    ယူနန်စတိုင်စားစရာ ထမင်းခေါက်ဆွဲလေး ရေးပေးပါဦး
    အထူးကျေးဇူးတင်ပါတယ်
  181. Min Zaw says:
    မုန့်ဖုတ်နည်းလေးတွေပါ အချိန်ရရင် တင်ပေးပါဦး နော်။ကျွန်တော်က အချက်အပြုတ် ဝါသနာပါတော့ အချိန်ရတာနဲ့ မဝတ်ရည်ရဲ့ စာမျက်နှာကိုရှာပြီး ချက်တော့တာပဲ။ မျှဝေပေးတဲ့အတွက် အရမ်းလေးစားတန်ဖိုးထားပါတယ် မဝတ်ရည် ခင်ဗျာ။
    • admin says:
      ဟုတ်ကဲ့ ၀တ်ရည် ကြိုးစားပြီ တင်ပေးပါ့မယ်.. ၀တ်ရည်ကလည်း ကျေးဇူးပါနော် bro 😉
  182. ဖိုးကျော် says:
    ရခိုင်ကြက်သောက်ဆမ်းချက်နည်းလေးသိရင်တင်ပေးပါနော်။ ကျေးဇူးတင်ပါတယ်။
  183. htetaunghtut says:
    Please, I want to know the procedure to make shan Pae Pouk. Thanks.
  184. Lei lei says:
    Can I know how to make ba la chaung kyaw?
  185. Phyo K says:
    ဟင်းချက်​နည်း​တွေက လွယ်​ကူ အသုံးတည့်​လို့ ​ကျေးဇူးပါ မမ။
  186. phyu says:
    အမဝတ်ရည်နောက်ထပ်ဟင်းချက်နည်းကောင်းလေးတွေတင်ပေးဦးနော်။
  187. မြဆု says:
    Mama yay, ခေါက်ဆွဲသုပ်နည်းလေးပြောပြပါအုံး 🙂
  188. Khine Khine says:
    မမwutyee ညီမလေးကို ဆယ်ထပ်ကျောက်ကျောလုပ်နည်းနဲ့တခြားကျောက်ကျောလုပ်နည်းလေး ပို့ပေးပါနော်
  189. May Lay says:
    ကျေးဇူးအများကြီးတင်ပါတယ် မမ 🙂
  190. ထိုက်အောင် says:
    မုန်လာဥမုန့် လုပ်နည်းလေးသိချင်ပါတယ်
  191. Thin Wout Yee says:
    Thank you so much for sharing knowledge. I wish you can do more.
  192. may zon says:
    မမရေ.. အမဲသားခေါက်ဆွဲပြုတ် လုပ်နည်းလေး သိချင်လို့ပါ. ချဉ်ချဉ်စပ်စပ်လေး စားချင်တာပါ. ပြောပြပေးပါနော်
    • may zon says:
      အမဲလုံးခေါက်ဆွဲ ကိုပြောတာပါ မမ. ပြောပေးပါနော်
  193. ko kyaw says:
    ငါးကြင်းစတူး ချက်​နည်း သိချင်​လို့ပါ ခဗျာ
  194. myothet says:
    ဝက်သားထုတ်တိုးနဲ့ အရသာသာတူတဲ့ ဖာကူသေး ချက်နည်းလေး တင်ပေးပါ့လား အမ
    ထမင်း အီကြာကွေး နဲ့ တွဲစားရင်း အလွန်ကောင်းပါတယ်
    တရုတ်အစားအစားပါ
  195. Daw Thi Dar says:
    မသိသေးတာတွေသိရလို့ ကျေးဇူးပါ ညီမ
  196. စိမ့် says:
    မ ရေ … အရွက်သုပ်လေ အနောက်တိုင်းစတိုင်လ် အာ့လုပ်နည်းလေး သိချင်တယ် . မရိုနိစ် နဲ့သုပ်တာလား မသိဘူး.. ပြီးတော့ သူနဲ့လိုက်ဖက်မဲ့ ဟင်းလေး ပါ ပြောပြပေးနော်။
  197. channyeinkyaw says:
    ကြက်ပေါင်းချက်နည်းလေးများရှိရင် ပြောပြပါလား
    သိချင်လို့ပါ
  198. MaySandar says:
    အမဟင်းချက်နည်းအသစ်တင်ပေး
    ပါလား
  199. U than Tun says:
    ဟင်းချက်နည်းများအားသိခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ပါသည်။
    Thank a lot.
  200. nandar says:
    အစ္မေရ
    ညီမကအခုမှအိမ်ထောင်စကျတာဆိုတော့ ဘာမှမချက်တတ်ဘူးလေ
    အမေအိမ်မှာလည်းဘာမှမလုပ်ရတော့ ပိုဆိုးတာပေါ့အခုတော့
    အစ်မရဲ့ဟင်းချက်နည်းလေးတွေကြောင့် အိုကေနေပြီလေကျေးဇူးကမ္ဘာပါနော်
    ဟင်းအသစ်တင်တိုင်းဘယ်လိုသိရမလဲပြောပါအုံး Facebookတော့ သုံးပါတယ်
    Add ပေးပါလား LaYake @ မျှော်နေမယ်နော်အစ်မ
  201. May Caan Lynn says:
    ငါးသံပုရာချက်နည်းရယ် ၊ ငါးချိုချဉ် ချက်နည်းလေးပြောပြဘာလား
  202. U than tun says:
    I would like to know about Hotpot.Thank alot.
  203. အမရာ စိုးမိုး says:
    အမရေ
    ဘီယာဆိုင်တွေမှာ ရောင်းတဲ့ ကြက်ခြေထောက်ပင်စိမ်းချဉ်စပ် အရည် လုပ်နည်းလေး သိချင်လို့ပါ
  204. yair says:
    လေးစားပါသော အစ်မဝတ်ရည် ခင်ဗျ
    ကျွန်တော်အစ်မကို အကူညီနဲ့အကြံလေးတောင်းချင်လို့ပါ အဲ့ဒါက ၁၁့၃့၂၀၁၆ ရက်နေ့ကျရင်ရုရှားနိင်ငံမှာ ကျင်းပတဲ့ ပွဲတော်တစ်ခုမှာကျွန်တော်ရုရှားအယောက် ၃၅ ယောက်လောက်ကို အုန်းနို့ကောင်းကောင်းလေးချက်ကျွေးချင်လို့ပါ အဲ့ဒါ ကျွန်တော့အနေနဲ့ပဲမှုန့်ဘယ်လောက် ကီလိုနဲ့ အုန်းနိ့ရည်ဘယ်ျလာက်ရယ် ကြက်သားဘယ်လောက်သား လိုတာကိုမသိဘူးဖြစ်နေလို့ပါ အစ်မ ကူညီပါဦးခင်ဗျ အစ်မဖြစ်နိုင်မယ်ဆိုရင် အမြန်လေးအကြောင်းပြန်စေချင်ပါတယ် နီးမှကပ်ပြီးပူဆာတာမဟုတ်ပါဘူး အခုမှ အစ်မရဲ့ WEB ကိုသိလို့ပါ
    ကျေးဇူးတင်ပါတယ်ခင်ဗျ
  205. Aung Koe says:
    ရေခဲမုန့်လုပ်နည်း သိလိုပါတယ်။
  206. komin says:
    အရသာကောင်းမွန်တဲ့သက်သက်လွတ်
    ဟင်းချက်နည်းလေးတွေသိချင်ပါတယ်
  207. chan nyein chan says:
    မဝတ်ရီကျန်တော်က ဟင်းချက်ဝါသနာပါပါတယ် အမwbsထဲအခုမှဝင်ကြည့်ဖြစ်တာပါ မဝတ်ရီကိုအရမ်းအရမ်းကိုလေးစားပါတယ် မြန်မာနိုင်ငံမှာအမလိုလူမျိုးရှိတာကျန်တော်တို့နိုင်ငံအတွက်ဂုဏ်ယူမိပါတယ် တကယ်ပါရမီရှင်ပါဘဲ အမသိသမျှကိုပြန်လည်ဝေမျှပေးတယ့်အတွက်အရမ်းကျေးဇူးတင်ပါတယ် မဝတ်ရီ ဘဝမှာနေ့ရက်တွေတိုင်း ချိုမြိန်သောနေ့လေးတွေပိုင်ဆိုင်ပါစေအမ
  208. kyi pyar san says:
    မ၀တ်ရည်ရေ ဟင်းချက်နည်းများစွာ တင်ပေးတဲ့အတွက်ကျေဇူးပါနော်။
    သတ်သတ်လွတ်ဟင်းချက်နည်းလေးပါ တင်ပေးပါနော်
    ကျေးဇူးပါ
  209. cherry says:
    တော်လိုက်တာ မမက😄😄
  210. Lay Zaw says:
    ကျွန်တော်မှာ ” မြန်မာ့ဟင်း ချက်နည်းပြုတ်နည်း”ဆိုပြီး
    Page လေးတစ်ခု လုပ်ထားပါတယ် ..
    မေးမြန်းလာတဲ့ ကျွန်တော်မချက်တတ်တဲ့ ဟင်းလျာတွေကို မဝတ်ရည် ဆီမှ မူရင်းအတိုင်း ကူးယူ ခရတ်တစ်ပေး(Link)ပါပေးပြီး
    ပြန်လည်ဝေမျှပါတယ် …
    ကျေးဇူးတင်ပါတယ် ..
  211. Thomasfergo says:
    скачать игру гта мод трансформеры через торрент
    http://webmail.ysljdj.com/redir.php?http://pmr24.ru/user/Autobots_ire/ трансформеры 3 тёмная сторона луны актеры игру
    скачать игру через торрент трансформеры 3 тёмная сторона луны игры
    Его в для себя безвыездно устраивало.
    Финансовый гороскоп Июль порадует Рыб массой приятных сюрпризов, и первым из них может стать предложение о назначении на более оплачиваемую должность.
    трансформеры игры 31-я серия
    трансформеры 3 игра на рс скачать бесплатно
    игра на пк трансформеры 3 скачать торрент
    , игры лего трансформеры скачать бесплатно
    Игра судя по названию продолжает знаменитую серию игр-стратегий вот уже более десяти лет не сходящую с экранов компьютеров и ноутбуков.
    для тех кто обладает незаметностью – кидать ловушку можно не теряя невидимость!..
    Там же на форумах можно выложить сейв с непроходимой миссией и попросить помощи, на крупных сайтах, как правило, помогают.
    Люди реально покупают игры!
    2015 в 18 03 друг купил в стиме по багу за 20 рублей и подарил 3 лайк!
    игра роботы трансформеры для детей 4 лет
    Так же гороскопы не советуют откладывать на потом решение проблем, тем более что апрель к вам очень благосклонен.
    Может есть какой-то секрет как перестрелять преследующих копов и уйти от погони или это только со временем, с доступностью погонять на танке и с более крутым оружием?
    прохождение игры трансформеры по сети
    оптимус прайм картинки грузовиков
  212. I read this article fully concerning the resemblance of latest
    and preceding technologies, it’s remarkable article.
  213. マカ効果 says:
    共感しました。マカには色んな効能があるんですね。参考になりました。ありがとうございました。
    ちなみにこちらのサイトでも思ったよりためになったのでおすすめします。マカの効果が6つに明瞭にまとめられていたため、とても理解しやすかったです。
    マカの効果だけではなく、選び方やサプリの比較データなどもあるのでマカのことを全然知らない方にも向いていると思います。
    時間があれば是非一度立ち寄ってみてください。損はしないと思いますよ。
  214. 手アセが酷い状態を手掌多汗症といいます。手アセを抑えるにはいくつか方法があります。交感神経を遮断するETS手術は、手汗は収まるけれど代償性発汗が絶対に起こります。ほかにも制汗剤で汗をコントロールすることが可能です。手汗を押さえる制汗剤には、パースピレックスなどがあります。汗をコントロールする医薬品としてはプロバンサインが有名です。
  215. 腕の脱毛ということになると、産毛が大半ですので、毛抜きを利用しても効率よく抜けず、カミソリで剃ると濃くなってしまう可能性があるという理由から、習慣的に脱毛クリームを使って除毛している人もいらっしゃるとのことです。
    一言で脱毛と言ったとしましても、脱毛する部分により、妥当と思われる脱毛方法は違うのが普通です。何はともあれ、各脱毛方法とその結果の違いを明確にして、あなたに適した脱毛を見出していきましょう。
    家庭用脱毛器を費用対効果で選ぶ場合は、価格の安さのみに惹かれて選択すべきではありません。一つのカートリッジで、何回光を出すことが可能なタイプなのかをリサーチすることも大事です。多種多様な見地で、人気の脱毛エステを比較対照できるインターネットサイトがありますので、そういうサイトでレビューとか評価などを調査してみることが何より役立つと思います。
    全身脱毛サロンKIREIMO(キレイモ)の口コミ・評判は良いレビューばかりでちょっと気になります。
  216. xxx says:
    hi!,I love your writing very much! percentage we
    keep up a correspondence extra approximately
    your post on AOL? I need a specialist on this house to
    unravel my problem. May be that’s you! Looking ahead to
    look you.
  217. Hi admin, do you monetize your blog ? There is easy way to earn extra money every day, just search
    on youtube : How to earn $25/hour selling articles
  218. Hsu says:
    အမြဲတမ်း ချက်နည်းလေးတွေကိုစေတနာထည့်ပြီးပြောပေးတဲ့ စစ်ရေ…
    ကျေးဇူးအများကြီးတင်ပါတယ် စေတနာအကျိုးအပြည့်အ၀ခံစားရပါစေရှင်..
  219. ကျွန်တော် နတ်သျှင်နောင်ပါ။လန်ဒန်မြို့။အဂ်လန်။ယူကေကပါ။ဒီယူကေမျာနေတာ၁၈ကျော်ပါပြိ။ယခင်လည်းသဘော်အ၇ာရှိဘ၀(RADIO OFFICER/PURSER)ဆက်သါယ်ရေးနဲ့ထောက်ပံ့ေ၇းအရာရျိဘ၀နဲ့တကမ္ဘာလုံး၁၅နစ်နိးပါ။လူပ်ကိုင်နိုင်ငံတကာေ၇ာက်ခြ့ပါတယ်။တချို့နိုင်ငံတေါမယ်မြန်မာပါးစပ်နဲ့အရသာမတွေ့ဖြစ်ရတာအများကြီးရယ်ပါ။နောက်ကိုယ်လည်းသဘော်မယ်ထမင်းချက်ကြီးကိုစီမံပေးရတာပါ။ခုဒိယူကေမယ်နေတော့ဒီဝပ်ရိအစာစအသောက်ချက်နည်းတေါနြ့ကျိုးစားချက်စားရတာအလွန်အ၇သာကအစစားကောင်းပါတယ်။ချက်ပြုတ်ရတာကအစအဆင်ပြေပါတယ်။ဒီယူကေလိုနိုင်ငံကအလွန်ချက်ပြုတ်ရခက်ခဲ့ပါတယ်သူတို့ဖရီုဇင်(အအေးခန်းအစာ)တေါဘဲပြန်ဖျော့ညပိရောင်းချကြတာပါ။သူတို့ထုံးစံပါ။သူတို့ဆီမယ်လျှာခွာနာတွေဖြစ်လျှင်အမဲက်ြအကောင်ထောင်ချီသတ်ဖြတ်ပစ်ရတော့။နောက်အသစ်အတွက်မှိအောင်အအေးခန်းကြီးတေါမယ်၃။၎လထားပြိးမျာတသုတ်ပြီးတသုတ်ထုတ်ရောင်းတာပါ။ဒါောကာင်တချို့အစတွေကိုချက်ရတာဝပ်ရည်ချက်နည်းနဲ့ဆိုအလွန်အဆင်ပြေပါတယ်လို့ညေပာပါရစေ။ MR NATSHIN NAUNG.LONDON.UK
  220. Hi admin, i’ve been reading your website for some time and I really like coming
    back here. I can see that you probably don’t make money on your page.
    I know one cool method of earning money, I think you will like it.
    Search google for: dracko’s tricks
  221. Hi, I do believe this is a great blog. I stumbledupon it
    😉 I may come back yet again since I bookmarked it. Money andd freedom is the gresatest way to change,
    may you be riich and continue to guide others.
  222. Ei says:
    please advise how to cook weight loss meal too.
  223. Nang says:
    ဟင်းချက်နည်းတွေ email ထဲ ပို့ပေးပါဦးနော်
Leave a Reply
Your email address will not be published. Required fields are marked *